images
UN
UN
အမျိုးသမီးများနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ
ချင်းတွင်းသား Wednesday, 12 June 2019
စစ်ကိုင်းတိုင်း ဒေသကြီး ကလေးခရိုင် မင်းကင်းမြို့ပြန် ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ခန်းမတွင် ယမန်နေ့နံနက် ၉ နာရီ က ဇူလိုင် ၃ ရက်နေ့တွင် ကျ ရောက်မည့် အမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ် အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်သီသီ မိုး၊ အခြေခံပညာအထက်တန်း ကျောင်းအုပ်ဆရာကြီးဦးဝင်းမြင့်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဦးစီးမှူးဒေါ်မေသက်နွယ် တို့ ပူးပေါင်းကာ စာစီစာကုံးပြိုင်ပွဲ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးဆန်းဗိုလ်က အဖွင့်အမှာစကား ပြောကြားရာ၌ ''နောင်တစ်ချိန်မှာ နိုင်ငံတော် ရဲ့လုပ်ငန်းတာဝန်တွေကို ပခုံး ပြောင်းတာဝန်ထမ်းဆောင်ရမယ့် သားငယ်သမီးငယ်များ ဖြစ်ကြ ပါတယ်။ အဲဒီအတွက်ကြောင့်မို့ မျိုးဆက်သစ်တွေကို အခုလို စာဖတ်ရှိန်မြင့်မားရေးနဲ့ စာအရေး အသား ကောင်းမွန်စေဖို့ရည်ရွယ် ပေးခြင်းဖြစ်ပါတယ်'' ဟု ပြော ကြားသည်။
ထို့နောက် အထက်တန်း အဆင့်တွင် မြန်မာအမျိုးသမီးများ နှင့် မျိုးနွယ်ထိန်းသိမ်းစောင့် ရှောက်ရေး၊ အလယ်တန်းအဆင့် တွင်မြန်မာအမျိုးသမီးများ၏ စွမ်း ဆောင်ရည်ခေါင်းစဉ်နှင့် ယှဉ်ပြိုင် ကြသော ကျောင်းသား ကျောင်းသူ များကိုပထမ၊ ဒုတိယ၊ တတိယဆု များ ချီးမြှင့်ပေးခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ မြို့ နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးဆန်းဗိုလ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးနေလင်း၊ လဝကဦးစီးမှူး ဦးသန်းဖေ၊ စည်ပင်ကြီးကြပ်ရေး ကော်မတီဥက္ကဋ္ဌဒေါ်ခင်မာရည်၊ မြို့နယ်ပညာရေးမှူးဦးသန်းဝင်းနှင့် မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ တက်ရောက်ကြ ကြောင်း သိရသည်။