images
UN
UN
ယနေ့ တိုင်းပြည်မှာဖြစ်နေတဲ့ကိစ္စတွေကို ရဲရဲဝံ့ဝံ့လုပ်ပါ မှန်မှန်ကန်ကန်ရေးပါ မဟုတ်မတရားရေးဖို့ မတောင်းဆိုပါဘူး အစိုးရကို အကြံပြုစရာတွေကို တစ်ဦးတစ်ယောက်တည်း မဟုတ်ဘဲနဲ့ နိုင်ငံရေးပါတီတွေက နိုင်ငံသားတွေကိုယ်စား အကြံပြုတင်ပြနေတာဖြစ်တယ်
နေပြည်တော်သတင်းအဖွဲ့ Tuesday, 11 June 2019
နေပြည်တော် ဇွန် ၁၁
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအပါအဝင် နိုင်ငံရေးပါတီ ၂၄ ပါတီက မေ ၃ဝ ရက်တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်ထံသို့ အိတ်ဖွင့်ပေးစာပေးပို့ခဲ့ခြင်းနှင့်စပ်လျဉ်း၍ ယခုလ ၅ ရက် မွန်းလွဲ ၂ နာရီက နေပြည်တော်ရှိ ရတနာသိင်္ဃဟိုတယ်၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် နိုင်ငံရေးပါတီနှစ်ခုတို့က နိုင်ငံရေးပါတီ ၂၄ ပါတီကိုယ်စား ပြည်တွင်းပြည်ပသတင်းမီဒီယာ များသို့ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ပြုလုပ်ခဲ့ပြီး ယင်းသတင်းစာရှင်းလင်းပွဲအပြီးတွင် တက်ရောက်လာကြသည့် မီဒီယာများ၏ မေးမြန်းချက်များနှင့် သက်ဆိုင်ရာပါတီ တာဝန်ရှိသူများ၏ ဖြေကြားချက် များကို ဖော်ပြအပ်ပါသည်။

Bullet ဦးလှဆွေ
* ရွေးကောက်ပွဲ ကော်မရှင်ဟာ ဘက် လိုက်မှုရှိတယ်လို့ ကော်မရှင်ထံ ရေး ထားတဲ့ စာထဲမှာလည်းပါတယ်။ နောက်ပြီး ဦးနန္ဒာလှမြင့်ကလည်း တရား မျှတတဲ့ရွေးကောက်ပွဲ မဖြစ် နိုင်ဘူးလို့ ယုံကြည်တယ်ဆိုတော့... ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦး လှသိန်းနဲ့ ကျွန်တော်နဲ့ နှစ်ဦးချင်း တစ်ခါတွေ့ဆုံဖူးတယ်။ အဲဒီလိုတွေ့ တဲ့အခါမှာ သူက အဲဒီလို သူတို့ ကော်မရှင်ကို တရားမျှတမှု မရှိဘူး လို့ပြောရင် ပြောတဲ့အဖွဲ့အစည်းကို တရားစွဲမယ်လို့ပြောတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုယူဆပါ သလဲ။
ဒေါက်တာနန္ဒာလှမြင့်
စွဲရင်လည်းခံရုံရှိတာပေါ့။ကျွန်တော်တို့ က အမှန်အတိုင်းပြောတာပဲ။အမှန်အတိုင်း ဥပဒေနဲ့အညီပဲ ရင်ဆိုင်သွားရမှာပေါ့။
Bullet ဦးလှဆွေ
* ခုနက တစညပါတီက ပြောသွား တာရှိပါတယ်။ လက်မည်း မဟုတ် ဘူး။ လက်နီကြီးဆိုတာ အဲဒါဘယ် အဖွဲ့အစည်းကိုရည် ညွှန်းပြီးပြော သလဲဆိုတာ ရှင်းရှင်းလင်းလင်း ဖြေ ကြားပေးစေချင်ပါတယ်ခင်ဗျ။
ဒေါက်တာကျော်ဆွေ
