images
UN
UN
အောင်မြင်မှုသို့ သွားရာလမ်း
ချစ်နိုင်(စိတ်ပညာ) Wednesday, 12 June 2019
အောင်မြင်မှုက လူတွေကို စိတ်ကြီး ဝင်အောင်၊ အတ္တဗဟိုပြုသူတွေဖြစ်လာ အောင်၊ ကိုယ့်ကိုယ်ကိုယ်အားရကျေနပ် သူတွေဖြစ်လာအောင်ပြုလုပ်ခြင်းဖြင့် ဖျက်ဆီးပစ်လေ့ရှိတယ်ဆိုတဲ့အယူအဆ ဟာ မှားယွင်းပါတယ်။ တကယ့်အမှန် တရားက အောင်မြင်မှုဟာ လူတွေကို အဓိကအားဖြင့် နှိမ့်ချတတ်သူတွေ၊ စိတ် ရှည်သည်းခံတတ်သူတွေ၊ စာနာကြင်နာ တတ်သူတွေဖြစ်လာအောင် လုပ်ဆောင် ပေးတာသာဖြစ်ပါတယ်''
ဒယ်ဘယ်လျူဆမ်းမားဆက်မွန်
(၁၈၇၄-၁၉၆၅)
ကမ္ဘာကျော်စာရေးဆရာကြီး

ရေစုန်မျော
************
အောင်မြင်မှုသို့ သွားရာလမ်းက အတက်လမ်း၊ အဆန်လမ်း ကြိုးပမ်း ရုန်းကန်ရတဲ့ ခရီးကြမ်းနဲ့တူပါတယ်။
လွယ်တာနဲ့ သက်သောင့်သက်သာ လမ်းမျိုးကိုသာ ရွေးချယ်လိုကြတဲ့လူ အများစုကတော့ အသက်သာခိုချင်လေ တော့ လှေကြုံလိုက် ရေစုန်မျောရင်း ဆင်းရဲဒုက္ခပင်လယ်ထဲမှာ ဝဲလည်နေ ကြရတော့တာပါပဲ။
လူ့ဘဝဆိုတာက ရခဲတယ်လို့ ပြော နေကြတာပဲ။ မနုဿတ္တဘာဝေါဒုလ္လ ဘောတဲ့လေ။ ရခဲလှတဲ့ လူ့ဘဝဟာ ဘုံသဘောနဲ့ပြောရမယ်ဆိုရင် တကယ်ပဲ လမ်းဆုံနေရာ၊ ဆုံချက်အကျဆုံးသော ဘုံတစ်ခုပါ။
ကောင်းရာသွားချင်ရင် ၃၁ ဘုံက လွတ်မြောက်ငြိမ်းချမ်းရာ မဂ်ဖိုလ်နိဗ္ဗာန် အထိပင် ရောက်ရှိနိုင်တယ်။

မသိမှု
******
အချို့ကတော့ နိဗ္ဗာန်ဘုံဆိုပြီးပြော ဆို သုံးနှုန်းကြတာလည်း ဖတ်ဖူးကြား ဖူးပါတယ်။တကယ်က အဘိဓမ္မာတရား ကို နားမလည်လို့ မှန်းဆရမ်းဆအသိနဲ့ ရေးကြ ပြောကြတာမို့ လွဲမှားနေတာ ရယ်။ ဗုဒ္ဓဘာသာ ဟောကြားချက်တွေ မှာက ကောင်းကင်ဘုံဆိုတာလည်း မရှိ ဘူး။ နိဗ္ဗာန်ဘုံဆိုတာလည်း မရှိဘူး။ အင်္ဂလိပ်လို LOST OF THE HEVEN ကို မြန်မာဘာသာပြန်ပြီး နိဗ္ဗာန်ဘုံ ပျောက်ဆုံးခြင်းဆိုတဲ့ ဝတ္ထုရှည်ကြီး တစ်အုပ်တောင် လွန်ခဲ့တဲ့ နှစ်ပေါင်း ငါးဆယ်လောက်က ထွက်ခဲ့ဖူးပါတယ်။ ထားပါ။ လူ့ဘုံရောက်ရ လူ့ဘဝဟာ အကောင်းဆုံးနေရာအထိ သွားတဲ့လမ်း တွေလည်း ရှိနေတယ်။ အဝီစိငရဲဆိုတာ မျိုး အဆိုးရွားဆုံး၊ အကြမ်းတမ်းအရက် စက်ဆုံးနာကျင်ခံခက်တဲ့ဝေဒနာတွေကို ကာလရှည်လျား ခံစားကြရတဲ့ ဘုံမျိုး တွေလည်း လူ့ဘဝက လမ်းပေါက် တယ်။ ယခုဒီဘဝကုန်တာနဲ့ ငရဲကြီး ရှစ်ထပ်ကိုလည်း ရုတ်တရက်ကျရောက် သွားနိုင်တယ်။
ရွေးချယ်မှုက မိမိသာအဓိကပဲ။

