images
UN
UN
ကျွန်းစုမြို့ နယ်ငမန်းချောင်းတောင်ကျေးရွာချောင်းအတွင်း၌ ခရီးသည်တင်စက်လှေတစ်စင်းမီးလောင်မှုဖြစ်ပွား
မြင့်ဦး(မြိတ်) Wednesday, 12 June 2019
တနင်္သာရီတိုင်းဒေသကြီးမြိတ် ခရိုင်ကျွန်းစုမြို့နယ်ကံမော်ကျေးရွာ အုပ်စု ငမန်းချောင်း တောင်ချောင်း အတွင်းရှိ တံတား၌ ယမန်နေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်က ဆိုက်ကပ်ထားသည့်ခရီးသည်တင် စက်လှေတစ်စင်းဝိုင်ယာရှော့ခ်ဖြစ် ၍ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြိတ်ခရိုင်မီးသတ်ဦးစီးဌာနမှ သိရ သည်။
ကျွန်းစုမြို့နယ် ကံမော်ကျေး ရွာအုပ်စု ငမန်းချောင်းတောင် ကျေးရွာနေ ဦးဌေးအောင် ပိုင်ဆိုင် သောအလျား ၅၇ပေ၊ အနံ ၁၅ ပေ၊ ထု ခြောက်ပေ မစ်ဆူဘီရှီ အမျိုးအစားခြောက်လုံးထိုး မြင်း ကောင်ရေ ၁၆ဝ အား တပ်ဆင် ထားသည့် ''အောင်မြတ်မင်း'' အမည်ရှိ ငမန်းချောင်း တောင်-မြိတ် ပြေးဆွဲနေသော ခရီးသည် တင်စက်လှေသည် ယမန်နေ့ မွန်း လွဲ ၁၂ နာရီ ၄၅ မိနစ်တွင် ယင်း ကျေးရွာချောင်းအတွင်းဦးဟန်ဝင်း အောင်၏ နေအိမ်တံတား၌ ဆိုက် ကပ်၍စက်ဆရာဖြစ်သူမောင်ကျော် ဇင်ထိုက်နှင့် လှေသားများဖြစ်ကြ သော မောင်အေးဇင်၊မောင်ညီညီ ဇော်၊ မောင်နိုင်နိုင်တို့နှင့် ဦးဟန်ဝင်း အောင်၏ အလုပ်သမားဖြစ်သူ ဦးမဲ တုန်းတို့က ဦးဟန်ဝင်းအောင်ပိုင် ကုန်ပစ္စည်းများအား စက်လှေပေါ် သို့တင်စဉ် စက်လှေ၏ စက်ခန်း အတွင်းမှ ဝါယာရှော့ခ်ဖြစ်ကာ မီး စတင်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ သည်။
ယင်းစက်လှေမီးလောင်မှုဖြစ် ပွားရာသို့ ကျွန်းစုမြို့နယ်မီးသတ် ဦးစီးမှူး ဦးဝင်းဇော်မိုးနှင့်သန္ဓေ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီး သတ်တပ်ဖွဲ့ဝင် ၂၄ ဦးတို့နှင့်အတူ ကျေးရွာနေ ရွာသူရွာသားများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁ နာရီ ၂၅ မိနစ် တွင်မီးထိန်းနိုင်ခဲ့ပြီး မွန်းလွဲ ၁ နာရီခွဲတွင် မီးငြိမ်းသွား ခဲ့ကြောင်းသိရသည်။
မီးလောင်ကျွမ်းမှုကြောင့် ခရီး သည်တင်စက်လှေ၏ လှေပဲ့ပိုင်း နှင့် မစ်ဆူဘီရှီခြောက်လုံးထိုး မြင်း ကောင်ရေ ၁၆ဝအား စက်တစ်လုံး၊ စက်မောင်းဆီ(ဒီဇယ်ဆီ)နှစ်ပီပါ ခန့် စုစုပေါင်းတန်ဖိုးငွေကျပ်သိန်း ၄ဝ ခန့် မီးလောင်ဆုံးရှုံးခဲ့ပြီး လူနှင့် တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှုမရှိ ကြောင်း သိရသည်။
အဆိုပါလှေမီးလောင်မှုဖြစ်စဉ် နှင့်ပတ်သက်၍ ကံမော်နယ်မြေရဲ စခန်းမှ စက်ဆရာဖြစ်သူ ကျော်ဇင် ထိုက်(၂၅နှစ်)ငမန်းချောင်းတောင် ကျေးရွာနေသူအား ကံမော်နယ်မြေ ရဲစခန်းမှ (ပ)အမှတ် ၂၃/၂ဝ၁၉၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ဖြင့်အမှုဖွင့် အရေးယူထားကြောင်း သိရသည်။