images
UN
UN
အဘိဓမ္မာအငြိမ်းဓာတ်မြန်မာလူ့ဘောင်သို့ လွှမ်းတော့မည်
ခြင်ကျား(မအူပင်) Thursday, 13 June 2019
၁ဝ-၆-၂ဝ၁၉ရက်နေ့ မအူပင်မြို့ မြို့ရှောင်လမ်းရှိ ဓမ္မစကူးလ်သုံးထပ် ဆောင်သို့ ကျွန်တော်နှင့် မအူပင်သတင်း သမားတစ်စုရောက်ရှိချိန်မှာ နံနက် ၉နာရီ မိနစ် ၃ဝခန့်ရှိပြီ။ ဧရာဝတီတိုင်း ဓမ္မ စကူးလ်ဖောင်ဒေးရှင်း သုခရိပ်ဆရာတော် ဦးကောသလ္လ၏ ဖိတ်ကြားချက်အရ ရောက်ရှိလာရခြင်းဖြစ်သကဲ့သို့ဓမ္မစကူးလ် ဖောင်ဒေးရှင်း ဗဟိုနာယက အဂ္ဂမဟာ အကျော် လေးအိမ်စုဆရာတော် ဦးဝိစိတ္တ သာရအရှင်မြတ်ကလည်း ထပ်ဆင့်ဖုန်း ဖြင့် ခေါ်ထားပါသည်။
ဤနေ့တွင်ဓမ္မစကူးလ်သုံးထပ်ဆောင် ဒုတိယထပ်တွင် အဘိဓမ္မာဆရာဖြစ် သင် တန်းဖွင့်လှစ်မည်ဖြစ်သည်။ ကျွန်တော်တို့ ရောက်ရှိချိန်တွင် အခမ်းအနား စတင်နေ ပေပြီ။
သင်တန်းကို ဆုထူးပန်အဘိဓမ္မာအဖွဲ့ က ပို့ချမည်ဟု သိရပေသည်။ သင်တန်း ကာလမှာ ၁ဝ-၆-၂ဝ၁၉ရက်နေ့မှ ၁၆-၆-၂ဝ၁၉ရက်နေ့အထိဖြစ်သည်။ ထို သင်တန်းကို ဧရာဝတီတိုင်း ၂၆ မြို့နယ် မှ သံဃာတော်အပါး ၆ဝ ကျော်တက် ရောက်ကြမည်ဟု သိရသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် ဓမ္မ စကူးလ်ပေါင်း ၉၅ဝရှိ၍ ဓမ္မစကူးလ်တွင် သင်ကြားပေးသောဆရာ ဆရာမပေါင်း ၉ဝဝဝ ကျော်ရှိသည်။ဤဓမ္မစကူးလ်သုံး ထပ်ဆောင်တွင် ဆရာဆရာမများမွမ်းမံ သင်တန်းပေါင်းများစွာ ဖွင့်လှစ်သင်ကြား ပေးခဲ့သည်နှင့် ကျွန်တော်ကြုံခဲ့ဖူးသည်။
ယခုသင်တန်းထူးခြားချက်မှာဧရာဝတီ တိုင်းဒေသကြီး ၂၆မြို့နယ်မှ ကျောင်းထိုင် ဆရာတော်များကို အဘိဓမ္မာသင်တန်းဖွင့် လှစ်သင်ကြားပေးခြင်းပင်ဖြစ်သည်။ ကြီး ကြပ်သင်ကြားမည့်သူမှာ ဆုထူးပန်အဘိ ဓမ္မာပြန့်ပွားရေးအသင်းကြီးက ကြီးကြပ် သင်ကြားမည်ဟု သိရသည်။
ဆုထူးပန်ဟုဆိုလျှင် ဆုထူးပန်အဘိ ဓမ္မာပြန့်ပွားရေးအဖွဲ့ကြီးကို စတင်တည် ထောင်ခဲ့သော ဆုထူးပန်ဆရာဟန်ဟုဆို မှသာပြီးပြည့်စုံမည်ဖြစ်သည်။ ဆုထူးပန် ဆရာဟန်သည် ကျွန်တော်နှင့် မစိမ်းပေ။
ဆုထူးပန်ဆရာဟန် မအူပင်မြို့အထက (၁)တွင် ကျောင်းဆရာဘဝဖြင့် ကျင် လည်စဉ်က ကျွန်တော်၏ဆရာဖြစ်ခဲ့ဖူး သည်။ ဆရာဖြစ်ခဲ့ဖူးသည်သာမက ဆရာ တပည့်ရင်းနှီးခင်တွယ်ခဲ့သောဆရာဖြစ် သည်။ သည်နောက်ဆရာကတော်ဆရာမ ကြီးဒေါ်ခင်ခင်အေးမှာလည်းကျွန်တော့်၏ မိဘများနှင့် တရင်းတနှီးရှိခဲ့ဖူးသည်။
