images
UN
UN
အခြေခံဥပဒေ ပုဒ်မ ၅၉(စ) တည်တံ့ရေး လူမျိုးခြားသမ္မတမဖြစ်ရေးနှင့် ပုဒ်မ ၂၆၁ အား ဥပဒေနှင့်အညီ ပြင်ဆင်ပေးရေးအတွက် ဆန္ဒဖော်ထုတ်
သုတ(မန္တလေး) Wednesday, 12 June 2019
တံတားဦးမြို့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ-၅၉(စ)အား ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးနှင့် ပုဒ်မ-၂၆၁အား ဥပဒေနှင့်အညီ ပြင်ဆင်ပေးရေးအတွက် ပြည်သူလူထုများမှ ယနေ့နံနက် ၉ နာရီမှ ၁ဝ နာရီအထိ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ဆန္ဒ ဖော်ထုတ်ခဲ့ကြသည်။အဆိုပါဆန္ဒဖော်ထုတ်မှုအား ငြိမ်းချမ်း စွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့် လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ-၄ နှင့်အညီ သက်ဆိုင်ရာသို့ တင်ပြ၍ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ခြင်း ဖြစ်ကြောင်း စုံစမ်းသိရသည်။
ဆန္ဒဖော်ထုတ်သူများအနေဖြင့် ''ပုဒ်မ ၅၉(စ)ကာကွယ်စောင့်ရှောက်ရေး၊ အခြေခံ ဥပဒေကိုပြင်ချင်ရင် ဥပဒေနှင့်အညီပြင်ပါ၊ ပုဒ်မ-၂၆၁ ကို ဥပဒေနှင့်အညီ ပြင်ဆင် ပေးရေး၊ ဥပဒေအထက်မှာ မည်သူမှမရှိ ပါ၊ အခြေခံဥပဒေကို လေးစားပါ၊ မြန်မာ နိုင်ငံနောင်ရေး စိတ်အေးဖို့ ပုဒ်မ ၅၉(စ)ကို ထောက်ခံစို့၊ ပုဒ်မ-၂၆၁ ပြင်ဆင်မည့် ဥပဒေ အတည်ပြုရေး၊ နိုင်ငံတော်သမ္မတ သည် နိုင်ငံတော်၏ အထွတ်အထိပ်ဖြစ် သည့် စံပြပုဂ္ဂိုလ်ဖြစ်ရမည်''စသည့် ဗီနိုင်း ပိုစတာများကို ကိုင်ဆောင်၍ စီတန်းလှည့် လည်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
စီတန်းလှည့်လည်ကြရာတွင် သုံး ယောက်တွဲ ဘေးမှ ကြီးကြပ်သူတစ်ဦး ပါဝင်ကာ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ၍ ပုဒ်မ- ၅၉(စ)တည်တံ့ရေး (ဒို့အရေး)၊ လူမျိုးခြားသမ္မတ မဖြစ်ရေး(ဒို့အရေး)၊ ဥပဒေနှင့်အညီ အခြေခံဥပဒေပြင်ဆင်ရေး (ဒို့အရေး)၊ ပုဒ်မ- ၂၆၁ အား ဥပဒေနှင့် အညီ ပြင်ဆင်ပေးရေး(ဒို့အရေး)၊ ပုဒ်မ-၃၆၁ အား ကာကွယ်စောင့်ရှောက်ရေး (ဒို့အရေး)၊ အေးချမ်းသာယာပြီး ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေး(အောင်ရမည်)စသော ကြွေးကြော်သံများအား သံပြိုင်ဟစ်ြေ<ွကးခဲ့ ကြကြောင်း သိရသည်။
ဆန္ဒဖော်ထုတ်သူများ အနေဖြင့် တံတားဦးမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးမှ ဆုံကုန်းလမ်း၊ မန္တလေး-တံတားဦး-မြင်းခြံ လမ်း၊ ဆုံကုန်းမီးပွိုင့်မှ မြို့နယ်ထရန် စဖော်မာ၊ နီးပါးတန်းလမ်း၊ မင်္ဂလာစေတီ တောင်ဘက်မုခ်လမ်း၊ တစီးရှင်ဘုရား ကြားမှ မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံးအထိ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ဆန္ဒဖော် ထုတ်ခဲ့ကြကြောင်း သိရသည်။