images
UN
UN
ပညာရေးမူဝါဒများ ဖော်ဆောင်ရာတွင် စိန်ခေါ်မှုမှန်သမျှကို ရင်ဆိုင်ကျော်လွှားရေး
မြေလတ်သား Wednesday, 12 June 2019
အခြေခံပညာကျောင်းများ ပြန်လည် ဖွင့်လှစ်ခဲ့ပြန်ပြီ။ နိုင်ငံတစ်နိုင်ငံ၏ အဆင့် အတန်းကို အဆိုပါနိုင်ငံကကျင့်သုံးလျက် ရှိသည့် ပညာရေးစနစ်နှင့် ပညာရေးဆိုင် ရာမူဝါဒများအပေါ် အခြေတည်၍ အကဲ ဖြတ်ကြသည်။ မြန်မာနိုင်ငံတွင် ပညာ ရေးမူဝါဒသစ်များကို ဖော်ဆောင်လျက် ရှိရာတွင် ဆရာဗဟိုပြုသင်ကြားရေးစနစ် မှ ကျောင်းသားဗဟိုပြုစနစ်သို့ ပြောင်းလဲ ဖော်ဆောင်လျက်ရှိသည်။ အလွတ်ကျက်၊ အာဂုံဆောင်၊ ဒါကျက် ဒါမေး ဒါဖြေ စနစ်မှ ကိုယ်တိုင်သုံးသပ် အကဲဖြတ်နိုင် စေမည့်စနစ်သစ်ကို ချမှတ်ဖော်ဆောင် လျက်ရှိကြောင်း သိရှိရသည်။ အပြောင်း အလဲမှန်သမျှတွင် အခက်အခဲများ၊ အဆင်မပြေမှုများရှိကြမည်သာဖြစ်သည်။ အဆိုပါ အခက်အခဲများနှင့် စိန်ခေါ်မှု များကို ရင်ဆိုင်ကျော်လွှားသွားကြရမည် သာ ဖြစ်ပေသည်။
လာမည့်စာသင်နှစ်အတွက် ၂ဝ၁၉ ခုနှစ် မေ ၂၅ ရက်နေ့မှစပြီး ကျောင်း အပ်နှံရေးရက်သတ္တပတ်အဖြစ်သတ်မှတ် ၍ ကျောင်းသားများအား လက်ခံပေး လျက်ရှိသည်။ ကျောင်းနေအရွယ်ကလေး ငယ်တိုင်း ကျောင်းနေနိုင်ရေးအတွက် တာဝန်ရှိပုဂ္ဂိုလ်အဖွဲ့အစည်းများနှင့် လူထု အခြေပြုအဖွဲ့အစည်းများက ဝိုင်းဝန်းကြိုး ပမ်းဆောင်ရွက်လျက်ရှိကြသည်။ သက် ဆိုင်ရာများ၏ ထုတ်ပြန်ချက်အရ လွန်ခဲ့ သည့် ၂ဝ၁၆-၂ဝ၁၇ စာသင်နှစ်မှစ၍ ကျောင်းအပ်နှံမှုအရေအတွက်မှာ လျော့ နည်းလာခဲ့ကြောင်း သိရသည်။ ကျောင်း သား ဆရာအချိုးမျှတရေး၊ ကျောင်း ဆောင်မလုံလောက်မှု လျှော့ချရေး၊ ကျောင်းတစ်ကျောင်းနှင့်တစ်ကျောင်း သင်ကြားသင်ယူမှုမျှတရေး၊ သွားလာမှု ကုန်ကျစရိတ်များ လျှော့ချနိုင်ရေးစသည့် ရည်ရွယ်ချက်များဖြင့် မိမိနေထိုင်ရာအရပ် ဒေသများတွင်သာ ကျောင်းအပ်နှံပြီး နယ်ကျော်ကျောင်းအပ်နှံမှုများမပြုလုပ် ရန် မူတစ်ရပ်ချမှတ်ထားကြောင်း သိရ သည်။ အချို့သော မိဘများမှာ မိမိတို့ အသက်မွေးဝမ်းကျောင်းပြုနေရသည့် ဒေသရှိ ကျောင်းများတွင် မိမိတို့၏ သား သမီးများကို ကျောင်းတက်စေပြီး လုပ် ငန်းခွင်ပြီးသည့်ညပိုင်းတွင်မှ ကလေးများ နှင့်အတူတကွ ပြန်ကြခြင်းများရှိကြရာ နယ်ကျော်ကျောင်းအပ်နှံမှုတားမြစ်ချက် ကြောင့် အခက်အခဲများရှိနေရကြောင်း သိရှိရသည်။ ထိုကဲ့သို့ လုပ်ဆောင်မှု ကြောင့် ငွေကြေးတတ်နိုင်သည့် မိသားစု များက မိမိတို့၏သားသမီးများကို လွတ် လပ်စွာသင်ယူနိုင်ခွင့်ရှိသည့် ကိုယ်ပိုင် ပညာသင်ကျောင်းများသို့ ပြောင်းရွှေ့အပ် နှံခြင်း၊ မိမိတို့အပ်နှံလိုသည့်ကျောင်းတည် ရာဒေသများတွင် အိမ်ထောင်စုစာရင်းဝင် နိုင်ရန် ငွေကြေးအကုန်အကျခံ ဆောင် ရွက်ခြင်းများရှိနေကြောင်း သိရသည်။
အမျိုးသားပညာရေးဥပဒေကို ၂ဝ၁၅ ခုနှစ်တွင် ပြဋ္ဌာန်းနိုင်ခဲ့သော်လည်း ဆက် စပ်ဥပဒေများ ပြဋ္ဌာန်းရန် နှောင့်နှေးမှုများ ရှိနေသဖြင့် အချို့ကိစ္စရပ်များတွင် မြေ စမ်းခရမ်းပျိုးသည့်သဘော လုပ်ဆောင် နေကြသဖြင့် ဆေးအတွက် လေးသည့် အဖြစ်မျိုးဖြင့် တွေ့ကြုံရင်ဆိုင်နေကြရ သည်။ သင်ရိုးညွှန်းတမ်းသစ်များကို တစ် နှစ်ချင်း အချိန်လု၍ ပြဋ္ဌာန်းနေကြရပြီး ဆရာ ဆရာမများကို နွေရာသီ ကျောင်း ပိတ်ရက်များတွင် တက်သုတ်ရိုက် သင် ကြားပေးနေရသည်။ ယခုနှစ်တွင် Grade-3 နှင့် Grade -6 အတွက် သင် တန်းများ ပို့ချပေးခဲ့ရာ သင်တန်းနှင့် ဆက်နွှယ်၍ ဆရာ ဆရာမအချို့ထိခိုက် ဒဏ်ရာရသေဆုံးမှုများ ရှိခဲ့ကြောင်း သိရ သည်။ ကျောင်းသား ကျောင်းသူများ အတွင်း အဆင့်ခွဲခြားမှု မရှိစေရန်နှင့် စိတ်ပိုင်းဆိုင်ရာ မထိခိုက်စေရန်အတွက် အောင်စာရင်းများ ထုတ်ပြန်ရာတွင်လည်း ယခင်ကကဲ့သို့ အဆင့်သတ်မှတ်ချက်များ မထားရှိတော့ဘဲ ပယ်ဖျက်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ကျရှုံးသူမရှိစေရေး မူအရ အားလုံးအောင်မည်ဟု သိရှိနေကြ သည်။ ထို့ကြောင့်ပေလားမသိ။ ယခင်က အောင်စာရင်းများ ထုတ်ပြန်သည့်နေ့တွင် ယခင်က အလုအယက်လာရောက်တိုးဝှေ့ ကြည့်ရှုခြင်းများရှိခဲ့သော်လည်း ယခုအခါ လာရောက်ကြည့်ရှုမှု နည်းပါးလာ ကြောင်း သိရသည်။ ပြိုင်ဆိုင်မှုရှိမှ တိုးတက်မည်ဟူသောအချက်ကို သတိ ချပ်သင့်ပေသည်။ ထို့ပြင် အတန်းခွဲများ သတ်မှတ်ရာတွင်လည်း ယခင်က 'A' တန်း၊ 'B'တန်း စသည်ဖြင့် သတ်မှတ်ခဲ့ ရာမှ မြန်မာမှုပြု၍ နှင်းဆီ၊ ပိတောက် စသည့် ပန်းအမည်လေးများကို ပြောင်း လဲခေါ်ဝေါ်ခဲ့ကြောင်း သိရှိရသည်။ သို့ရာ တွင် အတန်းသတ်မှတ်ချက်များကို ယခင်က ပထမတန်း၊ ဒုတိယတန်းဟူ၍ ခေါ်ဝေါ်ခဲ့ရာမှ ယခုအခါ အဘယ် ကြောင့် Grade-1, Grade-2 စသည်ဖြင့် ပြောင်းလဲခဲ့သည်ကိုမူ နားမလည်နိုင် အောင်ဖြစ်မိသည်။


လုပ်ငန်းစဉ်တစ်ရပ်ကို ချဉ်းကပ်ဖော် ဆောင်ရာတွင် ဖြစ်ချင်တာ၊ဖြစ်သင့်တာ နှင့်ဖြစ်နိုင်တာဟူ၍ရှိရာ ဆန္ဒလွန်ကဲ၍ ဖြစ်ချင်တာတစ်ခုတည်းကိုမကြည့်ဘဲ ဖြစ်သင့်သည်များအပေါ် အခြေခံလျက် ဖြစ်နိုင်သည့်အပိုင်းမှစတင်ဆောင်ရွက်သင့် ပေသည်။ ပညာရေးနယ်ပယ်သည် များ စွာကျယ်ဝန်းလှသည်။ ပညာရေးမူဝါဒ အပြောင်းအလဲတစ်ရပ်ကို အချိန်တိုအ တွင်း အလွယ်တကူဆောင်ရွက်၍ ရနိုင် မည်မဟုတ်။ ဆယ်စုနှစ်နှင့်ချီ၍ ဆောင် ရွက်ကြရမည်။ ပြည်သူတစ်ရပ်လုံး၏ အကူအညီနှင့်ပူးပေါင်းမှုရရှိရန် လိုအပ် ပေသည်။ ပညာရေးဆိုင်ရာမူဝါဒများကို ဖော်ဆောင်ရာတွင် လုပ်နည်းလုပ်ဟန်လွဲ မှားမှုများကြောင့် လုပ်ငန်းများ၌ အဖုအ ထစ်မဖြစ်အောင် သတိမူသင့်သည်။ မြေ စမ်းခရမ်းပျိုးသည့်သဘောဖြင့် ကျောင်း သားလူငယ်များအား အစမ်းသပ်ခံများ မဖြစ်အောင် ရှောင်ရှားကြရန် လိုအပ်ပေ သည်။
တက္ကသိုလ်ပညာများ ဆည်းပူးရာ တွင် ကျောင်းသားကျောင်းသူများဝါသနာ ပါရာ တက္ကသိုလ်များသို့ တက်ရောက် ပညာသင်ကြားခွင့်ရရှိစေရေး ရည်ရွယ် ချက်ဖြင့် ပြီးခဲ့သည့် စာသင်နှစ်မှစ၍ တိုက်ရိုက်စိစစ် လက်ခံသည့်စနစ်ကို တက္ကသိုလ်အချို့၌ ကျင့်သုံးခဲ့ရာ ကျောင်း သားတချို့မှာ မိမိတို့တက်ရောက်လိုသည့် တက္ကသိုလ်များသို့ တက်ရောက်ခွင့် မရ သည့်အပြင် မည်သည့်တက္ကသိုလ်ကိုမျှ တက်ရောက်ခွင့်မရသည့် အဖြစ်မျိုးဖြင့် တွေ့ကြုံခဲ့ရသည်။ ''ဘကြီးလည်းမမှီ၊ ထီးတင်ပွဲလည်းမမှီ''သည့် အဖြစ်မျိုးဖြင့် ရင်ဆိုင်ခဲ့ရပြီး အဆင်မပြေမှုများ ရှိခဲ့ ကြောင်း သိရသည်။ အမေရိကန်ပြည် ထောင်စု၌ပင် တက္ကသိုလ်ဝင်ခွင့်နှင့် စပ် လျဉ်း၍ မသမာမှုများရှိခဲ့ရာ အတွေ့ အကြုံနုနယ်သည့် မြန်မာနိုင်ငံအနေဖြင့် သတိကြီးစွာထားသင့်ပေသည်။