ဆုထူးပန်ဆရာဟန်သည်(B.A., Dip.Ed)ကျောင်းဆရာဘဝမှ အဘိဓမ္မာ သင်တန်းဆရာ၊ ထို့နောက်အဘိဓမ္မာကို ပါဠိဘာသာဖြင့် သင်ကြားလျှင်ခက်ခဲရာ သင်္ကေတတီထွင်၍သင်ကြားရန် စာအုပ် များပြုစု၍ အဘိဓမ္မာပြန့်ပွားရေးအသင်း ထူထောင်ခဲ့သောပုဂ္ဂိုလ်ဖြစ်သည်။
ဆရာသည် မအူပင်မြို့၌ အထက် တန်းပြဆရာအဖြစ်တာဝန်ထမ်းဆောင်နေ စဉ်ကပင် ဆရာဦးမောင်မောင်လေးနှင့် ဆရာဦးစီလေးထံမှအဘိဓမ္မာတရားတော် များ သင်ကြားခဲ့သည်ဟု သိရပေသည်။ ဆရာဦးမောင်မောင်လေးနှင့်ဆရာဦးစီလေး နာမည်ကြားရသည့်အခါ ကျွန်တော်ငယ် ရွယ်စဉ်ကကြုံခဲ့ရသော ဓမ္မဆွေးနွေးဝိုင်း တစ်ခုကို သတိရမိသည်။
ကျွန်တော်ငယ်စဉ်ကနေခဲ့သောမအူပင် မြို့ (၄)လမ်းနေအိမ်နှင့် မျက်စောင်းထိုး တွင် ဆရာကြီးဦးလူလှ တည်ထောင်ခဲ့ သောခံ့ညားထည်ဝါသောသစ်နှင့်ဆောက် လုပ်ထားခဲ့သည့် မူလတန်းကျောင်းကြီး တစ်ကျောင်းရှိခဲ့ဖူးသည်။ ထိုကျောင်းဝင်း တွင် မြေစိုက်အဆောက်အအုံတစ်လုံးတွင် ''ဓမ္မသာကစ္ဆာ''ဟူသောဆိုင်းဘုတ်တင် ထားသည်ကိုထင်ရှားစွာတွေ့ရလေသည်။
တနင်္ဂနွေနေ့တိုင်း တရားဓမ္မနှင့်ပတ် သက်သည့် ဆွေးနွေးပွဲများပြုလုပ်သည်။ အစိုးရဝန်ထမ်းမှစ၍ ဗုဒ္ဓ၏ ဓမ္မတရား တော်များကိုဆွေးနွေးကြသည်။ယခုခေတ် အခေါ် လက်ဖက်ရည်ကြမ်းစကားဝိုင်း သဏ္ဌာန်မျိုးဖြစ်သည်။ထိုဓမ္မသာကစ္ဆာဆွေး နွေးပွဲများတွင်ဆရာဦးမောင်မောင်လေးနှင့် ဦးစီလေးတို့ကို မပြတ်မြင်တွေ့နေရသည်။
ထိုကာလတုန်းက ကျွန်တော့်မှာ ကလေးအရွယ်ဖြစ်သဖြင့် ဓမ္မသာကစ္ဆာ ဝိုင်းထဲမဝင်နိုင်သော်လည်း အမြဲ''ဓမ္မသာ ကစ္ဆာ''ဝိုင်းကလေးကို လွမ်းဆွတ်သတိ ရနေမိပါသည်။


ယခုဆရာဟန်သည် ထို''ဓမ္မသာ ကစ္ဆာ'' ဝိုင်းမှဆရာနှစ်ဦးထံမှ အဘိဓမ္မာ သင်တန်းတက်ခဲ့သည်ဟု ဆရာဟန်၏ ဘဝကိုလေ့လာမှသိရှိရသည်။ တစ်ချိန်က ရှိခဲ့ဖူးသော''ဓမ္မသာကစ္ဆာ''ဓမ္မစကားဝိုင်း ကလေး၏ကျေးဇူးကို ခုမှသိလာရသည်။
ဦးမောင်မောင်လေးနှင့် ဦးစီလေးတို့ သည် ဆရာကြီးဦးထွန်းတင်(သထုံ)၏ တပည့်ရင်းများ ဖြစ်သည်။ ဆရာကြီး ဦးထွန်းတင်သည် ပါဠိစာပေမတတ်ဘဲ သင်ယူရန်မလွယ်ကူသည့် အဘိဓမ္မာကို ခေတ်မီ၍ လွယ်ကူသောသင်္ကေတနည်း များဖြင့် တီထွင်၊ သင်ကြားသော ဆရာ ကြီးဖြစ်သည်။ ထို့ပြင် အဘိဓမ္မာကို ဝိပဿနာဖြင့် တွဲဖက်သင်ကြားခဲ့သည်။
ဆရာဟန်သည် ၁၉၉ဝ ပြည့်နှစ်တွင် ကျောင်းဆရာဘဝက အငြိမ်းစားယူခဲ့ပြီး အဘိဓမ္မာပြန့်ပွားရေးကို ဇောက်ချလုပ်ရန် လည်း သန္နိဋ္ဌာန်ချခဲ့သည်။ မအူပင်မြို့ ပေါ်တွင် အဘိဓမ္မာတရားတော်ကို စတင် သင်ကြားပို့ချပေးခဲ့သည်။ ထို့နောက် ပိုမို အောင်မြင်အောင် ဆောင်ရွက်နိုင်စေရန် ၁၉၉၃ခုနှစ်တွင် ရန်ကုန်သို့ ပြောင်းရွှေ့ ခဲ့သည်။
