images
UN
UN
အမေရိကန်မေဂျာလိဂ်ပြိုင်ပွဲတွင် ဒီရော့ဆီပါဝင်ကစားမည်
Tuesday, 11 June 2019
ရိုးမားကွင်းလယ်ကစားသမား ဟောင်း ဒီရော့ဆီသည် အမေရိ ကန်မေဂျာလိဂ်ကလပ် လော့စ် အိန်ဂျလိစ်အသင်းနှင့် သဘောတူ ညီချက်ရရှိခဲ့ပြီဖြစ်ကြောင်း သိရ သည်။ ဒီရော့ဆီသည် ပြီးခဲ့သော ဘောလုံးရာသီအကုန်တွင် ရိုးမားမှ ထွက်ခွာခဲ့သူဖြစ်သည်။ ၄င်းကို အာဂျင်တီးနားကလပ် ဘိုကာဂျူ နီယာက ခေါ်ယူရန်ချိတ်ဆက်ခဲ့ သော်လည်း မေဂျာလိဂ်သို့ပြောင်း ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
လော့စ်အိန်ဂျလိစ်အသင်းသည် ပြီးခဲ့သော ၂ဝ၁၄ ခုနှစ်တွင် မေဂျာ လိဂ်ပြိုင်ပွဲ၌ စတင်ပါဝင်လာသော အသင်းဖြစ်၍ သက်တမ်းအနည်း ငယ်သာရှိသေးသည်။ သို့သော် ပြီးခဲ့သော ဘောလုံးရာသီတွင် အဆင့် ၅ နေရာ၌ ရပ်တည်နိုင်ခဲ့ သည်။ အဆိုပါအသင်း၌ အာဆင် နယ်ကစားသမားဟောင်း ကားလို့စ် ဗီလာလည်း ပါဝင်ကစားလျက်ရှိ သည်။ Ref ;Footballitalia