images
UN
UN
မိုးညှင်းမြို့တွင် ပိုင်ရှင်ခွင့်ပြုချက်မရဘဲ ကျောက်စိမ်းတုံးသယ်ဆောင်သူများအား အမှုဖွင့်တရားစွဲ
ကချင်မြေနဂါး Wednesday, 12 June 2019
ကချင်ပြည်နယ် မိုးညှင်းမြို့မရဲစခန်းတွင် (ပ)၉၃/၂ဝ၁၉ ကျောက် မျက်ဥပဒေပုဒ်မ ၅၁(က)/၄၈(ခ)ဖြင့် အမှုဖွင့်လှစ်ထားသော ကျောက်စိမ်း များနှင့်ပတ်သက်၍ ပိုင်ရှင်ဖြစ်သူမှ မသိရှိဘဲ အဆိုပါကျောက်စိမ်းများ သယ်ဆောင်ရာတွင် ပါဝင်ပတ်သက်သူများအား တရားစွဲဆိုခဲ့ကြောင်း သိရသည်။
ဖြစ်ပွားပုံမှာ ၂ဝ၁ဝ ပြည့်နှစ်တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ သတ္ထုတွင်းဝန်ကြီးဌာနမှ ဖော်ထုတ်လုပ်ကွက်အဖြစ် ကျောက်မျက်ရတနာ ထုတ်လုပ်ခြင်းလုပ်ငန်းခွင့်ပြုမိန့် အမှတ်စဉ်(၁၇၅ဝ/၂ဝ၁ဝ)ဖြင့်(၂ဝ-၇-၂ဝ၁ဝ)နေ့မှ (၂၆-၇-၂ဝ၁၃)အထိ ကျောက်စိမ်းအရိုင်း တူးဖော်ထုတ် လုပ်ခွင့်အား ဦးမရမ်တန်(ခ)ဦးတန်ဂွန်းနှင့် ဇနီးဖြစ်သူ ဒေါ်ရွယ်ဂျီးတို့က ဂွေခါကျောက်မျက်ကုမ္ပဏီအမည်ဖြင့် လုပ်ပိုင်ခွင့်ရရှိခဲ့သည်။
အဆိုပါလုပ်ကွက်မှ တူးဖော်ရရှိသောကျောက်စိမ်းအရိုင်းတုံးအရွယ် အစားအစုံ(၁ဝ၉)တုံးအား ဟိုပင်မြို့ မြဇေယျာရပ်ကွက် အိမ်အမှတ် (၅/၉၉၈)အိမ်ရှင် ဦးဘသိန်းပိုင်ဆိုင်သော ခြံဝင်းအားနှစ်ချုပ်ဖြင့် ငှားရမ်း ၍ထားရှိခဲ့ပြီး ဦးမရမ်တန်(ခ)ဦးတန်ဂွန်းသည် (၂၃-၃-၂ဝ၁၃) တွင် ယာဉ်မတော်တဆမှုဖြင့် သေဆုံးသွားခဲ့သဖြင့် ဇနီးဖြစ်သူဒေါ်ရွယ်ဂျီးက ဟိုပင်မြို့နေ ဦးဘသိန်း၏ခြံတွင် ထားရှိသော ကျောက်စိမ်းအရိုင်းတုံး (၁ဝ၉)တုံးအား ဆွေမျိုးတော်စပ်သူဒေါ်မေရီ(ခ) ဒေါ်မေရီဂျာဆန်အား ၂ဝ၁၃ ခုနှစ် ဧပြီလတွင် ငွေကျပ်သိန်း(၄ဝဝ)ဖြင့်ရောင်းချခဲ့သည်။
ထို့ကြောင့်ဒေါ်မေရီ(ခ)ဒေါ်မေရီဂျာဆန်သည်ခြံစောင့်အဖြစ် ဟိုပင် မြို့နေ ဦးတင်လှအားထားရှိခဲ့ပြီး ခြံပိုင်ရှင်ဦးဘသိန်းက ခြံငှားရမ်းခ မရရှိဟုဆိုကာ ဦးတင်လှအားနှင်ထုတ်ခဲ့သည်ကိုကြားသိရ၍ ဒေါ်မေရီ(ခ) ဒေါ်မေရီဂျာဆန်သည် ဦးဘသိန်းနှင့်တွေ့ဆုံကာ ခြံငှားရမ်းခတစ်နှစ်လျှင် ငွေကျပ်ခုနစ်သိန်းဖြင့် သဘောတူညီခဲ့ကြပြီး(၅-၁-၂ဝ၁၅)နေ့တွင် စရန်ငွေ ငွေကျပ် ငါးသိန်းအား သက်သေများရှေ့တွင် ပေးအပ်ခဲ့သည်။
