images
UN
UN
ခိုးဝင်ဘင်္ဂါလီ ၆ဝဝ ကျော်နှင့် ဆက်စပ်မော်တော်ယာဉ်များဖမ်းဆီးရာ၌ကမကထပြုသူအား ဘူးလက်နယူးဂျာနယ်မှ တစ်နှစ်တာအတွက် အမျိုးသားသူရဲကောင်းဆုနှင့်ငွေကျပ်ဆယ်သိန်းချီးမြှင့်
မောင်သိမ်မွေ့(အထက်မင်းလှ) Wednesday, 12 June 2019
မကွေးတိုင်းဒေသကြီးအထက် မင်းလှမြို့နယ်အတွင်း ၂ဝ၁၆ခုနှစ် မှစ၍ တရားမဝင်ခိုးဝင်ဘင်္ဂါလီ များ ဖမ်းဆီးရမိရေးအတွက် မြန် မာနိုင်ငံရဲတပ်ဖွဲ့၊ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့၊ အမျိုးသားရေး အသိစိတ်ဓာတ်ရှိသူများနှင့်အတူ ပူးပေါင်း၍ ကမကထပြုဆောင် ရွက်သူ မင်းလှမြို့နယ် ရွာတော် ကျေးရွာနေဦးလှမြင့်အား ဘူးလက် ဂျာနယ်မှ တစ်နှစ်တာအတွက် 'အမျိုးသားသူရဲကောင်းဆု'တံဆိပ် လည်ဆွဲ Medal ၊ ဆုတံဆိပ် Trophy နှင့် ငွေကျပ် ၁ဝသိန်းချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁ဝ နာရီက မင်းလှမြို့နယ်ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင်တက်ရောက် လာသူများက မတ်တတ်ရပ်၍နိုင်ငံ တော်သီချင်းသီဆိုဖွင့်လှစ်သည်။ထို့နောက် အခမ်းအနားမှူးက ဦးလှမြင့်၏ ကိုယ်ရေးအကျဉ်းကို ဖတ်ကြားတင်ပြပြီး ဦးလှမြင့်က တက်ရောက်လာသူများသို့ ဝမ်း မြောက်စကားပြောကြားသည်။ထို့ နောက်ဘူးလက်လှဆွေက ဆုချီး မြှင့်ရခြင်းကို ရှင်းလင်းပြောကြား သည်။
အစီအစဉ်အရ မင်းလှမြို့နယ် အုပ်ချုပ်ရေးမှူးကိုယ်စား ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူးဦးဝင်း လွင်ဌေး၊ မြို့နယ်စာရေးဆရာ အသင်းနာယကဦးချစ်လွင် (အမျိုး သားစာပေဆုနှစ်ဆုရ ကဗျာဆရာ တောသားကြီးလူနိုင်)နှင့်ဘူးလက် နယူးဂျာနယ်ထုတ်ဝေသူ ဘူးလက် လှဆွေတို့ကဆုတံဆိပ်၊လည်ဆွဲနှင့် ငွေကျပ် ၁ဝသိန်းတို့ကို အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။
အခမ်းအနားသို့ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းလွင်ဌေး၊ ဘူးလက်နယူးဂျာနယ်ထုတ်ဝေသူ ဘူးလက်လှဆွေ၊ မကွေးတိုင်း ဒေသကြီး ပြည်ခိုင်ဖြိုးပါတီကော် မတီဝင်ဦးဝင်းတင်၊ အရန်ပါတီ ကော်မတီဝင်ဦးလှစိုး၊မြို့နယ်ပြည် ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးမျိုးမြင့်နှင့် ကော်မတီဝင်များ၊ ပါတီဝင်များ၊ မြို့နယ်စာရေးဆရာအသင်းနာယ က ဦးချစ်လွင်၊ အတွင်းရေးမှူး ဦးသောင်းလှိုင်နှင့်အသင်းဝင်များ၊ အခြားဖိတ်ကြားထားသောဧည့် သည်တော်များ တက်ရောက်ကြ သည်။