images
UN
UN
ဝန်ကြီးချုပ်ဟောင်းများကြောင့် ဖြစ်ပေါ်လာသည့်သဘောထားကွဲလွဲမှုများကို အဆုံးသတ်ပေးမည်ဟု ထိုင်းဝန်ကြီးချုပ်သစ်ပြောကြား
Tuesday, 11 June 2019
ထိုင်းဝန်ကြီးချုပ်သစ်အဖြစ် ရွေးချယ်တင် မြှောက်ခံရသော ပရာယွတ်ချန်အိုချာက ဝန် ကြီးချုပ်ဟောင်းများကြောင့် ဖြစ်ပေါ်လာ သည့် သဘောထားကွဲလွဲမှုများကို အဆုံးသတ် ပေးမည်ဟု ပြောကြားခဲ့ကြောင်း ရိုက်တာ သတင်းဌာနက ဖော်ပြသည်။
ပရာယွတ်ချန်အိုချာအား လွှတ်တော်နှစ်ရပ် က ဝန်ကြီးချုပ်သစ်အဖြစ် ရွေးချယ်ခဲ့ပြီးနောက် တွင် ထိုင်းဘုရင်မဟာဗာဂျီယာလောင်ကွန်း ကလည်း ဝန်ကြီးချုပ်အဖြစ် အသိအမှတ်ပြုခဲ့ သောကြောင့် အစိုးရသစ်ဖွဲ့စည်းရန် ပြင်ဆင် နေပြီဖြစ်သည်။ ၂ဝ၁၄ ခုနှစ်က ထိုင်းစစ်တပ် ၏ အာဏာသိမ်းမှုကို ဦးဆောင်ခဲ့သော ဗိုလ် ချုပ်ကြီးဟောင်းတစ်ဦးဖြစ်သည့် ပရာယွတ် ချန်အိုချာသည် ထိုင်းအခြေခံဥပဒေသစ်အား ပြန်လည်ရွေးဆွဲနေသည့်ကာလအတွင်း၌ နိုင်ငံ အား တည်ငြိမ်အောင်ဦးဆောင်နိုင်ခဲ့သူလည်း ဖြစ်သည်။ ပရာယွတ်ချန်အိုချာက ''ကျွန် တော်တို့နိုင်ငံဟာ ပြီးခဲ့တဲ့နှစ်ပိုင်းတွေအတွင်း မှာ ဝန်ကြီးချုပ်ဟောင်းတွေဖြစ်တဲ့ ရှင်နာဝပ် ထရာမိသားစုကို ထောက်ခံတဲ့သူနဲ့ ဆန့်ကျင် တဲ့သူတွေကြောင့် မလိုလားအပ်တဲ့အကျိုးဆက် တွေကို ရင်ဆိုင်ခဲ့ရပါတယ်။ အဲဒီအရာတွေ ဟာ နိုင်ငံနဲ့ပြည်သူအတွက် ကောင်းကျိုးမရှိ ခဲ့ပါဘူး။ သဘောထားကွဲလွဲမှုတွေကြောင့် ဖြစ်လာရတဲ့အကျိုးဆက်တွေကို ထပ်ပြီးမကြုံ ဖို့အတွက် သဘောထားကွဲလွဲမှုတွေကို အဆုံး သတ်နိုင်အောင် ကြိုးစားမှာဖြစ်ပါတယ်''ဟု ပြောသည်။ NG(Ref; Reuters)