images
UN
UN
အထွေထွေရွေးကောက်ပွဲကို ဘယ်အချိန်ပဲလုပ်ပေးလုပ်ပေး ရွေးကောက်ပွဲရလဒ်တွေဟာ မှန်မှန်ကန်ကန်နဲ့ မျှတမှုရှိရမယ် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် လုပ်ပေးနိုင်ဖို့လိုတယ်
Wednesday, 12 June 2019
နေပြည်တော် ဇွန် ၁၂
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအပါအဝင် နိုင်ငံရေးပါတီ ၂၄ ပါတီက မေ ၃ဝ ရက်တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်ထံသို့ အိတ်ဖွင့်ပေးစာပေးပို့ခဲ့ခြင်းနှင့်စပ်လျဉ်း၍ ယခုလ ၅ ရက် မွန်းလွဲ ၂ နာရီက နေပြည်တော်ရှိ ရတနာသိင်္ဃဟိုတယ်၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် နိုင်ငံရေးပါတီနှစ်ခုတို့က နိုင်ငံရေးပါတီ ၂၄ ပါတီကိုယ်စား ပြည်တွင်းပြည်ပသတင်းမီဒီယာ များသို့ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ပြုလုပ်ခဲ့ပြီး ယင်းသတင်းစာရှင်းလင်းပွဲအပြီးတွင် တက်ရောက်လာကြသည့် မီဒီယာများ၏ မေးမြန်းချက်များနှင့် သက်ဆိုင်ရာပါတီ တာဝန်ရှိသူများ၏ ဖြေကြားချက် များကို ဖော်ပြအပ်ပါသည်။

မဇ္ဈိမသတင်းဌာန
******************
* ဒီနေ့ကိစ္စနှစ်ခု။ UEC ရယ်၊ သမ္မတ အိတ်ဖွင့်ပေးစာရယ်မှာ ကျွန်တော် မေးချင်တာ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ အဓိကက ၂ဝ၂ဝ ပေါ့။ ၂ဝ၂ဝ မှာ ပြည်ခိုင်ဖြိုးရဲ့ အဓိက စိုးရိမ်ချက်က ဘာဖြစ်မလဲ။ ဥပမာအားဖြင့် ကျွန် တော်တို့ ကြားရတာက ၂ဝ၂ဝ ရွေး ကောက်ပွဲကို နိုဝင်ဘာထက် စော ကျင်းပမယ်။ မဲဆွယ်ကာလ နည်း နည်းတိုမယ်လို့ ကြားရတယ်ဆိုတော့ ဒါ ဥပမာ ပြောတာပါ။ အဓိက ကတော့ ပြည်ခိုင်ဖြိုးရဲ့ ၂ဝ၂ဝ အတွက် စိုးရိမ်ချက်က ဘာဖြစ်မလဲ။ UEC အခန်းကဏ္ဍနဲ့ ပတ်သက်လို့။

ဒေါက်တာနန္ဒာလှမြင့်
