images
UN
UN
တာမွေမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရပြည့်အစားအစာများ ထောက်ပံ့ပေးအပ်ပွဲကျင်းပ
နိုင်လင်းအောင်(တာမွေ) Tuesday, 11 June 2019
ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း မှစီစဉ်ကျင်းပသော ကိုယ်ဝန်ဆောင်မိခင်များအတွက် အာဟာရပြည့် အစားအစာများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၈နာရီက ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် ကျိုက္ကဆံလမ်းနှင့် သမာဓိလမ်းထောင့်ရှိ မြို့နယ်မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်း သားဖွားခန်းတွင်ကျင်းပခဲ့ရာ မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များအား တိုင်း/ခရိုင်/မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌတို့က အာဟာရပြည့်အစား အစာများ ထောက်ပံ့ပေးအပ်ခဲ့သည်။
အခမ်းအနားသို့ တိုင်း/ခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်းဥက္ကဋ္ဌများနှင့်အသင်းဝင်များ၊မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများ၊ မြို့နယ် အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များ စုစုပေါင်း၄၂ ဦး တက်ရောက်ခဲ့ ကြကြောင်း သိရသည်။