images
UN
UN
ဆီးရီးယားအပေါ် အရေးယူဒဏ်ခတ်မှုအသစ်များ အမေရိကန်ချမှတ်
KK(IR) Wednesday, 12 June 2019

အမေရိကန်ငွေတိုက်ဌာနက ၄င်းအနေဖြင့် ဆီးရီးယားသမ္မတ ဘာရှားအာဆတ်အတွက် ဘဏ္ဍာ ရေးဆိုင်ရာ ကူညီထောက်ပံ့မှုများ ပြုလုပ်နေသည့် လူပုဂ္ဂိုလ်သုံးဦးနှင့် လုပ်ငန်း ၁၃ ခုတို့အပေါ် အရေးယူ ဒဏ်ခတ်မှုများချမှတ်လိုက်သည်ဟု ယမန်နေ့တွင် ထုတ်ပြန်ကြေညာ ခဲ့ကြောင်း သိရသည်။
အဆိုပါအရေးယူဒဏ်ခတ်မှု အသစ်များ ချမှတ်ခံရသူများအထဲ တွင် ဆီးရီးယားနိုင်ငံသား စီးပွား ရေးလုပ်ငန်းရှင်Samer Fozလည်း ပါဝင်ကြောင်း သိရသည်။Samer Foz အား လူသတ်မှုကျူးလွန်နေ သည့် အာဆတ်အစိုးရကို တိုက် ရိုက်ထောက်ပံ့ကူညီနေသည့် နိုင်ငံ ရေးအာဏာချုပ်ကိုင်ထားသူတစ် ဦးအနေဖြင့် အမေရိကန်အကြမ်း ဖက်မှုနှင့် ဘဏ္ဍာရေးဆိုင်ရာ စုံစမ်းထောက်လှမ်းမှုဌာန၏အကြီး အကဲဖြစ်သူSigal Mandelker က သတ်မှတ်ဖော်ပြထားသည်။
ယခုချမှတ်လိုက်သည့် အရေး ယူဒဏ်ခတ်မှုအသစ်များသည်Foz၏ မိသားစုဝင်များအား ပစ်မှတ် ထားဆောင်ရွက်ခြင်းလည်းဖြစ်ပြီး အစောပိုင်းတွင်ချမှတ်ထားသည့် အမေရိကန်၏အရေးယူဒဏ်ခတ်မှု များကိုချိုးဖောက်ပြီး ဆီးရီးယား နိုင်ငံအတွင်းသို့ အီရန်ရေနံများ တင်သွင်းရန် ကူညီဆောင်ရွက်ပေး ခဲ့သည့် လက်ဘနွန်အခြေစိုက် ကုမ္ပဏီနှစ်ခုလည်းပါဝင်ကြောင်း သိရသည်။
Ref: RT News