images
UN
UN
ဒီဂီယာ၏စပိန်လက်ရွေးစင်အနာဂတ် အပြီးသတ်ခြင်းမရှိသေး
Tuesday, 11 June 2019

စပိန်လက်ထောက်နည်းပြ မိုရီနိုက ဂိုးသမားဒီဂီယာ၏လက် ရွေးစင်အသင်းအနာဂတ်မှာ အပြီး သတ်သွားခြင်းမရှိသေးဟု ရှင်း လင်းပြောကြားခဲ့သည်။ ဒီဂီယာ သည် ဆွီဒင်နှင့်ယှဉ်ပြိုင်ကစားခဲ့ သော ယူရိုခြေစစ်ပွဲတွင် စပိန်၏ ပွဲထွက်စာရင်းမှ ချန်လှပ်ခံခဲ့ရသည်။ ထို့ကြောင့် စပိန်၏နောက်ဆုံးသုံး ပွဲစလုံးတွင် ဒီဂီယာသည် အရန် ဂိုးသမားအဖြစ်သာ ပါဝင်ခွင့်ရခဲ့ ခြင်းလည်းဖြစ်သည်။
သို့သော် မိုရီနိုက ''ဒီဂီယာရဲ့ စပိန်လက်ရွေးစင်အနာဂတ်ဟာ အဆုံးသတ်သွားပြီလို့ ကျွန်တော် တို့မထင်ပါဘူး။ ဂိုးသမားကက်ပါ ကို ဦးစားပေးရွေးချယ်တာက လက်ရှိကာလမှာ သူက ကျွန်တော် တို့အတွက် ပိုပြီးသင့်တော်တယ် လို့ ဆုံးဖြတ်ခဲ့လို့ပါပဲ။ အသင်းမှာ ပွဲထွက်ခွင့်အတွက် ပြိုင်ဆိုင်ရတာ ကလည်း ကောင်းတဲ့အချက်ပါ'' ဟုပြောသည်။ စပိန်မှချန်လှပ်ခံရ၍ အသင်းပြောင်းရန် ဒီဂီယာ ပိုမိုစဉ်း စားလာဖွယ်ရှိသည်။ Ref ;AS