images
UN
UN
တာဝန်ယူမှုတာဝန်ခံမှု ရှိပါရဲ့လား
တက္ကသိုလ်သင်္ခ Wednesday, 12 June 2019
မကြာသေးမီက ပုဂ္ဂလိကရုပ်သံလွှင့် ဌာနတစ်ခုမှ ထုတ်လွှင့်ပြသခဲ့သည့်To Day Online တွင် စိတ်မကောင်းစရာ သတင်းတစ်ပုဒ်ကိုပုံနှင့်တကွတွေ့လိုက်ရ ၏။ သတင်းအချုပ်ကို ဖော်ပြရလျှင် အသက်၎ဝကျော် အမျိုးသမီးတစ်ဦးတွင် ကိုယ်ဝန်ရှိနေသည်။ ထိုနေ့က ဗိုက်နာ သဖြင့် ပုဂ္ဂလိကအထူးကုဆေးခန်းသို့ သွားပြသည်။ ၄င်းအား သားဖွားမီးယပ် အထူးကုဆရာဝန်(OG)က စမ်းသပ်ပြီး အစာမကြေ၍ ဗိုက်နာခြင်းဖြစ်သည်ဟုဆို ကာအစာကြေဆေး၊ လေဆေးများပေးပြီး ပြန်လွှတ်လိုက်သည်။
ထိုကိုယ်ဝန်ဆောင်အမျိုးသမီးသည် ဗိုက်နာမသက်သာသဖြင့် ညဘက်တွင် အဆိုပါဆေးခန်းကိုပင်သွားပြ၏။တာဝန် ကျဆရာဝန်လေးက(OG)ထံဖုန်းဆက်ပြီး အခြေအနေကိုပြောပြ၏။ OG က သူ မနက်ကစမ်းသပ်စစ်ဆေးပြီးဖြစ်၍ မနက် ကပေးထားသောဆေးကိုပင်ဆက်ပေးရန် ပြောလိုက်သည်။ ဆရာဝန်လေးလည်း OGပြောသည့်အတိုင်း မနက်ကပေးထား သည့်ဆေးကိုဆက်သောက်ရန် ပြောပြီး လူနာအားပြန်လွှတ်လိုက်သည်။
လူနာသည် နောက်နေ့တွင် ဗိုက်နာ မသက်သာသည့်အပြင် ပိုဆိုးလာသဖြင့် ပြည်သူ့ဆေးရုံသို့ သွားပြရာသက်ဆိုင် ရာဆရာဝန်က အာထရာဆောင်းရိုက်ပြီး ဗိုက်ကိုစစ်ဆေးရာ လူနာဗိုက်ထဲတွင် ကလေးအမြွာဖြစ်နေခြင်း၊ ဗိုက်ကလည်း ပို၍ပို၍နာလာခြင်းတို့ကြောင့် လူနာအားခွဲ ပြီးကလေးမွေးရန် စီစဉ်တော့၏။ အမြွှာ ကလေးကိုအောင်အောင်မြင်မြင်ဗိုက်ခွဲပြီး မွေးနိုင်ခဲ့သော်လည်း ကလေးတစ်ဦးသာ အသက်ရှင်ပြီးကျန်တစ်ဦးမှာ အသက် မရှိတော့သည့်အတွက် မိခင်မှာစိတ် မကောင်းကြီးစွာခံစားလိုက်ရ၏။အကယ် ၍သာ သူဦးစွာသွားပြသည့် OG က ဂရု တစိုက်စစ်ဆေးပြီးဗိုက်ခွဲမွေးပေးလိုက် မည်ဆိုလျှင်သူ့ကလေးနှစ်ဦးစလုံးအသက် ရှင်နိုင်သည်ဟု ယင်းလူနာကဆိုသည်။
ထို့ပြင် အသက်ရှင်လျက်ထွက် လာသောကလေးမှာလည်း ဦးနှောက်ပုံ မမှန်ခြင်း၊ စကားမပြောနိုင်ခြင်းတို့ ကြောင့် ကျောင်းထားရမည့်အချိန်တွင် ကျောင်းမထားနိုင်သဖြင့် စိတ်မကောင်း ဖြစ်ရပြန်သည်။ လွန်ခဲ့သည့် ငါးနှစ်ခန့် က အဖြစ်အပျက်ကို ယခုမှ Online တွင်တင်လိုက်ရခြင်းမှာ ကိုယ်ဝန်ဆောင် မိခင်များ သူ့လိုအဖြစ်ဆိုးမျိုးမကြုံရစေရန် အသိပေးသည့်အနေဖြင့် တင်ပြရခြင်းဖြစ် သည်ဟုဆိုသည်။


