images
UN
UN
ဆေးဝါးဈေးနှုန်းများလျှော့ချရန် ဂျော်ဒန်ဘုရင် အမိန့်ထုတ်ပြန်
KK(IR) Wednesday, 12 June 2019
ဂျော်ဒန်ဘုရင်အဗ္ဗဒူလာက ဆေးဝါးဈေးနှုန်းများကိုလျှော့ချရန် ယမန်နေ့က အမိန့်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ နေထိုင်မှုစရိတ် မြင့်မားခြင်းနှင့်ပတ်သက်၍ မကျေမနပ်ဖြစ်နေမှုနှင့် ယခုနှစ်အစော ပိုင်းတွင် ပြည်သူများလမ်းပေါ်ထွက်ကာ ဆန္ဒပြမှုများကိုဖြစ်ပွားစေ သည့် အစိုးရ၏မှားယွင်းသည့် စီမံဆောင်ရွက်မှုကို သဘောပေါက် သိရှိမှုကို အာဏာပိုင်များက ဖော်ထုတ်ဆောင်ရွက်ရန် နောက်ဆုံး ကြိုးပမ်းအားထုတ်မှုအနေဖြင့် ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်သည် ဟု သိရသည်။
နိုင်ငံ၏ဆေးဝါးဈေးနှုန်းများသည် မှန်ကန်ခြင်းမရှိကြောင်း၊ ¤င်းအားနည်းချက်ကို ချက်ချင်းဖော်ထုတ်ဆောင်ရွက်ရန် လိုအပ် ကြောင်း ဘုရင်က ပြောကြားခဲ့သည်ဟု သိရသည်။ ဂျော်ဒန်ရှိ ဆေးဖော်ရောင်းသူများသမဂ္ဂက အစိုးရနှင့်ပူးပေါင်းကာ ဆေးဝါး ဈေးနှုန်းများကို သတ်မှတ်ခြင်းဖြစ်သော်လည်း ဆေးဝါးများနှင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ စည်းမျဉ်းဥပဒေများသည် အကျင့် ပျက်ခြစားမှုများကြောင့် အမည်ခံမျှသာ ဖြစ်လာနေခြင်းဖြစ်ပြီး ထိရောက်မှုမရှိခြင်းဖြစ်သည်။
ဆေးဝါးများကိုထုတ်လုပ်သူများက နိုင်ငံတွင်းတွင် ထုတ်လုပ် ခြင်း သို့မဟုတ် တင်ပို့ခြင်းများပြုလုပ်ကြပြီး ဖြန့်ဖြူးရောင်းချသူ များမှာ နိုင်ငံ၏အချမ်းသာဆုံးသော မိသားစုအချို့ပါဝင်သည်။ ဂျော်ဒန်သည် အမေရိကန်၏ကူညီထောက်ပံ့မှုကို အများဆုံးလက်ခံ ရယူသည့်နိုင်ငံလည်းဖြစ်သည်။
Ref: The National