ဘယ်လမ်းသွားချင်တာလဲ။
အချို့က လူ့ဘဝသာ ရောက်လာ တယ်။ ဘယ်ကိုဆက်သွားရမလဲ။ တွေး လည်း မတွေးဘူး။ ကြံလည်းမကြံဘူး။ သိလည်း မသိဘူး။ စဉ်းစားတာလည်း လုံးဝ မလုပ်ဘူး။
ဒီကိုလိုက်ခဲ့ဆို လိုက်သွားတာပဲ။ ဒါကို လက်မှတ်ထိုးဆိုထိုးလိုက်တာပဲ။ မင်လက်သန်းမှာဆွတ်ဆို ဆွတ်လိုက် တာပဲ။ အဲဒီအကွက်ထဲ အမှန်ခြစ်ခြစ် ဆို ခြစ်လိုက်တာပဲ။ ဘဝတစ်ခုလုံးရဲ့ အကောင်းအဆိုးနဲ့ ဆက်စပ်ပတ်သက်နေ တယ်ဆိုတာလည်း လုံးဝမစဉ်းစားဘူး။

ပုမသိ ပမသိ
*************
ကိုယ်ရွေးချယ်မဲထည့်ထောက်ခံပေး လိုက်တဲ့လူဟာ ယောက်ျားလား၊ မိန်းမ လားဆိုတာလဲမသိဘူး။ နာမည်ဘယ်သူ ဘယ်ဝါဆိုတာတောင် မသိဘူး။ လေး တန်းအောင်လား၊ တက္ကသိုလ်ဘွဲ့ရလား။ အကျင့်စာရိတ္တကောင်းသူလား၊မကောင်း သူလား။ ဘာမှ မစဉ်းစားပါဘူး။ လူ တစ်ယောက်က အဲဒါ ပေးလိုက်ဆိုတာ နဲ့ ဘုမသိဘမသိ ထောက်ခံရွေးချယ် ပေးလိုက်တာပဲလေ။
အရပ်စကား ဘုမသိဘမသိဆိုတာ က ကြားဖူးနားဝအတိုင်း လိုက်ပြီးပြော ဆို သုံးနှုန်းနေကြတာပါ။ အရင်းအမြစ် မူလကတော့ ပါဠိက ဆင်းသက်ရွေ့ လျောလာတဲ့ ပါဠိသက် ဝေါဟာရတွေ လို့ ဆိုပါတယ်။
ပု= ပုည(ပါဠိ)ကောင်းမှုကံကောင်း သော အတွးအကြံ၊ အပြော၊ အလုပ်၊ ဆောင်ရွက်ချက်
ပ = ပါပ (ပါဠိ) မကောင်းမှုကံ မကောင်းသောစိတ်ကူး၊စကား၊ အလုပ်၊ အပြုအမူ။
ပုမသိပမသိဆိုတာကမှ ရွေးချယ် ရမည့် မိမိဆုံးဖြတ်ချက်အတွက် ကောင်းမှုလမ်းကိုလည်းမသိ၊ မကောင်း မှုလမ်းကိုလည်းမသိ၊ သူများပြောတာ နားယောင်ပြီး လွဲချော်တဲ့ ဆုံးဖြတ် ချက်ကို ရွေးချယ်မိတာကို ဆိုလိုတယ်။

တာဝန်သိ
***********
အကောင်းအဆိုးကိုခွဲခြားနိုင်ရမယ်။
အကြောင်းအကျိုးကို ဆက်စပ် သိမြင် နားလည်ရပါမယ်။
အသက် ၁၈ နှစ်ကျော်ပြီးခဲ့ပြီမို့ လူကြီးအရာသွင်းပြီး နိုင်ငံသားတစ် ယောက်ရဲ့ အခွင့်အရေးတစ်ရပ်၊ တာဝန် တစ်ရပ်အနေနဲ့ ဆန္ဒမဲပေးခွင့်ရတာ ဖြစ်ပါတယ်။
လွယ်လွယ်နဲ့ပြီးပြီးရောမလုပ်ရဘူး။
မိမိရဲ့ဆန္ဒမဲဟာ တိုင်းပြည်၊ လူမျိုး၊ ဘာသာ၊ စာပေ၊ ယဉ်ကျေးမှု၊ ကိုးကွယ် မှုတွေအတွက် တိုးတက်မြှင့်တင်မည့် သူလား။ ဆုတ်ယုတ်ပျက်ပြားအားနည်း ညှိုးမှိန်စေမယ့်လူစားပေလား။ စဉ်းစား သုံးသပ်ဝေခွဲဆုံးဖြတ်ရပါမယ်။အကောင်း အဆိုး ရွေးချယ်တတ်ရမယ်။
လူ့အဖွဲ့အစည်းရဲ့တိုးတက်မှု၊ ဆုတ် ယုတ်ပျက်ပြားမှုဆိုတာ ဒီအဖွဲ့အစည်း ထဲမှာပါဝင်နေကြတဲ့ လူတွေရဲ့ အတွေး အကြံအရည်အသွေး၊ အပြောအရည် အချင်း၊ အလုပ်အရည်အချင်း(ကံသုံးပါး ပဲ ပြောပါတော့) ကောင်းရင် ကောင်း သလောက်၊ တော်ရင် တော်သလောက် တိုးတက်အောင်မြင် စည်ပင်သာယာမှာ ပဲပေါ့။