မိသားစုတိုင်းသည် တစ်နည်းမဟုတ် တစ်နည်း၊ တစ်နေ့မဟုတ်တစ်နေ့ ကျန်း မာရေးအတွက် ဆရာဝန်များနှင့် ပြ၍ ဆေးကုသမှုခံယူကြဖူးပါလိမ့်မည်။ ထို အခါဆရာဝန်တချို့၏ 'တာဝန်ယူမှု၊ တာဝန်ခံမှု' မရှိသည်ကိုတွေ့ကြုံခံစားကြ ဖူးပါမည်။ အကြောင်းအမျိုးမျိုးကြောင့် လူသိရှင်ကြားမပြောကြ၍သာ အချို့ကိစ္စ များ သတင်းစာမျက်နှာပေါ်သို့ ရောက် မလာခြင်းဖြစ်ပါ၏။
ဤသည်နှင့် ဆက်စပ်၍ စာရေး သူ၏ကိုယ်တွေ့ဖြစ်ရပ်အချို့ကို မျှဝေ ပေးလိုသည်။
စာရေးသူ၏ ဇနီးသည် မကွယ်လွန် မီကဖြစ်သည်။ ဇနီးသည်တွင် ဆီးချို သွေးချိုရှိသဖြင့် ရန်ကုန်မြို့၌ နာမည်ကြီး ဆီးချိုသွေးချိုအထူးကုဆရာဝန်ကြီး (ပါမောက္ခ)နှင့် ပုဂ္ဂလိကအထူးကုဆေးရုံ ကြီးတွင်ပြသဖူး၏။ ဆရာဝန်ကြီးကို ပြသနိုင်ရန် တစ်ရက်နှစ်ရက်ကြိုတင်၍ ဘွတ်ကင်ယူရ၏။တစ်ခါယူလျှင် ဘွတ် ကင် နံပါတ် ၃ဝ ဖြစ်၍ ညနေ ၅နာရီ လောက်တန်းစီလျှင် ည ၉နာရီကျော် ၁ဝနာရီလောက်မှပြသခွင့်ရ၏။ ဤမျှလူ များသည်။အဘယ်ကြောင့်ဆိုသော်ဆရာ ဝန်ကြီးမှာနာမည်ကြီးသောကြောင့်ဖြစ်၏။
ယင်းဆရာဝန်ကြီးနှင့် ပြသလျှင် စမ်းသပ်ခကျပ် ၁၂ဝဝဝ ပေးရမည်။ ပထမနေ့တွင် ဆေးစစ်ရ၏။ ဆေးစစ် ခမှာ ကျပ် ၉ဝဝဝဝ ကျော်ကျ၏။ အချို့ ဆေးစစ်ချက်အဖြေကို နောက်တစ်နေ့မှ ရ၏။ ဒုတိယနေ့ချိန်းသဖြင့် ထပ်သွား ရ၏။ ထိုအခါမှ ဆရာဝန်ကြီးသည် ဆေးစစ်ချက်များကိုကြည့်ပြီး လူနာအား လိုအပ်သည့်ဆေးစာကို ရေးပေးသည်။ ထိုနေ့က ဆရာဝန်စမ်းသပ်ခ၊ ဆေးဖိုး တစ်ပတ်စာအပါအဝင် ကျပ်တစ်သိန်း ကျော်ဖိုးကျလေသည်။
လူနာရှင်များအနေဖြင့် နာမည်ကြီး အထူးကုဆေးရုံနှင့် နာမည်ကြီးဆရာကို ပြသလျှင် ဤမျှငွေကုန်လိမ့်မည်ဟု ကြို တင်ခန့်မှန်းထားပြီးဖြစ်၍ ဘာမျှပြဿနာ မရှိ။ ပြဿနာရှိသည်က ဤသို့ဖြစ်၏။ ဆရာဝန်ကြီးက ဆေးစစ်ချက်ကို ဖတ် ကြည့်ပြီး ''လူနာမှာ ဆီးချိုသွေးချိုက လည်း ဒီလောက်မဟုတ်ပါဘူး၊ အရေး ကြီးတာက နှလုံးသွေးကြောတစ်ချောင်း ကျဉ်းနေတာပဲ။ အဲဒါကို ခွဲစိတ်ကုသ ရမယ်။ စင်ကာပူမှာသွားကုမယ်ဆိုရင် ကျပ်သိန်း ၄ဝဝ လောက်ကျမယ်။မကြာမီ ကျွန်တော်အသိ ဆရာဝန်ကြီးတစ်ဦး ရန်ကုန်လာမယ်။သူနဲ့ကုချင်ရင်တော့ကျပ် သိန်းတစ်ရာလောက်ပဲကုန်ကျမယ်။ ကု မယ်ဆိုရင်ကျွန်တော်စာရေးပေးလိုက်မယ်''
