images
UN
UN
အသင်းမှထွက်ခွာခွင့်ပေးရန် အမ်ဘာပေးမတောင်းဆိုခဲ့
Wednesday, 12 June 2019
ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘာပေးက ရီးရဲလ်မက်ဒရစ်သို့ ပြောင်း ရွှေ့ရန်အတွက် အသင်းကို တောင်းဆိုမှုမရှိခဲ့ကြောင်း ရှင်းလင်းလိုက် သည်။ အမ်ဘာပေးကို ရီးရဲလ်မက်ဒရစ်က ခေါ်ယူရန် ဆန္ဒရှိနေပြီး ယခုအပြောင်းအရွှေ့ကာလတွင် ပစ်မှတ်ထားနေသည့်ကစားသမားများ အတွင်း၌ပင် ပါဝင်နေသည်ဟု သတင်းထွက်နေသည်။ ပြီးခဲ့သည့်ရက် ပိုင်းအတွင်း အမ်ဘာပေးသည် ရီးရဲလ်မက်ဒရစ်သို့ပြောင်းရွှေ့ခွင့်ပြုရန် ပီအက်စ်ဂျီအား တောင်းဆိုထားပြီးဖြစ်ကြောင်းလည်း ဖော်ပြမှုများရှိခဲ့ သည်။ သို့သော် အမ်ဘာပေးက လက်ရှိအချိန်သည် ရီးရဲလ်မက်ဒရစ် အကြောင်းပြောရန် သင့်တော်သည့်ကာလမျိုးမဟုတ်ဘဲ ထွက်ပေါ်နေသည့် သတင်းများမှာလည်း သတင်းမှားများသာဖြစ်သည်ဟု အန်ဒိုရာအား ပြင်သစ်က အနိုင်ရပြီးနောက်ပြောခဲ့သည်။ Ref ;Skysports