images
UN
UN
မျိုးမာန်ကိုပြ တိုက်ထုတ်ကြလော့(ကဗျာ)
Wednesday, 12 June 2019
* သူငယ်ချင်း
တို့နိုင်ငံရေး တို့ပဲတွေးလို့
တို့ရေးဝန်တာ တို့ပြည်ရွာတွက်
တို့သာဖန်တီး ရှေ့ခရီးကို
ဆက်ပြီးရေးသွားကြရမယ်။
* သူ့နိုင်ငံရေး သူတို့တွေးလို့
သူ့ရေးသူ့ရာ သူ့ပြည်ရွာတွက်
စွက်ဖက်မရှိ သတိနဲ့ယှဉ်
သူ့တွင်ရှိထား သူ့အင်အားနဲ့
သူ့ဓားသူသွေး သူရေးသွားခဲ့ကြလေပြီ။
* တို့နိုင်ငံရေး တို့တွေတွေးလို့
တို့ရေးမည့်အစား တိုင်းတစ်ပါးက
ညွှန်ကြားလို့ရေး သည်အတွေးက
ရင်လေးစရာ တို့ပြည်ရွာတွက်
ပြည်ပျက်မည့်ရေး မတွေးရဲပါ
သည်ချိန်ခါဝယ် ရစ်တွယ်နှောင်တုပ်
သည်အရှုပ်ကို မောင်းထုတ်ဖို့ရန်
အချိန်တန်မို့ မျိုးမာန်ကိုပြ
တိုက်ထုတ်ကြစို့ သူငယ်ချင်း။
ကိုလှ (နပတ)