ဆရာဝန်ကြီးစကားကြောင့် စာရေး သူနှင့်ဇနီးသည်တို့ တစ်ယောက်ကိုတစ် ယောက်အပြန်အလှန်ကြည့်ပြီး ဆရာဝန် ကြီးအား မည်သို့ပြန်ပြောရမည်ကို စဉ်း စားနေကြသည်။ ဆရာဝန်များနှင့်ပတ် သက်၍ အတွေ့အကြုံအထိုက်အလျောက် ရှိသော စာရေးသူက ဆရာဝန်ကြီးအား ''ကျွန်တော်တို့သားသမီးတွေနဲ့ တိုင်ပင် လိုက်ပါဦးမယ်''ဟု ပြောလိုက်သည်။
ထိုအခါဆရာဝန်ကြီးကဒါဆိုလည်း မိတ်ဆက်စာကို နောက်မှပဲယူပေါ့ဟု ပြောသဖြင့် စာရေးသူတို့ ပြန်ခဲ့ကြ၏။
ဤစာရေးသူတွင်လည်း နှလုံးသွေး ကြောကျဉ်းရှိ၏။ လွန်ခဲ့သည့် ၁ဝနှစ် ကျော်ကပင် ဖြစ်သော်လည်း နှလုံးအထူး ကုဆရာဝန်နှင့်ပြသပြီး သူပေးသည့်ဆေး ကို ယနေ့တိုင်သောက်နေရ၏။ နှလုံးရော ဂါ၏သဘောမှာ ဖြစ်ပြီးလျှင် လုံးဝ ပျောက်သွားရိုးထုံးစံမရှိဘဲ ဆေးမှန်မှန် သောက်လျှင်၊ အစားအသောက်အနေအ ထိုင် သတိထားလျှင် ရောဂါပိုဆိုးမလာ နိုင်ဟု ဆရာဝန်များ ပြောပြသဖြင့် သိ ထား၏။
အမှန်တော့ ဆီးချို၊သွေးချိုအထူးကု ဆရာဝန်ကြီးသည် စာရေးသူ၏ဇနီးသည် ၌ နှလုံးသွေးကြောကျဉ်းဖြစ်နေသည်ဟု ဆိုလျှင် နှလုံးအထူးကုဆရာဝန်နှင့်ပြသ ရန် သူလမ်းညွှန်သင့်ပါ၏။ ယခုမူ ထိုသို့ မဟုတ်ဘဲ 'ရောဂါပွဲစား'မျိုး လုပ်နေ သည့်အတွက် စဉ်းစားမရအောင်ပင်ဖြစ် ရ၏။ (စာကြွင်း- နောက်ပိုင်းစာရေးသူ ၏ဇနီးမှာ နှလုံးရောဂါကြောင့်မဟုတ်ဘဲ အသည်းရောဂါဖြင့် ကွယ်လွန်ခဲ့သည်)
နောက်ဖြစ်ရပ်တစ်ခုကိုလည်း ဖော် ပြလိုပါ၏။ စာရေးသူ၏ ဇနီးမှာခါးနာ သဖြင့်အရိုးအကြောအထူးကုသမားတော် နှင့်ပြသရာ ၄င်းပေးသောဆေးကို ကိုး ရက်ခန့်သောက်ပြီးနောက် ခါးနာသက် သာသွားသည်။ သို့ရာတွင် ခါးနာပျောက် ဆေးကြောင့်ဟုထင်သည်။ ဆေးသောက် ပြီးလျှင် ဇနီးသည်မှာ တစ်ချိန်လုံးအိပ် နေတော့သည်။ အစာစားရမည်ကိုလည်း မသိတော့။ ရေသောက်ရမည်ကိုလည်း မသိ။ သူ့ကိုလှုပ်နှိုးမှနိုးနေသည်။ ပြီး တော့သူ့ကြည့်ရသည်မှာ ပုံမှန်မဟုတ် သည်ကိုလည်း သတိပြုမိ၏။
