images
UN
UN
ပူတာအိုမြို့နယ်ပြည်ခိုင်ဖြိုးပါတီရေနွေးကြမ်းစကားဝိုင်းပြုလုပ်ထောက်ပံ့ငွေပေးအပ်
ဖုန်ကန်(ပူတာအို) Tuesday, 11 June 2019
ကချင်ပြည်နယ် ပူတာအို မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီက ကြီးမှူး၍ ယနေ့မွန်းလွဲ ၁၂နာရီခွဲကပူတာ အိုမြို့ ဒုတ္တန်ရပ်ကွက်(၃)ဦးတန်ရှင် ဖုန်ဆားရ်နေအိမ်၌ရပ်ကွက်အတွင်း ရှိရပ်မိရပ်ဖများနှင့် တွေ့ဆုံပြီး ရေနွေးကြမ်းစကားဝိုင်းနှင့်ထောက် ပံ့ငွေပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံရာတွင် မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီဥက္ကဋ္ဌဦးရားနီက ပါတီ၏ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်း များနှင့် အလှူငွေလှူဒါန်းရခြင်း ၏ရည်ရွယ်ချက်များကိုရှင်းလင်း ပြောကြားပြီး ရေနွေးကြမ်းစကား ဝိုင်းတွင်နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေများ အပြန် အလှန်ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌဦးရားနီက ပူတာအိုမြို့ ဒုတ္တန်ရပ်ကွက် ၁၊ ၂၊ ၃ ရှိပြည် သူများ သောက်သုံးရေရရှိရေး အတွက် ကိုယ်ထူကိုယ်ထပိုက် လိုင်းသွယ်ယူနေမှုအတွက် ပံ့ပိုး ငွေကျပ်သုံးသိန်းကို ပေးအပ်ခဲ့ပြီး ဒုတ္တန်ရပ်ကွက်ကိုယ်စား ရပ်မိရပ်ဖ ဦးထမ်းတန်ဂျုံဇီက ကျေးဇူးတင် စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။