မြန်မာနိုင်ငံတက္ကသိုလ်များ၌ တက် ရောက်ပညာသင်ကြားနေသော ကျောင်း သား ကျောင်းသူများတွင် နေ့တက် ကျောင်းသား ရာခိုင်နှုန်း ၄ဝ သာရှိပြီး ရာခိုင်နှုန်း ၆ဝ မှာ အဝေးသင်များအဖြစ် သင်ကြားနေကြကြောင်း သိရှိရသည်။ အဝေးသင်တက္ကသိုလ် (စာပေးစာယူ သင်တန်း)များအတွက် အနီးကပ် သင် တန်းတက်ရောက်ရမည့် အချိန်ဇယားများ ပြောင်းလဲရန်ကိစ္စနှင့်စပ်လျဉ်း၍ အငြင်း ပွားမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရ သည်။ ထို့ပြင် တစ်နေ့စာသင်ချိန် ရှစ်ချိန် သင်ကြားရမည်ဟုသတ်မှတ်ခဲ့ရာ နှစ်ချိန် တက်ကျောင်းများတွင် ကလေးများအချိန် စောစွာ ကျောင်းတက်ရပြီး အချိန်နောက် ကျပြီးမှ ပြန်ကြရမည်ဖြစ်သဖြင့် အဆင် မပြေမှုများနှင့် အခက်အခဲများ ရှိနိုင် ကြောင်း သိရှိရသည်။ မည်သို့ပင်ဖြစ်စေ အေးချမ်းစွာ ပညာသင်ကြားရေးနှင့် နိုင်ငံ တော်တည်ငြိမ်ရေးကို ဦးတည်ကြိုးပမ်း နေရသည့်အခါသမယတွင် 'အမှိုက်ကစ ပြာသာဒ်မီးလောင်' စေသည့်အဖြစ်မျိုးသို့ မရောက်ရှိစေရန် တာဝန်ရှိသူများက သတိတရားလက်ကိုင်ထား ဆောင်ရွက် သင့်လှပေသည်။ အဝေးသင်တက္ကသိုလ် များနှင့် စပ်လျဉ်း၍ ယခင်က အထက် မြန်မာပြည်အတွက် မန္တလေးနှင့် အောက် မြန်မာပြည်အတွက် ရန်ကုန်တို့၌သာ သတ်မှတ်ထားရာမှ ရှေ့လာမည့်နှစ်တွင် တက္ကသိုလ် ၃ဝ တွင် မေးခွန်းထုတ်ခြင်း၊ ဖြေဆိုခြင်း၊ ဘွဲ့အပ်နှင်းခြင်းများ ပြုလုပ် ပေးသွားမည်ဟု သိရသဖြင့် ကြိုဆိုလျက် ရှိကြပေသည်။
ဆရာ၊ ဆရာမများသည် အနန္တော၊ အနန္တဂိုဏ်းဝင်များဖြစ်ကြသည်။ သင် တန်းများတွင် ဆရာ၊ ဆရာမများအား ပလွေမှုတ်၊ စည်းဝါးတီး၍ ကခုန်နေကြ ရသည့် မြင်ကွင်းကိုကြည့်၍ အချို့က ဘဝင်မကျ။ ယခင်အခါများ၌ ကဗျာ လွတ်ကဲ့သို့သော တီးမှုတ်ကခုန်ခြင်းများ၊ ကိုယ်ကာယကြံ့ခိုင်ရေး၊ အားကစားလှုပ် ရှားမှုများရှိခဲ့သည်။ သို့ရာတွင် ထိုစဉ်က သက်ဆိုင်ရာ ကာယဆရာများ၊ အက နည်းပြများကသာ ဦးဆောင်ပြုလုပ်ခဲ့ကြ ခြင်းဖြစ်သည်။ အထူးသဖြင့် အသက် အရွယ်ကြီးရင့်သူ ဆရာ၊ ဆရာမကြီးများ ကသာ ဦးဆောင်ပြုလုပ်ခဲ့ကြခြင်းဖြစ် သည်။ အထူးသဖြင့် အသက်အရွယ်ကြီး ရင့်သူ ဆရာ၊ ဆရာမကြီးများ၏ သီဆို တီးမှုတ်မှုကိုကြည့်၍ အမြင်မတော်ဆင် တော်နှင့် ခလောက်သဘောမျိုးဖြစ်သည် ဟူ၍ အချို့ကရှုမြင်ကြသည်။
