images
UN
UN
မြန်မာပြည်ငြိမ်းချမ်းပါစေဟုဆိုကာ သံဃာများနှင့် ပြည်သူများမှ စီတန်းလှည့်လည်ဆုတောင်းမေတ္တာပို့သ
ထက်မြက်အောင် Tuesday, 11 June 2019
မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေဟု ရွတ်ဆိုကာ သံဃာတော်များ၊ ပြည်သူများ စုပေါင်းကာ ငြိမ်းချမ်းစွာစီတန်းလှည့်လည် ၍ ဆုတောင်းမေတ္တာပို့မှုကို ယနေ့မွန်းလွဲ ပိုင်းက ရန်ကုန်မြို့တွင် ထပ်မံပြုလုပ်ခဲ့သည်။
ငြိမ်းချမ်းစွာ စီတန်းလှည့်လည်မှုကို မရမ်းကုန်းမြို့နယ်ရှိ စွယ်တော်မြတ်စေတီမှ ကမ္ဘာအေးဘုရားလမ်းအတိုင်း ကမ္ဘာအေး စေတီတော်အထိ စီတန်းလှည့်လည်ကာ ကမ္ဘာမြေကြီးငြိမ်းချမ်းပါစေ၊ ဗုဒ္ဓသာသနာ တော်ကြီး အဓွန့်ရှည်ပါစေ၊ ဆရာတော် ဦးဝီရသူ ဘေးရန်ကင်းပါစေ၊ စိတ်ဆင်းရဲ ကင်းပါစေ၊ကိုယ်ဆင်းရဲကင်းပါစေ၊ အချုပ် အနှောင်ကင်းပါစေ၊ ဗုဒ္ဓဘာသာ သာသနာ တော်နှင့် သံဃာတော်များ ဖိနှိပ်ချုပ်ချယ် ခံရခြင်းမှကင်းဝေးကြပါစေ၊ ဗုဒ္ဓသာသနာ အန္တရာယ်များကင်းဝေးပါစေ၊ လုံးစုံများစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ ဥပဒ် ရန်ဘေးကင်းစင်ဝေး ငြိမ်းအေးကြပါစေဟု ဆုတောင်းမေတ္တာပို့သခဲ့ပြီး ကမ္ဘာအေး ဘုရားရင်ပြင်တော်ပေါ်တွင် ဆုတောင်း မေတ္တာပို့ခြင်းများ ပြုလုပ်ခဲ့ကြသည်။
အဆိုပါဆုတောင်းပွဲတွင် သံဃာတော် များနှင့် အမျိုးသားရေးအဖွဲ့ အင်အား ၂ဝဝဝ ခန့် ပါဝင်ခဲ့ကြသည်။