စာရေးသူက ဇနီးအားပြသခဲ့သည့် အထူးကုဆေးခန်းသို့သွား၍ အကျိုး အကြောင်းပြောပြပြီး အရိုးအကြောအထူး ကုသမားတော်နှင့် ဘယ်အချိန်တွေ့နိုင် ပါသလဲလို့မေးကြည့်ရာ၎င်းဆရာဝန်သည် နှစ်ရက်သုံးရက်မှတစ်ခါဆေးခန်းလာ ထိုင်ကြောင်း၊ လူနာရှိမှ သူ့ထံဖုန်းဆက် ခေါ်ရကြောင်းပြောသည်။
ဇနီးသည်၏အခြေအနေအရ အဆိုပါ သမားတော်အား အချိန်ပေး၍တွေ့ရန် မလွယ်သဖြင့် အခြားပုဂ္ဂလိကအထူးကု ဆေးရုံမှ ဦးနှောက်အာရုံကြောဆိုင်ရာ အထူးကုဆရာဝန်ကြီး(ပါမောက္ခ)နှင့် ပြသရန်စီစဉ်ရ၏။ ထိုနေ့ကဆေးစာအုပ် ပြုလုပ်ပြီး အထူးကုဆရာဝန်ကြီးအား ပြသရန် ဆရာဝန်စမ်းသပ်ခကိုလည်း ကြိုတင်ပေးသွင်းပြီး အလှည့်ကျသဖြင့် ဆရာဝန်ကြီးအမည်ဆိုင်းဘုတ်တပ်ထား သောအခန်းအတွင်းသို့ဝင်လိုက်ရာ ဆရာ ဝန်ကြီးကိုယ်စား ဆရာဝန်လေးတစ်ဦး ထိုင်နေသည်ကိုတွေ့ရသဖြင့် ကသိ ကအောက်ဖြစ်သွား၏။ ဆေးရုံရောက်နေ မှတော့ပြလိုက်တာပဲကောင်းမည်ဟုဆုံး ဖြတ်ကာ ၄င်းဆရာဝန်လေးနှင့်ပင်ပြသ လိုက်၏။
ဆရာဝန်လေးသည် ဇနီးသည်အား ငါးမိနစ်ခန့်ဟိုမေးသည်မေးလုပ်ပြီး သောက်ဆေးပေးကာ ပြန်လွှတ်လိုက် သည်။ ဇနီးသည်မှာ သက်သာမှုမရှိ သဖြင့် နောက်တစ်နေ့တွင် ပြည်သူ့ဆေးရုံ သို့ တင်လိုက်မှ လောလောလတ်လတ် ဖြစ်နေသည့်ရောဂါသက်သာသွားပြီး နောက် လေးရက်ခန့်တွင်ဆေးရုံမှပြန် ဆင်းခဲ့သည်။
အထူးကုဆေးခန်း၊ ဆေးရုံအချို့၏ လူနာများအား မလိမ့်တပတ်လုပ်နေမှု များ၊ ဆရာဝန်အချို့၏တာဝန်ယူမှု၊ တာဝန်ခံမှု''မရှိသည်များကို ဖော်ပြရ လျှင် စာတစ်စောင်ပေတစ်ဖွဲ့ဖြစ်သွား နိုင်မည်ထင်သည်။
စာရေးသူသိချင်နေသည်များ အများ အစားရှိသော်လည်း အချက်နှစ်ချက် လောက်ကိုတော့မေးလိုပါသည်။ ဖြေခွင့် ရှိသူ၊ ဖြေနိုင်သူတို့က ဖြေပေးစေချင် ပါ၏။
(၁) ဆရာဝန်များ၏စမ်းသပ်ခကို မည် သူက သတ်မှတ်ပေးထားပါသလဲ။
(က) ကျန်းမာရေးဦးစီးဌာနက သတ် မှတ်ပေးပါသလား။
(ခ) မြန်မာနိုင်ငံ ဆရာဝန်များအသင်း က သတ်မှတ်ပေးပါသလား။
(ဂ) သက်ဆိုင်ရာ အထူးကုဆေး ခန်း/ ဆေးရုံက သတ်မှတ် ပေးပါသလား။
(၂) ဆရာဝန်တချို့၏ တာဝန်ယူမှု၊ တာဝန်ခံမှုမရှိပါက သို့မဟုတ် လူနာရှင် များနစ်နာမှုရှိပါက မည်သည့်ဌာန၊ အဖွဲ့ အစည်းသို့ တိုင်ကြားနိုင်ပါသလဲ။