ဆရာ၊ ဆရာမများသည် နယ်ချဲ့ လက်အောက်မှ မြန်မာနိုင်ငံ လွတ်မြောက် ရေးအတွက် ရုန်းကန်လှုပ်ရှားစဉ်က သပိတ်တိုက်ပွဲများတွင် ပါဝင်ဆင်နွှဲမှု များရှိခဲ့သည်မှအပ မိမိတို့၏ လိုလားချက် နှင့် အခွင့်အရေးများအတွက် ဆန္ဒဖော် ထုတ်မှုနှင့် တောင်းဆိုတိုက်ပွဲဝင်မှုများ မှာ မရှိသလောက်ရှားခဲ့သည်။ 'အတတ် လည်းသင် ပဲ့ပြင်ဆုံးမ'ဟူသော ဆရာ့ ဝတ္တရားနှင့်အညီ တပည့်များအတွက် လမ်းမှန်ညွှန်ပြ ဆိုဆုံးမမှုများ ရှိခဲ့သည်။ သို့ရာတွင် ယခုအခါ ရာထူးတာဝန် တိုးမြှင့်မှုများ မမှန်မကန် ပြောင်းရွှေ့ခံရ မှုများ၊ တစ်ဖက်သတ် အရေးယူခံရမှု များကို အကြောင်းပြု၍ ဆန္ဒဖော်ထုတ် မှုများ၊ တောင်းဆိုမှုများ ပြုလုပ်နေကြရ သည်ကိုတွေ့ရှိနေရပေသည်။ ဥပဒေနှင့် အညီ တရားမျှတသည့် အခွင့်အရေးများ ညှိနှိုင်းဆွေးနွေးရယူနိုင်မည့် အစီအမံများ ချမှတ်ပေးနိုင်ခြင်းအားဖြင့် မလိုလားအပ် သည့် ဖြစ်စဉ်ဖြစ်ရပ်များကို ရှောင်ရှား နိုင်လိမ့်မည်ဟူ၍ ယုံကြည်မျှော်လင့်မိ ပေသည်။
ပညာရေးလောကတွင် အမျိုးသား ကျောင်းဆရာများ လျော့နည်းလာသဖြင့် အမျိုးသားများ ပိုမိုဝင်ရောက်လာရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က တိုက် တွန်းမှုများ ပြုလုပ်ခဲ့သည်။ အဘယ် ကြောင့် ထိုကဲ့သို့ လျော့နည်းနေရ သနည်း။ လုပ်ခလစာနည်းပါးသည့် အပြင် အနန္တဂိုဏ်းဝင်ဆရာများမှာ ပုံစံ အမျိုးမျိုးဖြင့် သိက္ခာကျဆင်းအောင် ပြောဆိုဆက်ဆံမှုခံနေရသကဲ့သို့ အခိုင်းခံ များအဖြစ် သဘောထားခံရခြင်းတို့က လည်း အကြောင်းရင်းများအဖြစ် တွေ့ ရှိနေရပေသည်။ ကျန်းမာရေးကဏ္ဍတွင် ဝန်ထမ်းဆရာဝန်များအနေဖြင့် ဆေးဝါး ကုသမှုဖြင့် ပြင်ပဝင်ငွေရှာခွင့်ရှိသော် လည်း ဆရာ၊ ဆရာမများမှာ ထိုကဲ့သို့ လုပ်ပိုင်ခွင့် မရှိပေ။ ဆရာ ဆရာမများမှာ ဝါသနာ၊ စေတနာ၊ အနစ်နာခံမှုများကို အရင်းတည်လျက် ပီတိကိုစားနေကြသူ များဖြစ်ကြသည်။ လူနည်းစု၏ လုပ်ရပ် တစ်ခု တည်းကို အကြောင်းပြု၍ ငါးခုံးမ တစ်ကောင်ကြောင့်တစ်လှေလုံးပုပ်သည့် အဖြစ်မျိုး မသက်ရောက်စေသင့်ပေ။ ဆရာလောကတစ်ခုလုံး သိက္ခာရှိစွာ ရပ် တည်နိုင်စေမည့်အစီအမံများကို ချမှတ် ဖော်ဆောင်သင့်ပေသည်။