*********************
ကျွန်တော်တို့က၂ဝ၂ဝ ရွေးကောက် ပွဲကို သတ်မှတ်အချိန်ကာလ ကျင်းပတာ လည်း ပြဿနာမရှိဘူး။ ဥပဒေအရ၊ ကော်မရှင်ရဲ့လုပ်ပိုင်ခွင့်အရ စောပြီးတော့ ကျင်းပတာလည်း ပြဿနာ မရှိဘူး။ ဘယ်အချိန်ပဲ ကျင်းပကျင်းပ သူတို့ရဲ့ လုပ်ပိုင်ခွင့်အပေါ်မှာ ကျွန်တော်တို့ ပြောဖို့ မရှိဘူး။ ကျွန်တော်တို့ ပြောနေတာက ရွေးကောက်ပွဲကော်မရှင်ကနေပြီး အထွေ ထွေရွေးကောက်ပွဲကို ဘယ်အချိန်ပဲ လုပ် ပေးလုပ်ပေး ရွေးကောက်ပွဲ ရလဒ်တွေ ဟာ မှန်မှန်ကန်ကန်နဲ့ မျှတမှုရှိရမယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက် ပွဲဖြစ်အောင် လုပ်ပေးနိုင်ဖို့လိုတယ်။ အဲဒီ ရဲ့နောက်ပိုင်းမှာ ထွက်ပေါ်လာတဲ့ ရွေး ကောက်ပွဲ အငြင်းပွားမှုတွေအပေါ်မှာ ဘက်မလိုက်ဘဲနဲ့ မှန်မှန်ကန်ကန်လုပ်ပေး ဖို့ ကျွန်တော်တို့က စိုးရိမ်စိတ်ရှိတယ်။ အကြောင်းမဲ့တော့ မဟုတ်ဘူး။ ဘာဖြစ် လို့ ဒါကို ပြောလဲဆိုတော့ ဥပမာဗျာ ၂ဝ၁၅ မတိုင်ခင် ပြည်ခိုင်ဖြိုးအစိုးရ လက်ထက် ဦးတင်အေး ကော်မရှင်တုန်း က လက်ရှိအတိုက်အခံပါတီက ဘာပြော လဲဆိုတော့ စစ်တပ်ကလာတဲ့ လူတွေ၊
သမ္မတခန့်ထားတဲ့ ကော်မရှင်၊ မယုံကြည် ဘူး၊ လုံးဝ မယုံကြည်ဘူးဆိုပြီး တောက် လျှောက် ပြောခဲ့တယ်။ နိုင်ငံရေးအင်အား စုတွေက။ ဒါပေမဲ့ ဦးတင်အေး မှန်ကန် ကြောင်း၊ တရားမျှတကြောင်း၊ ဘက် လိုက်မှုကင်းကြောင်းကို သိက္ခာနဲ့ရင်းပြီး တော့မှ သက်သေပြပြီး ဂုဏ်သိက္ခာရှိစွာ အနားယူသွားခဲ့တယ်။ ကျွန်တော် အဲဒါ ကို ပြောချင်တာ။ ဒီနေ့ NLD ပါတီ အနိုင်ရတယ်။ အစိုးရဖြစ်တယ်။ အဲဒီ အစိုးရခန့်ထားတဲ့ ကော်မရှင်ကို ဘက် လိုက်မှုကင်းစေချင်တယ်။ မျှတမှုဖြစ်စေ ချင်တယ်။ အရင်တုန်းက Blind ကြီး ပြောခဲ့တာ။ ဦးတင်အေးကို မယုံဘူး၊ မယုံဘူးဆိုတာ ဘာဖြစ်စဉ်မှ မကြည့်ဘဲနဲ့ Blind ကြီးကို စစ်တပ်ကလာလို့တို့၊ ပြည် ခိုင်ဖြိုးသမ္မတက ခန့်ထားလို့ဆိုပြီး စွပ်စွဲ ခဲ့တာ။ ကျွန်တော်တို့ ဒီနေ့ကော်မရှင်ကို Blind ကြီးမစွပ်စွဲဘူး။ အစကတည်းက မယုံကြည်ဘူးလို့ ကျွန်တော် တစ်ခွန်းမှ မပြောခဲ့ဘူး။ ဒါပေမဲ့ ၂ဝ၁၅ ရွေးကောက် ပွဲအငြင်းပွားမှုတွေအပေါ်မှာ ဆုံးဖြတ်တဲ့ ကိစ္စ၊ ၂ဝ၁၇ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂ဝ၁၈ ကြားဖြတ်ရွေးကောက်ပွဲ ဆုံးဖြတ် တဲ့ ကိစ္စတွေအပေါ်မှာတော့ ကျွန်တော် တို့မှာ ခိုင်မာတဲ့ အထောက်အထားနဲ့ ဖြစ်စဉ်တွေရှိတယ်။ အဲဒီအရာတွေပေါ်မှာ မူတည်ပြီးတော့မှ ရွေးကောက်ပွဲ ကော် မရှင်ကို ကျွန်တော်တို့က မယုံဘူး၊ မှန်မှန် ကန်ကန် လုပ်ပေးပါဆိုပြီး တောက် လျှောက် သတိပေးခဲ့တယ်။ ပြီးတော့ ကော်မရှင်နဲ့၊ နိုင်ငံရေးပါတီတွေနဲ့ တွေ့ခွင့် လည်းတောင်းတယ်။ ဒါပေမဲ့ ကျွန်တော် တို့တွေ့ခွင့်တောင်းတာ ဘယ်လောက်ကြာ ပြီလဲ။ အိတ်ဖွင့်ပေးစာပေးတာလည်း သူတို့ဘက်က မတုံ့ပြန်တော့ ကျွန်တော် တို့ဘက်က ဘာမှမသိရဘူး။ အဲဒီတော့ ဒီအခြေအနေအတိုင်းဆိုရင် ဥပမာအားဖြင့် ဟိုတစ်နေ့က ပြည်ခိုင်ဖြိုးအမတ် ရှုံးပြန် ပြီ။ ကျွန်တော် ပြောချင်တာက လိုရာ ဆွဲထားတဲ့ ပြစ်ချက်တွေဖြစ်နေတယ်။ဒီအထောက်အထားတွေ ကျွန်တော်တို့ ဆီမှာ ရှိနေတယ်။ ပြီးတော့ ၂ဝ၁၇ ကြားဖြတ် အမတ်တစ်နေရာ၊ နှစ်နေရာ လေးတောင်မှမရှိ၊ ရှိတဲ့အမှုလေးတွေကို ရှာဖွေဖော်ထုတ်ပြီးတော့ ပြိုင်ဘက်ပါတီရဲ့ ကိုယ်စားလှယ်တွေကို ဖြုတ်ထုတ်သတ် လုပ်နေတာ။ ၂ဝ၂ဝ အထွေထွေ ရွေး ကောက်ပွဲကျရင်ကော ဒီကော်မရှင်က ဘယ်လောက်ထိ တရားမျှတပြီး မှန်ကန် ပါလိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ရ မလဲ။ ကျွန်တော်တို့ဘက်က ယုံကြည် ချင်တယ်၊ပူးပေါင်းဆောင်ရွက်ချင်တယ်။ ကျွန်တော်တို့က ၂ဝ၂ဝ ကို လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်စေချင် တယ်။ ဒါကြောင့် ကျွန်တော်တို့နိုင်ငံရေး ပါတီတွေနဲ့ ထိတွေ့ပါ။ ပြီးတော့ ကျွန် တော်တို့ ဆွေးနွေးတာတွေကို ကျေကျေ လည်လည် ရှင်းပြပါ။ ဒီလိုမဟုတ်ရင် တော့ ကျွန်တော်တို့က ဥပဒေကြောင်း အရ လုပ်သင့်လုပ်ထိုက်တာကို ဆက်လုပ် သွားရမယ်။

မဇ္ဈိမသတင်းဌာန
******************
* ဒုတိယမေးခွန်းက ကျွန်တော် သဲသဲ ကွဲကွဲသိချင်လို့ပါ။ အန်ကယ်ဦးပိုက် ထွေးက စောစောက ဧရာဝတီ သတင်းဌာနက မေးခွန်းကို ဖြေ မသွားဘူး။ ဦးဝီရသူကိစ္စ။ အဲဒါက ဒီပွဲမှာ မသက်ဆိုင်လို့မဖြေတာလား။ ဒါမှမဟုတ် ပါတီရဲ့ သဘောထားကို က ဒီကိစ္စကို ထုတ်မပြောချင်တဲ့ သဘောမျိုးလား ခင်ဗျ။ ဦးဝီရသူ ကိစ္စက အခုတလောကို လှုပ်လှုပ် ခတ်ခတ်ဖြစ်နေတယ်။
