images
UN
UN
ဆာရီ၏နေရာတွင်အစားထိုးမည့် လျာထားနည်းပြစာရင်းထွက်ပေါ်လာ
Tuesday, 11 June 2019
ချဲလ်ဆီးသည် ထွက်ခွာခွင့်ပေးလိုက်ပြီဖြစ်သော နည်းပြဆာရီ၏နေရာတွင် အစားထိုးရန် နည်းပြ ခြောက်ဦးကို လျာထားလျက်ရှိနေကြောင်းသိရ သည်။ ဆာရီသည် လာမည့်ရက်အနည်းငယ်အတွင်း ဂျူဗင်တပ်နည်းပြအဖြစ် တရားဝင်ကြေညာခြင်း ခံရတော့မည့်သူလည်းဖြစ်သည်။ လက်ရှိတွင် ဆာရီ ၏နေရာတွင် အစားထိုးရန်အတွက် လက်ထောက် နည်းပြဇိုလာကို တာဝန်ပေးရန် ချဲလ်ဆီးကစားသမား ဟောင်းများက တိုက်တွန်းလျက်ရှိသော်လည်း ချဲလ် ဆီးက အခြားနည်းပြတစ်ဦးကိုသာခေါ်ယူရန် ပိုမို စိတ်အားထက်သန်နေသည်ဟုသိရသည်။
ဒါဘီအသင်းကိုကိုင်တွယ်နေသော လမ်းပတ် သည် ရာသီမကုန်ဆုံးမီကတည်းက ချဲလ်ဆီးနည်းပြ ဖြစ်လာလိမ့်မည်ဟု ရေပန်းစားခဲ့သော်လည်း လက်ရှိ တွင် ဂျူဗင်တပ်နည်းပြအလီဂရီ၊ အေဂျက်နည်းပြ အီရစ်တန်၊ ဝုဗ်နည်းပြနူနိုဆန်တိုနှင့် ဝက်ဖို့ဒ်နည်းပြ ဂါဆီယာ၊ အင်္ဂလန်လက်ထောက်နည်းပြ စတိဗ် ဟော်လန်နှင့် နယူးကာဆယ်နည်းပြဘင်နီတက်ဇ်တို့ လည်း လျာထားစာရင်းတွင်ပါဝင်နေသည်ဟု ထပ်မံ သတင်းထွက်လာခဲ့ခြင်းဖြစ်သည်။ ချဲလ်ဆီးသည် ယခုအပြောင်းအရွှေ့ကာလတွင် ကစားသမားခေါ် ယူခွင့်ပိတ်ပင်ခံထားရသောကြောင့် လက်ရှိကစား သမားများနှင့် လာမည့်ရာသီအတွက် အစီအစဉ် ချမှတ်နိုင်သည့်နည်းပြကိုသာ တာဝန်ပေးအပ်ရမည့် အခြေအနေဖြစ်သည်။ Ref ;Telegraph