ဒေါ်မေရီ(ခ)ဒေါ်မေရီဂျာဆန်သည် ဖားကန့်မြို့သို့ ပြန်ရောက်စဉ် သားဖြစ်သူသေဆုံးခဲ့ပြီးမိမိကိုယ်တိုင်မှာလည်းအဆုတ်တီဘီနှင့်နှလုံးရောဂါ တို့စွဲကပ်၍ အိပ်ရာထက်လဲနေစဉ် ကျောက်စိမ်းတုံးများနှင့်ပတ်သက်၍ အဆက်အသွယ်ပြတ်ခဲ့သည်။ ၂ဝ၁၈ ခုနှစ်အောက်တိုဘာလတွင် ဒေါ်မေ ရီ(ခ)ဒေါ်မေရီဂျာဆန်သည် တူဖြစ်သူ ဦးတိန်ဘားလအားစေလွှတ်၍ ဦးဘသိန်းထံ ငွေကျပ်၂၇သိန်းပေးခဲ့ရာဦးဘသိန်းက လက်မခံသည့်အပြင် ဦးဘသိန်းသည် ကျောက်စိမ်းတုံး ၁၃ တုံးအား ရောင်းစားထားသည်ကို သိရသည်။ ၃-၄-၂ဝ၁၉ နေ့တွင် ဦးဘသိန်းနှင့်ဦးအောင်ကျော်မိုးတို့ သည် မိုးညှင်းမြို့နယ် ကျောက်မျက်ရုံးဝန်ထမ်းများနှင့်အတူခြံအတွင်း ရှိကျောက်စိမ်းတုံးများအားကရိန်းဖြင့် ချိန်တွယ်နေသဖြင့်တားဆီးခဲ့ပြီး ၁-၅-၂ဝ၁၉ နေ့ နံနက် ၁ဝ နာရီတွင် ဒေါ်မေရီ(ခ)ဒေါ်မေရီဂျာဆန်နှင့် သက်သေများ၊ဦးဘသိန်းနှင့်သက်သေများသည် ဟိုပင်နယ်မြေရဲစခန်းတွင် ညှိနှိုင်းခဲ့ကြသော်လည်း အထောက်အထားမစုံလင်သဖြင့် (၈-၅-၂ဝ၁၉)နေ့တွင် ချိန်းဆိုခဲ့ကြသော်လည်း ဦးဘသိန်းနှင့်အပေါင်းအပါများ သည်ကျောက်စိမ်းတုံး ၁ဝဝ ၊အလေးချိန် ၂၈၈ တန်အား မမှန်ကန်သော နည်းလမ်းဖြင့် သယ်ဆောင်သွားစဉ် မိုးညှင်းမြို့တွင်ဖမ်းဆီးထိန်းသိမ်းခံ ခဲ့ရသည်။
ထို့ကြောင့် ဒေါ်မေရီ(ခ)ဒေါ်မေရီဂျာဆန်က မိမိပိုင်ဆိုင်သောကျောက် စိမ်းအရိုင်းတုံးများအား မိမိခွင့်ပြုချက်မရဘဲ သယ်ဆောင်သွားကြသော ဦးဘသိန်း(ခ)၊ ဦးရမ်ဖါရိန်(၆၃)နှစ်(ဘ)ဦးရန်တာချမ်း နန့်ပုတ်ကျေးရွာ၊ ဦးအောင်ကျော်မိုး(စုံစမ်းဆဲ)နှင့်ပါဝင်ပတ်သက်သူများအားအရေးယူပေး ပါရန်အမှုဖွင့်လှစ်ခဲ့သဖြင့် ဟိုပင်နယ်မြေရဲစခန်းမှ (ပ)၂၂/၂ဝ၁၉၊ ပုဒ်မ ၃၈ဝ/၁၁၄ ဖြင့် အမှုရေးဖွင့်ထားခဲ့ကြောင်း သိရသည်။