အစိုးရ ကိုယ် တိုင်ကလည်း တရားစွဲထားတယ်။ ဦးဝီရသူသည် အမျိုးသားရေး ဆရာ တော်ဖြစ်တယ်ဆိုတော့ ကျွန်တော်တို့ ပြန်ကြည့်တဲ့အခါမှာ ပြည်ခိုင်ဖြိုးက လည်း အမျိုးသားရေး Line ဆို တော့ တူတယ်လို့ယူဆတယ်။ ဒါ ကြောင့်မို့ ကျွန်တော် မေးတာပါ။ အစိုးရက အခု တရားစွဲထားတယ်။ မနေ့က ဝရမ်းနောက်ဆုံးအချိန် ခုထိ မမိသေးဘူးဆိုတော့ဒီအစိုးရကတရား စွဲထားတဲ့အပေါ်ကို ပြည်ခိုင်ဖြိုးပါတီ အနေနဲ့ သဘောထား ဘယ်လိုရှိ သလဲဆိုတာလေး သိချင်ပါတယ်။

ဦးကျော်သူအောင်
*******************
ပြည်ခိုင်ဖြိုးပါတီအနေနဲ့တော့ မဖြေ ပါဘူး။ ကျွန်တော် အမျိုးသားနိုင်ငံရေး မဟာမိတ်များ အဖွဲ့ချုပ်ပါတီအနေနဲ့ စဉ်းစားစရာပေးမယ်။ ဒါက ဘာလဲ ဆိုတော့ ဒီဦးဝီရသူတို့၊ အင်းစိန်ရွာမ ဆရာတော်ဘုရားကြီးတို့ အစရှိတဲ့ ဆရာ တော်ဘုရားကြီးတွေက တပ်မတော် အစိုးရလက်ထက်ကတည်းက ဒီမို ကရေစီအရေးမှာ တက်တက်ြ<ွကြ<ွကပါဝင် ခဲ့တဲ့ ဆရာတော်တွေဆိုတာတော့ အားလုံး လက်ခံကြမှာပါ။ အဲဒီအချိန်တုန်းကတော့ အတိုက်အခံဘဝမှာ ဒီဆရာတော်ဘုရား ကြီးတွေကို လက်အုပ်တွေချီ၊ ဆွမ်းတွေ ကပ်၊ အမှတ်တရ လက်မှတ်တွေထိုး အစရှိတဲ့ မှတ်တမ်းတွေလည်းရှိပါတယ်။ ဓာတ်ပုံတွေလည်းရှိတယ်။ ရွေးကောက်ပွဲ အနိုင်ရပြီး အစိုးရဖြစ်တဲ့အချိန်မှာတော့ သဘောထားပြောင်းလာတယ်။ ဒီဆရာ တော်ဘုရားကြီးတွေကတော့ မပြောင်းလဲ ဘူး။ သူတို့က နဂိုကတည်းက သူတို့ ယုံကြည်တဲ့အမျိုးသားရေး၊ ဘာသာရေး၊ သာသနာရေးကို သူတို့ တောက်လျှောက် လုပ်လာကြတာ။ အဲဒီတော့ ဆရာတော် ဘုရားကြီးတွေကတော့ မပြောင်းဘူး။ တစ်ဖက် အာဏာရပါတီက ပြောင်းသွား တယ်။ အာဏာရပါတီက ဘာဖြစ်လို့ ဒီအချိန်ကျမှ ပြောင်းသွားရသလဲဆိုတော့ စဉ်းစားကြဖို့လိုတယ်။ အတိုက်အခံဘဝ တုန်းကတော့ ဒီဆရာတော်တွေ ကောင်း တယ်ပေါ့။ အစိုးရဖြစ်လာတော့ ဒီလို အပြောင်းအလဲတွေ ဖြစ်လာတယ်။ ဖမ်း ဟယ် ဆီးဟယ်ဖြစ်လာတယ်။ ဥပဒေ အကြောင်းအရာ ကျွန်တော် မပြောဘူး။ ဥပဒေကြောင်းအရ မှန်ခြင်း၊ မှားခြင်းကို ကျွန်တော်မပြောဘူး။ နိုင်ငံရေးအရ စဉ်းစားဖို့လိုတယ်လို့ ကျွန်တော် ဖြေချင် ပါတယ်။