အဲဒါက စဉ်းစားကြည့်ရင် သိပါ တယ်။ လက်ရှိစီမံခန့်ခွဲနေတဲ့ စီမံခန့်ခွဲမှု အလွဲအမှားတွေပေါ့။ အချိန်တိုအတွင်းမှာ လူဦးရေအများကြီးကို လွတ်ရေးလွတ် ရေး လုပ်ပေးလိုက်တဲ့အတွက်ကြောင့် အများကြီး မစိစစ်နိုင်ဘဲနဲ့ အမှုတူ၊ ပြစ် ဒဏ်တူ ဒီလိုလူတွေ အများကြီး ကျန်နေ ခဲ့တယ်။ ကျန်နေခဲ့တဲ့လူတွေမကျေနပ်လို့ ထောင်ဆူမှုထပ်ဖြစ်တယ်။ အဲဒီတော့ ဒီ အခြေအနေကစဉ်းစားကြည့်ရင်အဖြေပေါ် ပါတယ်။ ဒီလောက်ပဲ ရှင်းချင်ပါတယ်။
DVB သတင်းဌာန
* အဖွဲ့အစည်းကို by name လေးနဲ့ များပြောလို့ရမလား။
ဒေါက်တာကျော်ဆွေ
လက်အနီကြီးဆိုရင်တော့ အနီရောင် ရှိတဲ့ လက်ကြီးပေါ့ဗျာ။ တည့်တည့်ပဲ ကျွန်တော်ပြောရမှာပဲ ဒါကို။
ဦးပိုက်ထွေး(ဖြည့်စွက်)
သတင်းထောက်တွေ အနေနဲ့က လည်း ဒီလောက်ကြီးမညံ့ဘူးလို့ ထင် တယ်ဗျ။ နောက်တစ်ခုက ခင်ဗျားတို့ကို လည်း မေတ္တာရပ်ခံချင်တယ်။ ခင်ဗျား တို့က ဆင်သေကို တစ်ခါတစ်ရံမှာ ဆိတ် သားရေနဲ့ ဖုံးချင်တယ်။ ခင်ဗျားတို့က ဆက်ရက်ချိုးထင်၊ သမက်သူခိုးထင်ပြီး တော့မှ ယောက်ဖကိုကြက်ဥတိုက်ချင်တာ မျိုးတွေတော့ ဒီနေရာလေးကနေ မေတ္တာ ရပ်ခံချင်တာပါ။ ကိုယ့်လုပ်ဖော်ကိုင်ဖက် တွေပါ။ တချို့ဟာတွေက ခင်ဗျားတို့က မီးစတစ်ဖက်၊ ရေမှုတ်တစ်ဖက်။
ဒါမှ မဟုတ်လည်း ချစ်စကိုရှည်စေ၊ မုန်းစကို တိုစေဆိုတဲ့စကားပုံလေးနဲ့။ တကယ်သာ ခင်ဗျားတို့ စတုတ္ထမဏ္ဍိုင်လို့ ခံယူပြီးတော့ မှ စတုတ္ထမဏ္ဍိုင်အတွက် လုပ်ကြကိုင်ကြ တယ်ဆိုရင် ဒီကနေ့ ဒီအချိန်အခါမှာ ခင်ဗျားတို့က ရှေ့တန်းကနေ ရဲရဲလုပ်ရ မယ်။ နိုင်ငံနဲ့လူမျိုးအတွက်၊ တိုင်းပြည် အတွက်၊ ဒီကနေ့ ရခိုင်မှာဖြစ်နေတဲ့ကိစ္စ တွေ၊ ယနေ့တိုင်းပြည်မှာဖြစ်နေတဲ့ကိစ္စ တွေကိုရဲရဲဝံ့ဝံ့လုပ်ပါ။ မှန်မှန်ကန်ကန် ရေးပါ။ မဟုတ်မတရားရေးဖို့ မတောင်း ဆိုပါဘူး။ ဒါလေးတော့ မေတ္တာရပ်ခံချင် ပါတယ်။ ကျေးဇူးတင်ပါတယ်။
ဧရာဝတီ သတင်းဌာန
* အန်ကယ်တို့ ဒီနေ့ရှင်းပြတဲ့အထဲမှာ နိုင်ငံတော်ရဲ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊လုံခြုံရေးနဲ့တရားဥပဒေစိုးမိုး ရေးအပါအဝင် အခြေအနေအရပ်ရပ် ဆိုတော့ ဒီလိုအရာတွေကို တာဝန်ယူ ကိုင်တွယ်တဲ့၊ ဥပမာ နိုင်ငံရေး၊ စီးပွားရေးက အစိုးရတာဝန်ပေါ့။ လုံခြုံရေးတို့ တရားဥပဒေစိုးမိုးရေး တို့ဆိုတာကျတော့ တပ်မတော် ပါ တယ်။ နောက်ပြည်ထဲရေး၊ရဲတပ်ဖွဲ့ ပေါ့။ အဖွဲ့အစည်းတွေတစ်ခု ချင်းစီရဲ့ စွမ်းဆောင်ရည်တွေကအားနည်းတယ် လို့ထောက်ပြချင်တာလား။ဘယ်လို ပုံစံမျိုးလဲဆိုတာ သိပါရစေ။

ဒေါက်တာနန္ဒာလှမြင့်
