images
UN
UN
လူမိုက် ၁ဝ မျိုး
မောင်သန်းဆွေ(ထားဝယ်) Tuesday, 11 June 2019
လူမိုက် ၁ဝ မျိုး ရှိကြောင်းကို ရှင် မဟာရဋ္ဌသာရကျော် သီကုံးစပ်ဆိုတော် မူသည့် ဘူရိဒတ်လင်္ကာကြီးတွင် -
'ရန်းကားရန်းကိုး ရန်စပျိုး၍ အမျိုး မေးတောင်း သမင်ရောင်းနှင့် ဆေးပေါင်း ပဲဝယ် ရေဆယ်မီးယူ ဝန်ကူပုန်းစလုတ် သစ်ခုတ်ယောက်ျား မုန့်ဆန်းစားနှင့် ဆယ်ပါးလူမိုက် လူတို့၌တွင်' ဟု ရှိလေ သည်။
ဆိုလိုရင်းမှာ လူမိုက်ကြီး ၁ဝ မျိုး သို့မဟုတ် ၁ဝယောက်ဟူ၍ ရှိသည်။ ထို လူမိုက် ၁ဝယောက်တို့ကား -
၁။ အမျိုးမေးမှားသော လူမိုက်
၂။ သမင်ရောင်းမှားသော လူမိုက်
၃။ ဆေးအပေါင်းမှားသော လူမိုက်
၎။ ပဲအဝယ်မှားသော လူမိုက်
၅။ ရေနစ်သူကို ဆယ်ယူခြင်းမှား သော လူမိုက်
၆။ မီးယူ မီးကိုသယ်ယူခြင်းမှားသော လူမိုက်
၇။ ဝန်ထုပ်ကို အကူအညီမှားသော လူမိုက်
၈။ ပုန်းတမ်းကစားသော လူမိုက်
၉။ သစ်ခုတ်ရာတွင် သစ်ထမ်း မှား သော လူမိုက်
၁ဝ။ မုန့်ဆန်းစား မှားသော လူမိုက်
တို့ ဖြစ်လေသည်။
၁။ အမျိုးမေးမှားသော လူမိုက် ဟူ သည်ကား ရှေးသရောအခါ အမျိုးသမီး ကြီးတစ်ယောက်နှင့်အမျိုးသမီးငယ်တစ် ယောက်တို့အတူတကွနေထိုင်ကြသည်ကို မြင်သော ယောက်ျားတစ်ယောက်သည် ''သည်လုံမ နှစ်ယောက်တို့မှာ မည်ကဲ့သို့ ဆွေမျိုးသားချင်းတော်စပ်ကြပါသနည်း'' ဟု မေးမြန်းလျှင် အမျိုးသမီးကြီးက ''လုံမငယ်၏ ဦးရီးက ကျွန်မ၏ဦးရီးကို ဦးရီး တော်ပါသည်''ဟု အဖြေပေးလေ ၏။ ထိုသို့ ပေးသောအဖြေကို မေးသော ယောက်ျားမှာ သူမိုက်ဖြစ်၍ သို့မဟုတ် သူမိုက်ဖြစ်နေသည့်အတွက် လုံမ နှစ် ယောက်တို့၏ မည်ကဲ့သို့သော ဆွေမျိုး တော်စပ်ကြကြောင်းကို ရှင်းလင်း၍ မရ နိုင်ဘဲ ရှုပ်ထွေး ပွေလီ၍သာသွားလေ တော့သည်။ စင်စစ်အားဖြင့် အမျိုးသမီး နှစ်ယောက်ကား သားအမိသော် လည်း ကောင်း၊ တူဝရီးသော်လည်းကောင်း တော်စပ်ကြရပေမည်။
၂။ သမင်ရောင်း မှားသော လူမိုက် ဟူ သည်ကား ရှေးသရောအခါ မုဆိုးတစ် ယောက်သည်တောမှသမင်ကြီးတစ်ကောင် နှင့် သမင်ငယ်တစ်ကောင်တို့ကို ဆောင် ယူလာပြီးလျှင် ဈေး၌ချ၍ရောင်းချလေရာ ဝယ်လိုသောသူ တစ်ယောက်က ''သမင် များကို မည်မျှသော အဖိုးနှုန်းနှင့် ရောင်း မည်နည်း''ဟုမေးလေ၏။

