images
UN
UN
သီရိလင်္ကာသို့သွားရန် မကာအိုအသင်း ငြင်းဆန်ခဲ့
Tuesday, 11 June 2019
မကာအိုဘောလုံးအဖွဲ့ချုပ်သည် သီရိလင်္ကာနိုင်ငံသို့သွားရောက် ကာ ကမ္ဘာ့ဖလားခြေစစ်ပွဲယှဉ်ပြိုင်ရန် ငြင်းဆန်ခဲ့ကြောင်း အာရှ ဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ခဲ့သည်။ ကမ္ဘာ့ဖလားခြေစစ် ပွဲအဖြစ် ယနေ့တွင် ယှဉ်ပြိုင်ရသည့်ပွဲစဉ်အတွက် မကာအိုဘောလုံး အဖွဲ့ချုပ်က သွားရောက်ရန်ငြင်းဆန်ခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သော ဧပြီ ၂၁ ရက်က သီရိလင်္ကာနိုင်ငံတွင် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပေါ်ခဲ့သောကြောင့် လုံခြုံရေးဆိုင်ရာစိုးရိမ်မှုဖြင့် ငြင်းဆန်ခဲ့ ခြင်းဖြစ်ကြောင်းလည်း အာရှဘောလုံးအဖွဲ့ချုပ်က ရှင်းလင်းခဲ့သည်။ သို့သော် အဆိုပါပွဲစဉ်ကို ပြန်လည်ယှဉ်ပြိုင်မည့်အစီအစဉ်အတွက် သတင်းမထုတ်ပြန်သေးပေ။ Ref ;AP