images
UN
UN
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဗဟိုအတွင်းရေးမှူး ရပ်မိရပ်ဖများနှင့်ပြုလုပ်သည့် ကျေးလက်စကားဝိုင်းသို့တက်ရောက်
Tuesday, 11 June 2019
ဧရာဝတီတိုင်းဒေသကြီး သာ ပေါင်းမြို့နယ်၌ ယနေ့နံနက် ၉ နာရီတွင်ပြုလုပ်သည့် ကျေးလက် စကားဝိုင်းသို့ ပါတီဗဟိုအတွင်း ရေးမှူး ဦးသန်းထွန်း အပါအဝင် ဧရာဝတီတိုင်းဒေသကြီး ပါတီ ဥက္ကဋ္ဌဦးÓဏ်လင်း၊ တိုင်းဒေသ ကြီး အတွင်းရေးမှူး ဦးဝင်းကိုကို၊ တိုင်းဒေသကြီး ကော်မတီဝင်များ၊ ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီကော်မတီဝင်များနှင့် ရပ်/ကျေးပါတီဝင်များက ဒေသခံ ရပ်မိရပ်ဖများနှင့် ကျေးလက်စကားဝိုင်းပြုလုပ်ခဲ့သည်။
အဆိုပါစကားဝိုင်းတွင် ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းက ယနေ့ ဖြစ်ပေါ်လျက်ရှိသည့်အခြေအနေများ၊ ဒေသခံပြည်သူများ၏ လူမှုရေး၊ စီးပွားရေးအခြေအနေများ၊ တောင်သူဦးကြီးများ၏ အခက်အခဲများကို ဒေသခံပြည်သူများနှင့်ရင်းနှီးပွင့်လင်းစွာအပြန် အလှန်ဆွေးနွေးခဲ့ကြသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အခမဲ့ဆေးကုသမှုကို ကျုံပျော်မြို့နယ် ဆောက်ဝိုင်းအုပ်စု ဥတ္တမံကျေးရွာနှင့် အထောင်မြို့တို့တွင် နေရာနှစ်နေရာခွဲ၍ ဆေးကုသမှုများ ပြုလုပ်ပေးခဲ့သည်။ ဆက်လက်ပြီး မွန်းလွဲ ၂နာရီတွင် ပါတီဗဟိုအတွင်းရေးမှူးနှင့် အဖွဲ့သည် ပုသိမ်မြို့နယ် လျောပြာကျေးရွာမှ ဒေသခံရပ်မိရပ်ဖများနှင့်တွေ့ဆုံ၍ ကျေးလက်စကား ဝိုင်းဆက်လက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။