ထိုအခါ မုဆိုး က ''သမင်ကြီးမှာ နှစ်သပြာ၊ သမင် ကလေးမှာ တစ်သပြာ''ဟု ရောင်းဈေး ပြောသဖြင့် အဝယ်ယောက်ျားလည်း သမင်ကလေးကိုတစ်သပြာနှင့်ပေး၍ဝယ် သွားပြီးလျှင် အိမ်မှာထားခဲ့၍ မုဆိုးထံ လာရောက်ကာ သမင်ကြီးကိုယူမည်။သင် ပြောသော အဖိုးနှုန်းအတိုင်း နှစ်သပြာ ဖြစ်ရာ စောစောက တစ်သပြာပေးပြီး ဖြစ်သဖြင့် ယခုတစ်သပြာအားဖြင့် ပေါင်း နှစ်သပြာဟု ဆိုကာပေး၍ သမင်ကြီးကို ယူသွားလေတော့၏။မုဆိုးလည်း လူမိုက် ဖြစ်သောကြောင့် တစ်သပြာနစ်နာလျက် နှင့်ပင် ကျန်ရစ်လေခဲ့တော့သတည်း။
၃။ ဆေးပေါင်းမှားသောလူမိုက် ဟူသည် ကား ရှေးအခါက ဆေးဖော်နည်းကား ဆေးသမားတစ်ယောက်သည် ရောဂါ အတွက် ကုသရန် ဆေးနည်းတစ်နည်း ကိုရရှိသည်မှာ ရှားစောင်းတစ်စက် ပျား ရည်တလဖက်၊ ပျားရည်တလဖက်ဟူ သည် နောင်အခါ လူနာအတွက် ဆေး ဖော်စပ်သောအခါ၌ကား ရှားစောင်း တစ် စက်ကို ရှားစောင်းတလဖက်၊ ပျားရည် တလဖက်ကို ပျားရည် တစ်စက်ဖြင့် ရော ပေါင်းဖော်လေ၍ လူနာအား ဆေးသမား လူမိုက်က တိုက်လေရာ လူနာမှာ ဆေး အတွက် ပူပြင်းလာသောဒဏ်ဖြင့် အသက် သေဆုံးခြင်းသို့ ရောက်ရှိလေတော့၏။
၎။ ပဲအဝယ်မှားသော လူမိုက်ဆိုသည် ကား ရှေးအခါက ပဲပြုတ်ရောင်းလိုသော သူတစ်ယောက်သည် အခြားဒေသမှ ပဲ ကိုသွား၍ဝယ်လေရာအခြောက်ဖြစ်သော ပဲကိုကားမဝယ်ဘဲ အစိုဖြစ်သော ပဲတို့ကို သာ ဝယ်ယူလာသဖြင့် ထမ်းယူရာ၌ အစိုဖြစ်သောပဲတို့၏ လေးလံခြင်းတို့ကို ကြုံတွေ့ရလေသောကြောင့် စင်စစ်အား ဖြင့် လူမိုက်သာလျှင်ဖြစ်တော့သတည်း။
၅။ ရေနစ်သူကို ဆယ်ယူခြင်းမှားသော လူမိုက် ဟူသည်ကား များသောအားဖြင့် ရေကူးအတတ်၌ မကျွမ်းကျင်သော သူတို့ သည် ရေတွင်အတင့်ရဲ၍ ကျူးလွန်ပျော် ပါးပါမူကား ရေနစ်မြုပ်တတ်၏။ ထိုသို့ ရေနစ်မြုပ်ရာ၌ ဘေးပန်းမှ ရှိသောသူက ဖြစ်စေ၊ အနီးအပါးကဖြစ်သော ကုန်းပေါ် မှသူကဖြစ်စေ၊ ရှည်လျားသော ဝါးတန်း ကိုလည်းကောင်း၊ကြိုးစကိုလည်းကောင်း ကမ်းလှမ်း၍ ပေးရာ၏။ ထိုသို့မပြုမူဘဲ ရေနစ်သူအနီးသို့ ပူးကပ်၍ ကြပ်မတ် ဆယ်ယူမည်ဆိုပါလျှင် ရေနစ်သူက ကယောင်ကတမ်းကြောက်အား ကြီးစွာ ဖြင့် ဆယ်ယူမည့်သူအား ဖက်သည်ရှိ သော် ဆယ်ယူမည့်သူပင်လျှင် ရေနစ်၍ အသက်ဆုံးရှုံးတတ်၏။ထို့ကြောင့် ရေနစ် သူအားအဝေးမှမကူညီဘဲ ပူးကပ်၍ အနီး မှ ကူညီသောသူပင်လျှင် လူမိုက်တစ်ဦး အပါအဝင်ဖြစ်ပေတော့၏။
၆။ မီးကို သယ်ယူခြင်းမှားသော လူ မိုက်ဟူသည်ကား၊ ရှေးသရောအခါချမ်း လှသော ဆောင်းတွင်းနံနက်ခင်းအချိန် တွင် လူမိုက်တစ်ယောက်သည် မီးလှုံ လိုသဖြင့် မီးမွှေးရန်အတွက် အခြားမှမီး ကူးယူ၍ ရရှိသောမီးခဲကို တစ်ခုခုဖြင့် ညှပ်ကိုင်၍မယူဘဲ မိမိပုဆိုးဖြင့်သာ ထုပ် ၍ယူလာသောကြောင့် ပုဆိုးကိုမီးစွဲ၍ လောင်ရုံသာမက သူ၏အသားရေကို ပင် လျှင် လောင်ကျွမ်း၍ပြင်းထန်သော ဒဏ် ရာရရှိလေ၏။ ထို့ကြောင့်မီးယူပုံမှားလှသ ဖြင့် ထိုလူအား လူမိုက်ဟူ၍ ခေါ်ဝေါ် သမုတ်အပ်ပေ၏။
၇။ ဝန်ထုပ်ကို အကူအညီမှားသော လူမိုက် ဟူသည်ကား ရှေးသရောအခါ လေးလံသော ကုန်ပစ္စည်းတို့ကိုထုပ်ပိုး၍ ဦးခေါင်းဖြင့်ရွက်လာသော အမျိုးသမီး တစ်ယောက်မှာ အလွန်ပင်ပန်းလေးလံ သောကြောင့် အနီးအပါးရှိ လူမိုက်တစ် ယောက်အား ဝန်ထုပ်ကိုကူချရန် တောင်း ပန်သဖြင့်လူမိုက်သည် ဝန်ထုပ်ရှင်မိန်းမ နှင့် ညီမျှသော မြေပြင်မှမကူညီဘဲ နိမ့်ရာ အရပ်မှနေ၍ ကူညီလေရာ ပင်ပန်းနွမ်း နယ်၍ ဝန်လေးလှပြီဖြစ်သော ဝန်ထုပ် ရှင်မိန်းမသည် ဝန်ထုပ်ကို ပစ်ချလိုက် သဖြင့် ကူညီသော လူမိုက်၏ ဦးခေါင်း ပေါ်သို့ အရှိန်ပြင်းထန်စွာ ကျလာသော ကြောင့် ဝန်ထုပ်ကြောင့် အသက်သေဆုံး ခြင်းသို့ ရောက်ရလေတော့သတည်း။
၈။ ပုန်းတမ်းကစားသော လူမိုက်ဟူ သည်ကား ရှေးအခါက သူငယ်တို့သည် တူတူပုန်းတမ်းကစားသော အလေ့အထ ရှိခဲ့ကြလေ၏။ ထိုသို့ကစားရာ၌ အချို့ သော သူငယ်တို့သည် အမှိုက်၊ သရိုက်၊ ဆူးငြောင့်၊ ခလုတ်၊ တွင်းကျင်း သန့်ရှင်း ရာနေရာဌာနများ၌ ပုန်းတမ်းမကစားကြ ဘဲ အမှိုက်၊ သရိုက်ထူထပ်၍ ကျင်း၊ ချုံနွယ်ထူထပ်သော ဌာန၌ ကစားတတ် ကြ၏။ ထိုသို့ကစားသဖြင့်လည်း ချုံနွယ်၊ တွင်းကျင်း မသန့်ရှင်းသော နေရာတို့မှြေ>ွမသတ္တဝါတို့ထွက်၍ ပေါက်သတ်သော ကြောင့် လူမိုက်တို့ဖြစ်၍ သူငယ်တို့မှာ အကျိုးမဲ့အသက်ဆုံးရှုံးခြင်းခံရပေတော့၏။
