images
UN
UN
ယူရိုပါလိဂ်ပြိုင်ပွဲကို အေစီမီလန်ပါဝင်ယှဉ်ပြိုင်ခွင့်ရနိုင်
Wednesday, 12 June 2019
အေစီမီလန်အသင်း၏ အယူခံကို ကမ္ဘာ့အားကစားခုံရုံးက သြဂုတ် ၁၄ ရက်မတိုင်မီကြားနာမှုပြုလုပ်မည်မဟုတ်ဟု ဆုံးဖြတ်လိုက်ခြင်း ကြောင့် အေစီမီလန်သည် လာမည့်ရာသီယူရိုပါလိဂ်ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရနိုင်သည့်အခြေအနေရှိသည်။ လာမည့်ရာသီအတွက် ယူရို ပါလိဂ်အုပ်စုပွဲစဉ်များမှာ သြဂုတ်လတွင်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ပြိုင်ပွဲမှအေစီမီလန်ထုတ်ပယ်ခံရပါက အစားဝင်မည့်အသင်းအတွက် ကြိုတင်ပြင်ဆင်မည့်အချိန်ပေးရမည်ဖြစ်သည်။ ထို့ကြောင့် ဆုံးဖြတ်ချက် သည် တစ်လနီးပါးအထိ ကြိုတင်ထွက်ပေါ်နေရန်လိုအပ်သည်။ သို့ သော်လက်ရှိတွင် ကမ္ဘာ့အားကစားခုံရုံးက သြဂုတ် ၁၄ ရက်မတိုင်မီ အေစီမီလန်၏ပြဿနာကို ကြားနာမှုမလုပ်ဟု ဆုံးဖြတ်ခဲ့၍ ယူရိုပါလိဂ် ကိုဝင်ပြိုင်ခွင့်ရဖွယ်ရှိနေခြင်းဖြစ်သည်။ Ref ;Gazzetta