images
UN
UN
ယူ-၂ဝ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် တောင်ကိုရီးယားနှင့်ယူကရိန်းတို့ ဗိုလ်လုပွဲရောက်
Wednesday, 12 June 2019
ပိုလန်နိုင်ငံ၌ လက်ခံကျင်းပ နေသော ယူ-၂ဝ ကမ္ဘာ့ဖလားပြိုင် ပွဲ၏ ဗိုလ်လုပွဲသို့ တောင်ကိုရီး ယားနှင့်ယူကရိန်းတို့တက်ရောက် ခဲ့ကြပြီဖြစ်သည်။ တောင်ကိုရီး ယားသည် အီကွေဒေါနှင့်ယှဉ်ပြိုင် ကစားခဲ့သော ဆီမီးဖိုင်နယ်ပွဲစဉ် တွင် ဂျန်ချိုရီသွင်းယူခဲ့သည့်ဂိုး တစ်ဂိုးတည်းဖြင့် အနိုင်ရခဲ့ခြင်းဖြစ် ပြီး ယူကရိန်းအသင်းသည်လည်း အီတလီအား ဘူလက်ဆာသွင်းယူ သည့်ဂိုးတစ်ဂိုးတည်းဖြင့်အနိုင်ရခဲ့ ခြင်းဖြစ်သည်။
တောင်ကိုရီးယားသည် ယခင် က စတုတ္ထနေရာသို့သာ အမြင့် ဆုံးရောက်ခဲ့ဖူးပြီး ယူကရိန်းသည် ၁၆သင်းအဆင့်သို့သာ အမြင့်ဆုံး တက်ရောက်ခဲ့ဖူး၍ နှစ်သင်းစလုံး အတွက် ဗိုလ်လုပွဲသို့ ပထမဆုံး အကြိမ်ရောက်ရှိခြင်းလည်းဖြစ်သည်။ ယူ-၂ဝ ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်း တွင် အအောင်မြင်ဆုံးအသင်းမှာ အာဂျင်တီးနားဖြစ်ပြီး ချန်ပီယံဆု ခြောက်ကြိမ်ရထားသည်။ ယူ-၂ဝ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် တောင် အမေရိကနှင့်ဥရောပအသင်းများ သာအများဆုံးဗိုလ်စွဲထားပြီး ၂ဝဝ၉ ခုနှစ်တွင်ဂါနာတစ်သင်းသာအခြား ဒေသမှဗိုလ်စွဲသော အသင်းဖြစ် ခဲ့သည်။ Ref ;FIFA