ဒီမိုကရေစီတူဒေးသတင်းစာ
****************************
* ဆရာ(ဒေါက်တာကျော်ဆွေ) စော စောကပြောတဲ့ နိုင်ငံသားအခွင့်အရေး တွေချိုးဖောက်တာများလာတဲ့အတွက် တရားစွဲမယ်လို့ ဆရာပြောလိုက်တာ ဟာ ဆရာ တရားစွဲမှာက နိုင်ငံတော် ကို စွဲမှာလား၊ ဘယ်အဖွဲ့အစည်းကို စွဲမှာလဲဆိုတာ တိတိကျကျလေး ဖြေပေးစေချင်ပါတယ် ခင်ဗျ။

ဒေါက်တာကျော်ဆွေ
*********************
ဘယ်လိုစွဲမှာလဲဆိုတော့ အခြေခံ ဥပဒေမှာပါတဲ့ နိုင်ငံသား အခွင့်အရေး တွေကို ကျော်လွန်တားဆီးတဲ့ ဒေသန္တရ အမိန့်ထုတ်တဲ့လူကို စွဲမယ်။ မြို့နယ် အုပ် ချုပ်ရေးမှူးထုတ်ရင် မြို့နယ် အုပ်ချုပ်ရေး မှူးကို စွဲမယ်။ ခရိုင် အုပ်ချုပ်ရေးမှူး ထုတ်ရင် ခရိုင်အုပ်ချုပ်ရေးမှူးကို စွဲမယ်။ သမ္မတထုတ်ရင် သမ္မတကို စွဲမယ်။ ဘယ်သူထုတ်ထုတ် အခြေခံ ဥပဒေပါ နိုင်ငံသား ဥပဒေကို ကျော်လွန်တားဆီး လာရင် ထုတ်တဲ့လူကို တရားစွဲမှာ။

RFA သတင်းဌာန
********************
* အမျိုးသားရေး လှုပ်ရှားမှုတွေမှာ USDP နဲ့ မဟာမိတ်ပါတီက ပါတီ ဝင်တွေက ပူးပေါင်းပါဝင်တာတွေ ရှိတယ်၊ အားပေးတာတွေ ရှိသလို ဝေဖန်မှုတွေလည်း ရှိပါတယ်။ ဒီ အပေါ်မှာ ပါတီအနေနဲ့ကော ဘယ် လိုများ မူဝါဒချမှတ်ထားပါသလဲ။ အဲဒီလို ပူးပေါင်းပါဝင်တဲ့ မူဝါဒ တွေဘယ်လိုများ ရှိပါသလဲခင်ဗျ။ ပြည်ခိုင်ဖြိုးကို ဖြေပေးစေချင်ပါ တယ်။

ဦးကျော်သူအောင် (ဖြည့်စွက်)
******************************
ကျွန်တော် နည်းနည်းဖြတ်ပြောမယ်။ မေးခွန်းမှားနေလို့ မေးခွန်းကို ပြင်မေးစေ ချင်ပါတယ်။ မဟာမိတ်ပါတီ မဟုတ်ပါ ဘူး။ မိတ်ဖက်ပါတီပါ။ မိတ်ဖက်လို့ သုံးပါ။ မဟာမိတ်ဆိုတာက နိုင်ငံရေးမှာ Term Mark တစ်ခုရှိတယ်။ မိတ်ဖက် ဆိုတာတစ်မျိုးရှိတယ်။