ခေါင်းဆောင်
**************
နိုင်ငံသူ နိုင်ငံသားအများစုနဲ့ စုစည်း ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုမြန်မာ နိုင်ငံတော်ကြီးဟာလည်း နိုင်ငံသား တစ်ဦးချင်းရဲ့ တာဝန်သိမှု၊ အမြော် အမြင်ရှိမှု၊ အသိပညာ ဥာဏ်ရည်ဥာဏ် သွေးပြည့်ဝမှုနဲ့အညီ ဆီလျော်သင့်တော် တဲ့ ခေါင်းဆောင်တွေကို ရလာမှာပါ။
ခေါင်းဆောင်မှု ပြည့်ဝမှုအခြေအနေ က အတက်အကျ၊ ချမ်းသာဆင်းရဲ၊ နိုင်ငံရဲ့ဘဝအခြေအနေကို ပြောင်းလဲ စေမှာပဲ ဖြစ်ပါတယ်။
လူဦးရေသန်းပေါင်း ၁၃ဝဝ ကျော် တဲ့ အိမ်နီးချင်းတရုတ်နိုင်ငံကြီးဟာ ကွန်မြူနစ်ပါတီတစ်ပါတီစနစ်နဲ့ သမ္မတ ရှီကျင့်ဖျင် ဦးဆောင်မှုနဲ့ အောင်မြင်တိုး တက်မှုတွေ ရနေတယ်။ နောင်အနှစ် ၂ဝ-၃ဝ မှာ ကမ္ဘာ့စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေးသြဇာ အကြီးဆုံးနိုင်ငံအဖြစ် ရည်ရွယ်ပြီး တစ်နိုင်ငံလုံး တက်ညီ လက်ညီ ကြိုးစားနေကြတယ်။
၁၉၄၇-၄၈ ကာလဆီက မြန်မာ ထက် အဘက်ဘက်က နိမ့်ကျဆင်းရဲ (ထမင်းပင်မစားနိုင်ဘဲ ဆန်ပြုတ်ကျဲကျဲ မျှသာစားခဲ့ကြရ) ဘဝမျိုးမှ စက်မှုရော၊ သိပ္ပံပညာ၊ စီးပွားရေးနှင့် လူနေမှုဘဝ မှာရော လူဦးရေ သန်း ၁ဝဝဝ ဟာ အတော်အဆင်ပြေတဲ့ အဆင့်အတန်း ရောက်နေကြပြီ။ ဆင်းရဲနိမ့်ကျနေသေး တဲ့ ကျန်တဲ့ သန်း ၃၅ဝ ကို လာမယ့် အနှစ် ၃ဝ၊ တရုတ်ပြည်လွတ်လပ်ရေး ရခဲ့တာ အနှစ်(၁ဝဝ)။ ၂ဝ၄၉ ခုနှစ် မှာ အားလုံးပြည့်စုံချမ်းသာတဲ့ အဆင့် ရောက်အောင် တိတိကျကျ ရည်မှန်းပြီး ကြိုးပမ်းနေကြပါတယ်။
၁၉၄၇-၄၈ ကာလဆီက မြန်မာတို့ ထက်ပိုပြီး ဆင်းရဲနေဆဲဖြစ်ခဲ့တဲ့ အိန္ဒိယ နိုင်ငံကြီးဟာ နှစ်ပေါင်း ၇ဝ ကြာတဲ့ အခါ အာရှမှာသာမက ကမ္ဘာ့အင်အား ကြီး ထိပ်တန်းခေါင်းဆောင် နိုင်ငံမျိုး အထိရောက်ရှိဖို့ရာ စနစ်တကျကြိုးစား နေကြတယ်။ လူဦးရေက သန်းပေါင်း ၁၃ဝဝ ကျော်တယ်။ နယ်မြေကလည်း ကျယ်ဝန်းတယ်။လူမျိုး၊ ဘာသာစကား၊ ကိုးကွယ်ရာဘာသာနှင့် ယဉ်ကျေးမှုများ ကွဲပြားကြတာတွေလည်း ရှိတယ်။ သို့ပေမယ့် စက်မှု၊ စီးပွား၊ သိပ္ပံပညာ အစစအရာရာ တစ်ဟုန်ထိုး ဖွံ့ဖြိုး တိုး တက်အောင် ဒီမိုကရေစီစနစ်နဲ့ တည် ဆောက်လာလိုက်တာ အထူးအောင်မြင် တဲ့ အိမ်နီးချင်းနိုင်ငံကြီးပါပဲ။ သူလည်း လွတ်လပ်ရေးရတာ အနှစ် ၁ဝဝ ရှိရင် ဘာတွေက ဘယ်လိုအခြေအနေ ရှိရ