images
UN
UN
ညောင်ဦး-မြင်းခြံသွားကားလမ်းတွင်ခရီးသည်ပို့ဆောင်ရေးယာဉ်က အရှိန်မထိန်းနိုင်ဘဲရှေ့မှမောင်းနှင်သည့် မော်တော်ဆိုင်ကယ်အားတိုက်မှုဖြစ်ပွား
ရဲဝင်းနိုင်(ညောင်ဦး) Wednesday, 12 June 2019
မန္တလေးတိုင်းဒေသကြီး ညောင် ဦးမြို့နယ် ညောင်ဦး-မြင်းခြံသွား ကားလမ်းအနောက်ပုလင်းကျေးရွာ အနီးတွင် ယမန်နေ့ နံနက် ၁၁ နာရီ ၅ မိနစ်က ခရီးသည်ပို့ဆောင်ရေး ယာဉ်က အရှိန်မထိန်းနိုင်ဘဲ ရှေ့မှ မောင်းနှင်နေသည့် မော်တော်ဆိုင် ကယ်ကို ဝင်ရောက်တိုက်မှုဖြစ် ပွားခဲ့ပြီး ဆိုင်ကယ်မောင်းနှင်သူ အမျိုးသမီးတစ်ဦး၊ ကလေးနှစ်ဦး နှင့် အမျိုးသားတစ်ဦးတို့ထိခိုက် ဒဏ်ရာများရရှိခဲ့ကြောင်း သိရ သည်။
ဖြစ်စဉ်မှာ ယမန်နေ့ နံနက် ၁၁ နာရီ ၅ မိနစ်ခန့်က ညောင်ဦးမြို့ နယ်ညောင်ဦး-မြင်းခြံသွားကား လမ်းအနောက်ပုလင်းကျေးရွာ အနီးတွင် ယာဉ်တိုက်မှုဖြစ်ပွား ကြောင်းသတင်းအရ ညောင်ဦး မြို့မရဲစခန်းမှရဲတပ်ကြပ်သန်းဦး သည် ညောင်ဦးမြို့ အမှတ်(၉၃) ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုရဲအုပ် အောင်နိုင်ဦးနှင့်တပ်ဖွဲ့ဝင်များလိုက် ပါ၍သက်သေအဖြစ်ပုလင်းကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးခင်ဆွေ၊ ရာအိမ်မှူး ဦးသိန်းတန်တို့နှင့် အတူ အခင်းဖြစ်နေရာအား သွားရောက် ကြည့်ရှုစစ်ဆေးရာ ညောင်ဦး - မြင်းခြံသွားကားလမ်းမိုင်တိုင်အမှတ် (၅/၈ နှင့် ၆/ဝ) ကြားအနောက်မှ အရှေ့သို့ ဆိုင်ကယ်ယာဉ်မောင်း ဒေါ်တင်တင်မိမောင်းနှင်ပြီးနောက် တွင် အောင်ပိုင်ဖြိုးနှင့် အေးချမ်း မောင်တို့ နှစ်ဦးစီးနင်းလိုက်ပါလာ သော ဆိုင်ကယ်ယာဉ်အမှတ် ၂၁ယ/----AHAYAN – 110 စိမ်းနက်ရောင်ဆိုင်ကယ်သည် ရှေ့ မှမောင်းနှင်နေစဉ် နောက်မှလား ရာတူအတိုင်း ယာဉ်မောင်းဦးသိန်း ထိုက်မောင်းနှင်လာသော မော် တော်ယာဉ်အမှတ်MDY/3P – 1494 King Long အမျိုးအစား အဖြူရောင်မီနီဘတ် သန်းစုအောင် ခရီးသည် ပို့ဆောင်ရေးယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ နောက်မှဝင် ရောက်ချိတ်မိသဖြင့် ဆိုင်ကယ်မှာ တိမ်းမှောက်သွားခဲ့ပြီး ဆိုင်ကယ် မောင်းသူဒေါ်တင်တင်မိတွင် ဦး ခေါင်းနောက်စေ့ပေါက်ပြဲဒဏ်ရာ၊ ဝဲခြေသလုံးဖူးရောင်ဒဏ်ရာ၊ဝဲဘက် ပခုံးနာကျင်ဒဏ်ရာ၊ နှာခေါင်း ပွန်းပဲ့ဒဏ်ရာများရရှိပြီး ဆိုင်ကယ် နောက်တွင် စီးနင်းလိုက်ပါလာ သည့် အောင်ပိုင်ဖြိုးတွင်ဦး ခေါင်း ယာဘက်ဖူးရောင်ဒဏ်ရာ၊ ယာနား ပွန်းပဲ့ဒဏ်ရာ၊ ဝဲဘက်ဒူးပွန်းပဲ့ ဒဏ်ရာနှင့် အေးချမ်းမောင်တွင် ဦးခေါင်းဝဲဘက် ပေါက်ပြဲဒဏ်ရာ၊ ဝဲဘက်ဒူးနာကျင်ဒဏ်ရာ၊ ယာ လက်တံတောင်ဆစ်နာကျင်ဒဏ် ရာတို့ ရရှိခဲ့ကြပြီးယာဉ်မှာ အရှိန် မထိန်းနိုင်ဘဲ လမ်းဝဲဘက်ခြမ်းသို့ ရောက်ရှိသွားခဲ့ရာ ယာဉ်ပေါ်ပါသူ ဦးကျော်ဖြူမှာ ကားမှန်ပြတင်း ပေါက်မှခေါင်းထွက်ကြည့်စဉ် ကား လမ်းဝဲဘက်ခြမ်းရှိထနောင်းပင်အား ပွတ်တိုက်မှုဖြစ်ပြီး ဦးကျော်ဖြူတွင် ဦးခေါင်းယာချိုစောင်း ပေါက်ပြဲ ဒဏ်ရာ၊ နှာခေါင်းသွေးထွက် ဒဏ်ရာ၊ ပါးစပ်သွေးထွက်ဒဏ်ရာ တို့ရရှိခဲ့သဖြင့် ညောင်ဦးပြည်သူ့ ဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံ ယူရန် ပို့ဆောင်ထားရှိကြောင်း သိရသည်။
အဆိုပါ ယာဉ်တိုက်မှုနှင့် ပတ် သက်၍ ယာဉ်အားမဆင်မခြင် မောင်းနှင်သူယာဉ်မောင်းဦးသိန်းထိုက် အား ညောင်ဦးမြို့မရဲစခန်းမှ ယာဉ် (ပ)၃ဝ၊ ၂ဝ၁၉၊ ဥပဒေပုဒ်မ- ၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေး ယူဆောင်ရွက်ထားရှိကြောင်း သိရ သည်။