images
UN
UN
မြောက်ကိုရီးယားတွင်လူပုံအလယ်သေဒဏ်ပေးကွပ်မျက်သည့်နေရာပေါင်း၃ဝဝကျော်ရှိဟုဆို
KK(IR) Tuesday, 11 June 2019
တောင်ကိုရီးယား NGO တစ်ခုက၄င်းသည်မြောက်ကိုရီးယား တွင် အစိုးရမှ လူပုံအလယ်တွင် သေဒဏ်ပေးကွပ်မျက်ရာ၌ အသုံး ပြုသည့်နေရာပေါင်း ၃၁၈ နေရာ ကို ရှာဖွေတွေ့ရှိဖော်ထုတ်နိုင်ခဲ့ သည်ဟု ပြောကြားလိုက်ကြောင်း သိရသည်။
Transitional Justice Working Group အဖွဲ့က၄င်း အစီရင် ခံစာအတွက်မြောက်ကိုရီးယားပြည် ပြေး ၆၁ဝ တို့ကို လေးနှစ်ကျော် ကြာလူတွေ့မေးမြန်းခဲ့ခြင်းဖြစ်သည်။ ၄င်းအစီရင်ခံစာတွင် နွားခိုးမှုမှ စတင်ကာ တောင်ကိုရီးယားရုပ်သံ အစီအစဉ်ကြည့်ရှုသည်အထိပြစ်ဒဏ် များအတွက် ဆယ်စုနှစ်ပေါင်းများ စွာသေဒဏ်ပေးစီရင်မှုများကို မှတ် တမ်းတင်ထားခြင်းဖြစ်သည်။ လူပုံ အလယ်တွင် သေဒဏ်ပေးကွပ် မျက်မှုများကိုမြစ်များ၊ လယ်ကွင်း များ၊ဈေးများ၊ကျောင်းများနှင့် အား ကစားကွင်းများအနီးတွင် ပြုလုပ် ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ လူ့ အခွင့်အရေးလှုပ်ရှားသည့်အဖွဲ့က ဖော်ပြထားသည်။ ယင်းကဲ့သို့ သော သေဒဏ်ပေးကွပ်မျက်မှုများ ကို လူပေါင်း ၁ဝဝဝ သို့မဟုတ် ၄င်းထက်ပိုများသည့် လူအုပ်ကြီး က စုဝေးကြည့်ရှုကြဖွယ်ရှိသည် ဟုလည်း အဆိုပါ NGO အဖွဲ့၏ သေဆုံးခြင်းကြမ္မာမြေပုံညွှန်းဆို ခြင်း ("Mapping the fate of the dead") ဟုအမည်ပေးထားသည့် အစီရင်ခံစာတွင်ဖော်ပြထားသည်။ သေဒဏ်ပေးခံရသူများ၏ ကလေး ငယ်များအပါအဝင် မိသားစုဝင် များကိုလည်း သေဒဏ်ပေးစီရင် မှုကို အတင်းအကျပ်ကြည့်ရှုခိုင်း လေ့ရှိသည်ဟုလည်း အစီရင်ခံ စာ တွင် စွပ်စွဲဖော်ပြထားသည်။ သေ ဆုံးသူများ၏ရုပ်အလောင်းများနှင့် မြေမြုပ်သဲင်္ဂြိုဟ်သည့်နေရာများကို လည်း မိသားစုဆွေမျိုးများအား အသိ ပေးလေ့မရှိဟုသိရသည်။ အချို့ သောလူပုံအလယ်သေဒဏ်ပေးကွပ် မျက်မှုများကိုမူအကျဉ်းထောင်များ နှင့်နိုင်ငံရေးရာဇဝတ်မှုကျူးလွန်သူ များကိုသတ္တုတူးဖော်ရေးနှင့် သစ် ထုတ်စခန်းကဲ့သို့သောနေရာများတွင် ပင်ပန်းဆင်းရဲစွာ အတင်းအကျပ် စေခိုင်းသည့်အလုပ်သမားစခန်း များကဲ့သို့သောချုပ်နှောင်ထားသည့် နေရာများထဲတွင်လည်း ဆောင် ရွက်သည်ဟု သိရသည်။
Ref: