images
UN
UN
လက်လီအရောင်းဆိုင်များ အဆင်ပြေစေမည့်ဝန်ဆောင်မှုများ တိုးမြှင့်ပေးအပ်ရန် Metro ပြင်ဆင်
NG Wednesday, 12 June 2019
မြန်မာဈေးကွက်အတွင်း၌ အွန်လိုင်းမှတစ်ဆင့် လူသုံးကုန်နှင့် စားသောက်ကုန်များကို လက်လီ လက်ကားရောင်းချမှုများ ပြုလုပ် ပေးနေသည့် Metro ကုမ္ပဏီ သည် လက်လီအရောင်းဆိုင်များ အဆင်ပြေစေမည့်ဝန်ဆောင်မှုများ တိုးမြှင့်ပေးအပ်ရန် စီစဉ်လျက်ရှိ ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ရုံးခွဲ ၏ အမှုဆောင်အရာရှိချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသူက ပြော သည်။
Metro ကုမ္ပဏီသည် မတ် လအတွင်းမှစတင်ကာ မြန်မာဈေး ကွက်အတွင်း၌ လက်လီလက်ကား ရောင်းချမှုများ စတင်ပြုလုပ်ခဲ့ ခြင်းဖြစ်သည်။ ကမ္ဘာအရပ်ရပ် တွင် လက်လီလက်ကားရောင်းချ မှုများကို အွန်လိုင်းကိုအသုံးပြုလုပ် ဆောင်နေသည့် Metro ကုမ္ပဏီ သည် မြန်မာနိုင်ငံအတွင်း၌ ဝန် ဆောင်မှုများပေးအပ်ရာတွင် တိုက် ရိုက်စိုက်ပျိုးထုတ်လုပ်ရောင်းချသူ များနှင့်ချိတ်ဆက်ကာ လတ်ဆတ် သောစားသောက်ကုန်များနှင့်လူသုံး ကုန်စည်များရရှိရန် ဦးစားပေး ဆောင်ရွက်ထားသည်ဟု သတင်း ထုတ်ပြန်ခဲ့ဖူးသည်။ လက်ရှိအချိန် ၌ အွန်လိုင်းမှတစ်ဆင့် ဝယ်ယူနိုင် သော Metro ကုမ္ပဏီ၏ဝန်ဆောင် မှုများကို မြန်မာနိုင်ငံအတွင်း၌ ပေးအပ်လျက်ရှိရာတွင် ကုန်စည် အမျိုးအစား ၂၅ဝဝခန့်အား မှာ ကြားကာ ဝယ်ယူနိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီးများ တွင် လက်လီလက်ကားရောင်းချ မှုများကို တိုးမြှင့်ရန်လည်း ပြင် ဆင်လျက်ရှိသည်။