၉။ သစ်ခုတ်ရာတွင် သစ်ထမ်းမှားသော လူမိုက်ဟူသည်ကား ရှေးအခါက အိမ် ရာဆောက်ရန်အလို့ငှာ တောထဲတွင် သစ်ကိုခုတ်သောသူတို့သည် မိမိတို့ကြိုက် နှစ်သက်ရာသစ်ပင်အား အရင်းမှ ဓား၊ ပုဆိန်တို့ဖြင့် ခုတ်ဖြတ်လေရာ သစ်ပင်လဲ ကာအနီး၌ မလဲမီ လွတ်ကင်းရာ လေညာ ဘက်မှမနေဘဲ သစ်ပင်ပြိုမည့်ဘက်မှ နေမိလေရာ သစ်ပင်ပိ၍ သေဆုံးခြင်းသို့ ရောက်ရှိလေတော့၏။
၁ဝ။ မုန့်ဆန်းစားမှားသော လူမိုက် ဟူသည်ကား ရှေးအခါက ယောက္ခမနှင့် သမက်နှစ်ဦးတို့ရှိကြရာ သမက်ဖြစ်သူ သည် လယ်တောသို့သွားပြီးလျှင် လယ် ထွန် နားနေသောအခါ ပလုတ်ပလောင်း ဖြင့် မုန့်ဆန်းများကို အားရပါးရစွာစား၍ နေလေသည်။ ထိုအခါယောက္ခမလုပ်သူ သည် သမက်ဖြစ်သူထံသို့ ရုတ်တရက် ရောက် ရှိလာလေရာ မုန့်ဆန်းများကို ရုတ်တရက် မျို၍မကျနိုင်လေသဖြင့် သားမက်ဖြစ်သူ၏ ပါးနှစ်ဖက်တို့မှာ ဖု ဖောင်း၍နေသည်ကို ယောက္ခမဖြစ်သူက မြင်လေရာ ''မင်းပါးနှစ်ဖက် ဘာများ ဖြစ်နေသတုန်း လူကလေး''ဟု ယောက္ခမ မေးသည်ကို ရှက်လှနိုးသော သမက် သည် ပါးယောင်သည်ဟု အဖြေပေး သဖြင့် ပါးယောင်လျှင် ဆူးထိုးရမည်ဟု ယောက္ခမဆိုသည်ကို သမက်က ဆူးထိုး ခံသဖြင့် ဆူးထိုးရာ ပါးပေါက်မှ မုန့်ဆန်း များ ထွက်လာသည်ကို ယောက္ခမမြင်ရာ ''သြော်-တယ်မိုက်တဲ့ အကောင်ပါ လား''ဟု ပြောဆိုခြင်းကို ခံရတော့၏။
ဖော်ပြခဲ့သော လူမိုက်ဆယ်မျိုးကိုမှီ ၍ ကဝိလက္ခဏာသတ်ပုံကျမ်းတွင်လည်း မီးယူ-သစ်ခုတ်၊ ပန်းစလုတ်၊ ပဲပြုတ် ထမ်းချီချီ ဟူ၍ စိန္တကျော်သူ ဦးသြစပ် ဆိုခဲ့သည်။
ဖော်ပြပါ လူမိုက်ဆယ်မျိုးတို့မှာ တစ်သီးတစ်ခြားလူမိုက်များဖြစ်၍ များစွာ သောလူတို့အား အကျိုးယုတ်လျော့အောင် ပြုတတ်ခြင်းမရှိနိုင်ကြသော်လည်း ထို လူမိုက်များကဲ့သို့ ပညာရှိသူတော်ကောင်း တို့၏ ရယ်ဖွယ်ဖြစ်လောက်သော မိုက်မဲ ခြင်းမျိုးဖြစ်ရာမသင့်ပေကြောင်း ရေးသား လိုက်ရပါသည်။