အခြေခံကျောင်းများ၏စာသင်နှစ်ကို ယေဘုယျအားဖြင့် နှစ်စဉ်ဇွန်လမှ မတ် လ အထိသတ်မှတ်ထားသည်။ စာသင် ခန်း အခက်အခဲကြောင့် စာမေးပွဲစစ်ဆေး ချိန်တွင် မသက်ဆိုင်သည့်အတန်းများအား ပိတ်ထားရခြင်း များရှိခဲ့သည်။ အထူး သဖြင့် ရန်ကုန်မြို့ နာမည်ကြီးကျောင်း များတွင် ကျောင်းသားများကိုယ်တိုင်က ပုဂ္ဂလိကကျူရှင်များကို အားကိုးပြီး ကျောင်းတက်ရန် ပျက်ကွက်ခြင်းရှိသည်။ ကျောင်းခေါ်ချိန်ပြည့်ရုံသာ ကျောင်းတက် သည်။ ကျောင်းမှန်မှန်တက်လိုသူကျောင်း သား ကျောင်းသူများအား သက်ဆိုင်ရာ ဆရာ ဆရာမများက ကောင်းစွာ ပညာ သင်ကြားပေးမှုမရှိခြင်းကြောင့်လည်း သတ်မှတ်ကာလကုန်အထိ စာသင်ကြား ခြင်းကို ထိခိုက်စေခဲ့ကြောင်း သိရှိရ သည်။ အဆိုပါကိစ္စရပ်ကို ပညာရေး ဝန်ကြီးဌာန၏ကြီးကြပ်မှုဖြင့် သက်ဆိုင် ရာ ကျောင်းအလိုက် ဆောင်ရွက်သွား ခြင်းဖြင့် ပြီးမြောက်နိုင်ပါလျက် မတ်လ ကုန်အထိ စာသင်ကြားမှု ပြုရမည်ဟု မူသစ်တစ်ရပ်အဖြစ် ထုတ်ပြန်ခဲ့သဖြင့် မလိုလားအပ်သည့် အငြင်းပွားမှုများ ဖြစ်ပွားခဲ့ရသည်။
ပညာရေးအတွက်နိုင်ငံတော်ကချမှတ် ပေးသည့် ငွေကြေးအသုံးစရိတ်များသည် နိုင်ငံအတွက် ရင်းနှီးမြှုပ်နှံခြင်း ဖြစ် သည်။ ထိုနည်းတူစွာ ကျောင်းသား ကျောင်းသူများ၏ ပညာရေးအတွက် မိဘများက အသုံးပြုခြင်းကိုလည်း ''ရွှေ အိုးမြှုပ်နှံခြင်း''ဖြစ်သည်ဟု မိဘများက ခံယူကြသည်။ ယနေ့ လူငယ်များသည် အနာဂတ် နိုင်ငံ့တာဝန်များကို ပခုံးပြောင်း ယူကြရမည့် သားကောင်းရတနာများ ဖြစ်ကြသည်။ ပညာရေးဆိုင်ရာ လုပ်ငန်း များ အောင်မြင်ရေးအတွက် မိဘ/ဆရာ အသင်းများကို ဖွဲ့စည်းထားသော်လည်း ထိရောက်စွာ ဆောင်ရွက်နိုင်မှုတွင် အားနည်းချက်များ ရှိခဲ့သည်။ သို့ဖြစ်ရာ လူငယ်များ၏ လူ့စွမ်းအားအရင်းအမြစ် များ ပြုစုပျိုးထောင်ရေးနှင့် ပညာရေး ဆိုင်ရာ မူဝါဒများအောင်မြင်ရေးအတွက် ''မိဘ-ဆရာ-ကျောင်းသားပူးပေါင်း ကလေးပညာကောင်း''ဟူသော ဆောင် ပုဒ်နှင့်အညီ အတူတကွပူးပေါင်း ဆောင် ရွက်ကြရန် အခြေအနေ အရပ်ရပ်က တောင်းဆိုလျက်ရှိကြောင်း တင်ပြလိုက်ရ ပေသည်။