images
UN
UN
ကျုံပျော်မြို့နယ် ရေစခန်းနှင့် အင်းရဲတိုက်နယ်များတွင် ပြည်ခိုင်ဖြိုးပါတီမှ အခမဲ့ကျန်းမာရေးစောင့်ရှောက်
Tuesday, 11 June 2019
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ဗဟို) ၏ စီမံကူညီမှုဖြင့် ကျုံပျော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှအခမဲ့ဆေး ကုသမှုကို ကျုံပျော်မြို့နယ် ရေစခန်းတိုက်နယ်နှင့် အင်းရဲတိုက်နယ်နေရာ(၂) နေရာခွဲ၍ ဆေးကုသမှုများပြုလုပ်ပေးခဲ့သည်။
အခမဲ့ဆေးကုသမှုကို ရေစခန်းတိုက်နယ် ရေစခန်းကျေးရွာပရဟိတ ကျောင်းတိုက်တွင် ၃၃၆ ဦး၊ အင်းရဲတိုက်နယ် မကျီးကုန်း ကျေးရွာအုပ်စု၊ ထန်းပင်ကန်ကျေးရွာ ခေမိန္ဒာရာမကျောင်းတိုက်တွင် ၁၉၅ ဦး စုစုပေါင်း ဒေသခံပြည်သူ ၅၃၁ ဦးကျော်လာရောက်၍ ဆေးကုသမှုများခံယူခြင်းကို ခွဲစိတ်ဆရာဝန်၊ မျက်စိဆရာဝန်နှင့် အထွေထွေရောဂါကုဆရာဝန်များက အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးခဲ့ကြောင်းသိရသည်။