images
UN
UN
ခရီး(ကဗျာ)
Tuesday, 11 June 2019

* အလှမ်းမဝေးပါ
လမ်းကလေးသာသနဲ့။
* ပူတာတွေ မကြောက်အားပါဘဲ
သူ ငါလေ တစ်ထောက်မနား
သွားကြစို့ရဲ့။
* စခန်းလေးသာယာ
ပန်းမွှေးနံ့သာ ဖြာသနဲ့။
* အတူတူ လက်တွဲမဖြုတ်ပါဘဲ
မငြူစူ အခက်ခဲခလုတ်လည်း
တက်သုတ်နှင်ခဲ့။
* အရိပ်ကောင်းမှာကြုံ
မိတ်ပေါင်းသဟာစုံခဲ့။
* ညည်းသံပင် လေသံမထွက်ပါဘဲ
မီးလျှံပြင် ခြေကန်တက်လို့
ဆက်ခဲ့ကြရဲ့။
* သည်လိုသည်ပုံနည်းနဲ့
ခရီးကကြာရှည်
ရွှေပြည်တော်မရောက်သေး။
အာဃာတ သံသယတွေနဲ့
မာနတွေ လှန်မချသမျှ
ပကာသန ဟန်အပြတွေကြောင့်
အလှမ်းကဝေး။
သက်နိုင်(ကြို့ပင်ကောက်)