images
UN
UN
မန်ယူ၏အပြောင်းအရွှေ့ကိစ္စများကို အိဒ်ဝုဝါဒ်ကသာ ဆက်လက်ဆုံးဖြတ်ဦးမည် မာဂူရီနှင့်ဘစ်ဆာကာတို့ကို ဆိုးလ်ရှားက လိုချင်သော်လည်း ဆွေးနွေးမှုများအဆင်မပြေ
Wednesday, 12 June 2019
မန်ယူသည် အပြောင်းအရွှေ့ ကိစ္စများတွင် အောင်မြင်မှုရရှိရန် ရည်ရွယ်၍ အားကစားဒါရိုက်တာ သို့မဟုတ် နည်းစနစ်ဒါရိုက်တာ တစ်ဦးကို ခန့်အပ်ရန် စီစဉ်နေ သော်လည်း အမှုဆောင်ချုပ် အိဒ် ဝုဝါဒ်သည် အပြောင်းအရွှေ့ကိစ္စ များအတွက် အရေးပါဆုံးပုဂ္ဂိုလ် အဖြစ် ဆက်လက်တာဝန်ယူထား ဆဲဖြစ်ကြောင်း သိရသည်။ ပြီးခဲ့ သည့်အပြောင်းအရွှေ့ကာလများတွင် မန်ယူအသင်းပစ်မှတ်ထားသည့် ကစားသမားများကို အောင်မြင်စွာ ခေါ်ယူပေးနိုင်ခဲ့ခြင်းမရှိ၍ အိဒ် ဝုဝါဒ်၏စွမ်းဆောင်ရည်နှင့်ပတ်သက် ၍ ပရိသတ်များက သဘောမကျမှု များ ရှိခဲ့ကြသည်။
လက်ရှိတွင် မန်ယူသည် ရီ ယိုဖာဒီနန်၊ ဖလက်ချာနှင့် အီဗရာ တို့ကို ဆွေးနွေးမှုများပြုလုပ်နေ သည်။ ရီယိုဖာဒီနန်အား အား ကစားဒါရိုက်တာ သို့မဟုတ် နည်း စနစ်ဒါရိုက်တာ ရာထူးအတွက် ဆွေးနွေးနေခြင်းဖြစ်ပြီး အီဗရာနှင့် ဖလက်ချာတို့ကို အပြောင်းအရွှေ့ ကိစ္စများတွင် အကူအညီပေးနိုင်ရန် တာဝန်ပေးအပ်လိုခြင်းဖြစ်သည်။ သို့သော် မန်ယူသည် ကစားသမား ခေါ်ယူမှုအတွက် ¤င်းတို့သုံးဦး အပြင် အသင်းမှအချက်အလက် ရှာဖွေရေးဆောင်ရွက်သူ၊ လူငယ် ကစားသမားများနှင့် ပူးပေါင်း ဆောင်ရွက်သူကိုပါ ဆွေးနွေးမှုများ ပြုလုပ်စေပြီး ထွက်ပေါ်လာသည့် အဖြေကို အိဒ်ဝုဝါဒ်က ထပ်မံဆုံး ဖြတ်မည့်အခြေအနေဖြစ်သည်။
သို့သော် မန်ယူနည်းပြဆိုးလ် ရှားနှင့်လက်ထောက်နည်းပြမိုက် ဖီလန်တို့သည် ကစားသမားခေါ်ယူ မှုအတွက် အသင်းကိုတောင်းဆိုနိုင် သော အဆင့်မျိုးတွင် ရှိနေသေး သည်ဟုသိရသည်။ လက်ရှိတွင် ဆိုးလ်ရှားနှင့်မိုက်ဖီလန်တို့သည် လက်စတာနောက်ခံလူ မာဂူရီနှင့် ပဲလေ့စ်နောက်ခံလူ ဘစ်ဆာကာ တို့ကို ခေါ်ယူပေးရန် အသင်းကို တောင်းဆိုမှုပြုလုပ်ထားသည်ဟု သိရသည်။သို့သော် မာဂူရီအတွက် လက်စတာက ပေါင်သန်း ၉ဝ တောင်းနေပြီး ဘစ်ဆာကာအတွက် ပဲလေ့စ်က ပေါင်သန်း ၆ဝ အထိ လိုချင်နေ၍ ညှိနှိုင်းမှုများ အဆင် မပြေသေးပေ။ဖာဒီနန်ကမူ အသင်း ၌ပြန်လည်တာဝန်ယူရေးမှာ တာ ဝန်ထမ်းဆောင်ခွင့်အပေါ်တွင် မူ တည်နေသည်ဟု ထုတ်ဖော်ပြော ကြားထားသည်။Ref ;Dailymail