images
UN
UN
ဗုဒ္ဓသာသနာအဓွန့်ရှည်ရေးအတွက် သံဃာတော်များနှင့်ပြည်သူများ ရွှေတိဂုံဘုရား ရင်ပြင်တော်ပေါ်တွင် မေတ္တာပို့ဆုတောင်းပွဲပြုလုပ်
ထက်မြက်အောင် Wednesday, 12 June 2019
ဗုဒ္ဓသာသနာအတွက် အန္တရာယ်များကင်းဝေးပါစေဟု သံဃာတော်များနှင့်ပြည်သူများက ယနေ့မွန်းလွဲ ၃နာရီက ရွှေတိဂုံဘုရားရင်ပြင်ပေါ်တွင် ဆုတောင်းဝတ်ပြုမှုများ ပြုလုပ်ခဲ့ကြကြောင်းသိရသည်။မေတ္တာပို့ဆုတောင်းပွဲတွင် ဗုဒ္ဓ သာသနာတော်ကြီး အဓွန့်ရှည်ပါ စေ၊ဗုဒ္ဓဘာသာ သာသနာတော်နှင့် သံဃာတော်များ ဖိနှိပ်ချုပ်ချယ်ခံရ ခြင်းမှ ကင်းဝေးကြပါစေ၊ ဗုဒ္ဓသာ သနာအန္တရာယ်များကင်းဝေးပါစေ၊ လုံးစုံများစွာသတ္တဝါချမ်းသာကိုယ် စိတ်မြဲပါစေ၊ဥပဒ်ရန်ဘေးကင်းစင် ဝေး ငြိမ်းအေးကြပါစေဟူသည့် ဆု တောင်းမေတ္တာပို့သခဲ့ကြပြီး လူစုခွဲ ခဲ့ကြသည်။
''ယနေ့မြန်မာနိုင်ငံမှာဘာသာ သာသနာနဲ့အမျိုးဘာသာသာသနာ အတွက် အင်မတန်မှကို စိုးရိမ်စရာ တွေ ဖြစ်ခဲ့တယ်ပေါ့။ ဒီနေ့ ဒကာ ကြီးတို့လည်းသိပါတယ်။ အမျိုး ဘာသာသာသနာစောင့်ရှောက်ရေး စကားလုံး အွန်လိုင်းမှာ တင်ခွင့်မရ တော့ဘူး။ ၉၆၉ဆိုတာတွေ တင် ခွင့်မရဘူး။ အပြင်လောကမှာတင် မဟုတ်ဘူး။ လေလှိုင်းပေါ်မှာပါ ဦးပဉ္စင်းတို့ဖိနှိပ်ခံ၊ချုပ်ခံနေရတယ်'' ဟုမေတ္တာပို့ဆုတောင်းပွဲတွင် ပါဝင် သည့်ဆရာတော်က မိန့်ကြားသည်။
အဆိုပါ ဆုတောင်းပွဲများအား ပထမအကြိမ်တွင်ဗဟန်းမြို့နယ် ရှိ ကြေးသွန်းဘုရားအရှေ့မှ ရန်ကုန် မြို့တော်ခန်းမအရှေ့အထိအမျိုးသား ရေးလှုပ်ရှားသူများနှင့်မျိုးချစ်မြန်မာ ရဟန်းတော်များသမဂ္ဂမှသံဃာတော် များနှင့်လူပုဂ္ဂိုလ်များကစုပေါင်း မေတ္တာပို့သမှုပြုခဲ့ကြပြီး ဒုတိယ အကြိမ်အဖြစ်ယမန်နေ့ကမရမ်းကုန်း မြို့နယ်ရှိ စွယ်တော် မြတ်စေတီမှ ကမ္ဘာအေးဘုရားလမ်းအတိုင်းကမ္ဘာ အေးစေတီတော်အထိ စီတန်းလှည့် လှည်ဆုတောင်း မေတ္တာပို့သမှုများ ပြုလုပ်ခဲ့သည်။