images
UN
UN
တိုက်ပွဲများပိုမိုပြင်းထန်လာပါက ဆီးရီးယားနိုင်ငံသား နှစ်သန်းကျော် တူရကီသို့ထွက်ပြေးဖွယ်ရှိဟု ကုလပြောကြား
KK(IR) Tuesday, 11 June 2019
ဆီးရီးယားနိုင်ငံအနောက်မြောက်ပိုင်းတွင် ရန်ပုံငွေများ လည် ပတ်မှုသည်လည်းဆိုးရွားစွာနိမ့်ကျလာပြီဖြစ်ရာ တိုက်ပွဲဖြစ်ပွားနေမှု အရှိန်အဟုန်များ ပိုမိုပြင်းထန်လာမည်ဆိုပါက ဆီးရီးယားနိုင်ငံသား နှစ်သန်းကျော်သည် တူရကီသို့ထွက်ပြေးနိုင်ဖွယ်ရှိသည်ဟု ကုလ သမဂ္ဂအဖွဲ့(UN)က ယမန်နေ့တွင် သတိပေးပြောကြားလိုက်ကြောင်း သိရသည်။ ရုရှားမှကျောထောက်နောက်ခံပြုထားသည့် ဆီးရီးယား စစ်တပ်သည်အတိုက်အခံအဖွဲ့၏နောက်ဆုံးခံတပ်စခန်းကိုလေကြောင်း နှင့်မြေပြင်တိုက်ခိုက်မှုများကိုပြင်းထန်စွာ ထိုးစစ်ဆင်ဆောင်ရွက်နေ လျက်ရှိခြင်းကြောင့် လူပေါင်းသောင်းနှင့်ချီကာ ၄င်းတို့၏နေအိမ် များကိုစွန့်ခွာထွက်ပြေးခဲ့ရသည်။ တိုက်ပွဲဖြစ်ပွားနေမှု အခြေအနေ သည် ဆိုးရွားယိုယွင်းလာနေလျက်ရှိပြီး တိုက်ပွဲဖြစ်ပွားမှု အရှိန်အဟုန် လျှော့ချရန် ရုရှားနှင့်တူရကီအကြားတွင် သဘောတူညီထားမှုသည် လည်းဆက်လက်တည်ရှိနိုင်ဖွယ်မရှိတော့ဟုဆီးရီးယားအကျပ်အတည်း အတွက် ကုလသမဂ္ဂ၏ ဒေသဆိုင်ရာလူသားချင်းစာနာမှု ညှိနှိုင်း ဆောင်ရွက်ရေးမှူး Panos Moumtzis ကပြောကြား သည်။ ၄င်း၏ အဖွဲ့သည် ၂ဝ၁၉ ခုနှစ်အတွင်းဆီးရီးယားတွင် လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာလုပ်ငန်းများဆောင်ရွက်ရန်အတွက် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၃ ဒသမ ၃ ဘီလီယံ တောင်းခံခဲ့သော်လည်း ယခုချိန်အထိဒေါ်လာသန်း ၅ဝဝ သာရရှိသည်ဟုလည်း၎င်းက ပြော ကြားသည်။ ဆီးရီးယားနိုင်ငံသည် ၂ဝ၁၁ခုနှစ်အစောပိုင်းကတည်းက ပြည်တွင်းစစ်အတွင်းပိတ်မိနေခဲ့ခြင်းဖြစ်ပြီး ¤င်း စစ် ကြောင့်လူပေါင်း ၅၆ဝဝဝဝ ကျော်သေဆုံးခဲ့ရသည်။
Ref: Middle East Monitor