images
UN
UN
Super Star အမည်ရသည့် တေးသီချင်းပါဝင်သော ဒီထက်ရှိုင်း ၏ ' ၉'စီးရီး
အလင်း Thursday, 13 June 2019
မန္တလေးသား ဆရာဝန်အဆို တော် ဒီထက်ရှိုင်း၏ ''၉''အမည် ရသည့် တေးစီးရီးကို ဇွန် ၉ ရက်တွင် လှိုင်းတေးသံသွင်းက စတင်ဖြန့်ချိခဲ့ကြောင်း သိရသည်။
''ကျွန်တော် ၂ဝ၁၇ခုနှစ်တုန်း က ''ဆက်ပက်''ဆိုတဲ့ သီချင်း လေးတင်ခဲ့တယ်။ သင်္ကြန်တုန်းက အဲဒီသီချင်းလေးပေါက်ခဲ့တယ်။ အွန်လိုင်းမှာ လူတော်တော်များ များသိခဲ့တယ်။ ကျွန်တော် အဲဒီ နောက်ပိုင်း အခု ''၉''ဆိုတဲ့ အခွေ လေးကို ထုတ်ခဲ့တာပါ။ နောက် တစ်ခုကSuper Star ဆိုတဲ့သီချင်း လေးကို ကိုယ်တိုင်ရေးသားထား တာပေါ့နော်။ အဲ့ဒါ သီချင်းလေး ကကျွန်တ်ာတို့ နိုင်ငံရဲ့လူထုခေါင်း ဆောင်ကိုဂုဏ်ပြုပြီးရေးသား သီဆို ခဲ့တာပါ။ ကျွန်တော် ဒီခွေလေး အတွက်အများကြီး ကြိုးစားထား ပါတယ်။ ကျွန်တော် လေးစားအား ကျရတဲ့သူအတွက် သီချင်းလေးကို ဖန်တီးခဲ့တာက ကျွန်တော်လေးစား ရတဲ့သူမို့ပါ။ တခြား အကြောင်းပြ ချက်တွေတော့မရှိပါဘူး။ အခွေ ပေါက်ချင်လို့ ခုတုံးလုပ်တာမျိုး လုံးဝမဟုတ်ပါဘူး။ ကျွန်တော့် သီချင်းတွေကို လျှောက်ပြီးပေါက် ကရလုပ်ထားတာမျိုးတွေရှိလာလို့ ပြောချင်ပါတယ်။ ကျွန်တော်တို့ သီချင်းတွေ ဖန်တီးရတဲ့အခါ မကောင်းခဲ့ရင်လည်းကိုယ်ပဲခံရတာ ဆိုတော့ ကျွန်တော်တို့သီချင်းတွေ ကိုမဖျက်ဆီးပါနဲ့လို့ ပြောပါရစေ'' ဟု အဆိုတော်ဒီထက်ရှိုင်းက ပြော သည်။
အဆိုပါတေးစီးရီးတွင် တေး သီချင်းကိုးပုဒ်ပါဝင်ပြီးတေးသီချင်း များကို ကိုယ်တိုင်ရေးသားထားပြီး ကိုယ်ပိုင်သံစဉ် တေးသီချင်းသစ် များဖြစ်ကြောင်း သိရသည်။