*********************
ကျွန်တော်တို့က အတိုက်အခံပါတီ တွေဖြစ်တဲ့အတွက်ကြောင့် အပြုသဘော။ နိုင်ငံတော်နဲ့နိုင်ငံသားတွေအကျိုးအတွက် ဝေဖန်ထောက်ပြရမယ့်တာဝန်ပေါ့။ နိုင်ငံ သားတွေကိုယ်စား။ ကိုယ်တိုင်လည်းနိုင်ငံ သားဖြစ်တယ်။ ပြီးတော့ နိုင်ငံရေးပါတီ တွေထူထောင်ပြီးတော့ ဆောင်ရွက်နေတာ ဖြစ်တဲ့အတွက် နိုင်ငံတော်အစိုးရ။ ကျွန် တော်တို့ကပါတီကို ပြောစရာမလိုဘူး။ ဝေဖန်စရာမလိုဘူး။ ဒါက ပါတီကိစ္စ။ အစိုးရကိုကျတော့ ကျွန်တော်တို့က ပြောဖို့ တာဝန်ရှိလာပြီ။ ရှိတဲ့အခါကျတော့ နိုင်ငံ သားမှန်ရင် ဒီနေ့နိုင်ငံမှာဖြစ်နေတဲ့ အခြေ အနေအရပ်ရပ်ကို ကြည့်လိုက်တာနဲ့တင် အစိုးရကိုဝေဖန်စရာ၊ အကြံပြုစရာတွေ အများကြီးရှိတယ်။ အဲဒါတွေကို တစ်ဦး တစ်ယောက်တည်း မဟုတ်ဘဲနဲ့ နိုင်ငံ သားတွေပါဝင်တဲ့ နိုင်ငံရေးပါတီတွေက နိုင်ငံသားတွေကိုယ်စား စုစည်းပြီးတော့မှ အကြံပြုတင်ပြနေတာဖြစ်တယ်။တကယ် လက်တွေ့ အကောင်အထည်ဖော်ရမှာ ကတော့ နိုင်ငံတော်အစိုးရက အဓိကပဲ။ ပြီးရင် သမ္မတကြီးရဲ့အောက်မှာရှိနေတဲ့ ဝန်ကြီးဌာန အဖွဲ့အစည်းတွေ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အပါအဝင် Institution တွေအားလုံး။ ကျွန်တော်တို့က အမြဲတမ်း တိုက်တွန်းတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံတော်ရဲ့ အဓိပတိ ဟာ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်ရဲ့ အကြီးမြတ်ဆုံး၊ နိုင်ငံသား အားလုံးမှာ အထွတ်အထိပ်ရထားတဲ့ပုဂ္ဂိုလ်က နိုင်ငံ တော်သမ္မတ။ ဒီ Cabinet ကို နိုင်ငံတော် သမ္မတက ဦးဆောင်တယ်။ ကာလုံကို နိုင်ငံတော်သမ္မတက ဦးဆောင်တယ်။
တပ်မတော် အပါအဝင် ဝန်ကြီးဌာနအား လုံးဟာ နိုင်ငံတော်သမ္မတရဲ့ဦးဆောင်မှု အောက်မှာရှိတယ်။ အဲဒီတော့ ဒီနိုင်ငံ တော်သမ္မတအနေနဲ့ တပ်မတော် အပါ အဝင် ဝန်ကြီးဌာနအားလုံးကို ဦးဆောင် ပြီးတော့ ဒီနိုင်ငံတော်မှာ ဒီနေ့ဖြစ်ပေါ် နေတဲ့ ကိစ္စအဝဝတွေကို ဦးစီးဦးဆောင် ဖြေရှင်းဆောင်ရွက်ပေးဖို့တာဝန် သူ့မှာ ရှိတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ သူ့မှာပဲတာဝန်ရှိတယ်။ ကျွန်တော်လည်း မီဒီယာတစ်ခုနဲ့ ပြောဖူးတယ်။ အခုမြင်နေ ရတာက နိုင်ငံတော်သမ္မတ ကိုယ်တိုင် ကိုယ်က တပ်မတော်ကို ကျွန်တော်တို့ ပြောလို့မရပါဘူးဆိုတာ ဒါလွဲမှားနေတာ။ ပြောကို ပြောလို့ရရမယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ သူ့မှာ ပြောခွင့်ရှိတယ်။ မှန် ကန်အောင် ပြောဖို့လိုတယ်။ မှန်ကန်တဲ့ ဦးဆောင်မှုပေးဖို့ လိုတယ်။ မှန်မှန် ကန်ကန် Lead လုပ်သွားနိုင်ဖို့လိုတယ်။ ကျွန်တော်တို့ကတော့ ဒီအဖွဲ့အစည်းနှစ်ခု ပူးပေါင်း ပြီးတော့မှ သူတို့တင် မဟုတ် ဘူး။ လိုအပ်ရင် ဦးသိန်းစိန်အစိုးရလက် ထက်တုန်းကလို နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံတာတွေ လုပ်ပြီးတော့မှ ဦးသိန်း စိန်လက်ထက်က မြန်မာ့နိုင်ငံရေးဖြစ်စဉ် မှာ စည်းလုံးညီညွတ်စွာနဲ့ သွားမှရမယ်။ All Inclusive ဖြစ်ဖို့လိုတယ်ဆိုပြီးတော့မှ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော် တွင်းမှာ အခြေခံဥပဒေအချို့ကို ပြင်ပြီး တော့မှ အကျယ်ချုပ်ကနေ လွှတ်ပေးပြီး လွှတ်တော်နိုင်ငံရေးထဲကိုစပြီး ဆွဲတင် လာတယ်။ ဒါကြောင့် ဒီနေ့ NLD အစိုးရ ဖြစ်လာတယ်။ ဗူ All Inclusive ဖြစ်အောင် လုပ်ခဲ့တယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ကိုယ့်ရင်ဘတ်၊ ကိုယ့်နောက်ကျောကို ဓားနဲ့အထိုးခံပြီးတော့မှ အားလုံးစည်းလုံး ညီညွတ်စွာ ပါဝင်နိုင်အောင် ကျွန်တော် တို့ လုပ်ပေးခဲ့တယ်။ ဒီအချိန်မှာလည်း နိုင်ငံတော်သမ္မတကြီးကလည်း ရှိနေတဲ့ အဖွဲ့အစည်းအားလုံး၊ နိုင်ငံရေးပါတီ အားလုံးကို ပါဝင်လာအောင် စည်းရုံး ဦးဆောင်ပြီးတော့မှ သမိုင်းမှာ စည်းလုံး ညီညွတ်စွာနဲ့ ဒီနိုင်ငံကိုပြန်လည်ထူထောင် သွားနိုင်ဖို့၊ အခုအချိန်မှာ အောင်မြင်ဖို့ ကျွန်တော်တို့ မပြောလိုဘူး။ မှန်ကန်တဲ့၊ ခိုင်မာတဲ့ အခြေခံ အုတ်မြစ်ကောင်းတွေ ချနိုင်ဖို့အတွက် မူဝါဒကောင်းကောင်းကို စည်းလုံးညီညွတ်မှု ကောင်းကောင်းနဲ့ လုပ်ပေးနိုင်ဖို့ ကျွန်တော်တို့ မျှော်လင့် တယ်။ မညီညွတ်နေသမျှကာလပတ်လုံး ကျွန်တော်တို့ ဘေးကနေပြီးတော့ ဝေဖန် ထောက်ပြ အကြံပြုပြောဆိုနေရမှာပဲ။
ဧရာဝတီ သတင်းဌာန
* ဆွေးနွေးနေကြတာ အစိုးရနှစ်ရပ်ဆို တဲ့ကိစ္စရှိတယ်။ အဲဒီအပေါ်မှာ ဘယ် လို မြင်လဲ။

ဒေါက်တာနန္ဒာလှမြင့်
*********************
ဒါဘေးကသွေးခွဲတာ။ အဲဒီနောက် ကို ကျွန်တော်တို့လိုက်လို့မရဘူး။ ခင်ဗျား ကို ကျွန်တော်ပြောပြမယ်။ စစ်ဘက် အရပ်ဘက်ဆက်ဆံရေးလို့ သုံးနှုန်းနေတာ တွေ၊ အစိုးရနှစ်ရပ် ဖြစ်နေတာတွေဆိုတာ က ဒီနိုင်ငံကိုစနစ်တကျနဲ့၊ ရည်ရွယ်ချက် ရှိရှိနဲ့အုပ်စုကွဲအောင် သပ်လျှိုသွေးခွဲနေတဲ့ စကားလုံးတွေ။ အဲဒီနောက်ကို ခင်ဗျားတို့၊ ကျွန်တော်တို့လို နိုင်ငံသားတွေ လိုက်ပါ သွားလို့မရဘူး။ အဲဒီနောက်မှာ နိုင်ငံ့ ခေါင်းဆောင်တွေ လိုက်ပါသွားလို့ မရ ဘူး။ အားလုံးက ငါတို့ကို ဒီလိုလုပ်နေပါ လားဆိုပြီး အမျိုးသား လုံခြုံရေးသတိ၊ အမျိုးသား အကျိုးစီးပွားအမြင်တွေနဲ့ ဒီစကားလုံးတွေကို ဖယ်ရှားပြီးတော့ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ လုပ်သွားရမယ့်အချိန် ရောက်ပြီလို့ ကျွန် တော်ပြောချင်ပါတယ်။