တာမွေမြို့နယ် နတ်မောက်လမ်း သွယ်ရှိ ဆုထူးပန်ပရိယတ္တိစာသင်တိုက် ကြီးတွင် ဆုထူးပန်အဘိဓမ္မာသင်တန်းကို စတင်ဖွင့်လှစ်ခဲ့သည်။ ယခုအခါ ငါးထပ် ကြီးဘုရား-ဗြဟ္မဝိဟာရဓမ္မာရုံတွင်လည်း ကောင်း၊မဟာသန္တိသုခကျောင်းတွင်လည်း ကောင်း၊ မြို့နယ်များ၏အချိန်ပြည့် ရက် တိုသင်တန်းများတွင်လည်းကောင်း အဘိ ဓမ္မာတရားတော်ကို ပို့ချလျက်ရှိပါသည်။ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ်တွင်ဂုဏ်ထူးဆောင်ပါမောက္ခ အဖြစ် တာဝန်ထမ်းဆောင်ရင်း အဘိဓမ္မာ တရားတော်များ သင်ကြားပေးခဲ့ပါသည်။
ဆရာဟန်သည် သဒ္ဓမ္မဇောတိကဓရ နှင့် မဟာသဒ္ဓမ္မဇောတိကဓရဘွဲ့များကို နိုင်ငံတော်မှ ချီးမြှင့်ခြင်းကိုခံခဲ့ရပါသည်။ ဆရာကန်နှင့် အဂ္ဂမဟာအကျော် လေး အိမ်စုအရှင်ဦးဝိစိတ္တသာရတို့ကား ဆက် စပ်မှုများစွာရှိခဲ့သည်ဟု သိရသည်။ အရှင်ဦးဝိစိတ္တသာရသည် ဆရာဟန်ကို လေးအိမ်စုကျေးရွာတွင် အဘိဓမ္မာသင် တန်းများပို့ချပေးရန်စီစဉ်ပေးခဲ့ဖူးသည်။ ဆရာတော်၏ စီစဉ်ပေးခဲ့မှု 'ဆုထူးပန် ဆရာဟန်'၏ သင်ကြားပေးခဲ့မှုကြောင့် ယခင်က အဘိဓမ္မာစာမေးပွဲဖြေလျှင် မအူ ပင်စာစစ်ဌာနမှာ သွားရောက်ဖြေဆိုခဲ့ရာမှ သီးခြား စာစစ်ဌာနရရှိသည်အထိ လေး အိမ်စုရွာတွင် သင်တန်းသားဦးရေ တိုး ပွားလာအောင်အထိ ဖြစ်ထွန်းလာခဲ့သည်။
ဆရာတော်ဦးဝိစိတ္တသာရသည် မိမိ ရွာလေးအိမ်စုကိုအခြေပြု၍မင်္ဂလာအသင်း ကို တည်ထောင်ခဲ့ပြီး မင်္ဂလာသင်တန်း များစွာကို ဖွင့်လှစ်ပေးခဲ့သည်။ ထို့အပြင် ဆုထူးပန်ဆရာဟန်၏ အကူအညီဖြင့် အဘိဓမ္မာသင်တန်းများဖွင့်လှစ်စေခဲ့သော ကြောင့် မင်္ဂလာသင်တန်းသားများ ဗုဒ္ဓ၏ ခက်ခဲသောအဘိဓမ္မာတရားကို အကျွမ်း တဝင်ရှိခဲ့လေသည်။
ထိုနည်းတူ ဧရာဝတီတိုင်းဒေသကြီး ဓမ္မစကူးလ်ဖောင်ဒေးရှင်းက အဘိဓမ္မာ ဆရာဖြစ်သင်တန်းဖွင့်လှစ်၍ ဧရာဝတီ တိုင်းဒေသကြီး ၂၆ မြို့နယ်မှ ဓမ္မစကူးလ် ဦးဆောင်သံဃာတော်များကိုအဘိဓမ္မာသင် တန်းများဖြင့် ပြန့်ပွားစေသည်။
ဆရာတော်သံဃာတော်များမှတစ် ဆင့် တိုင်းအတွင်း ဓမ္မစကူးလ်ဆရာ ဆရာမများကို ဆင့်ပွားသင်တန်းပေးခြင်း မှတစ်ဆင့် ဓမ္မစကူးလ်ကျောင်းသား ကျောင်းသူများထံသို့ အဘိဓမ္မာတရား ရောက်ရှိပေတော့မည်။ ထိုအခါ မြန်မာ ဗုဒ္ဓဘာသာမျိုးဆက်သစ်တို့မှတစ်ဆင့် အနာဂတ်မြန်မာ့လူမှုဝန်းကျင်သည် ငြိမ်း ချမ်းသာယာလိမ့်မည်ဖြစ်ပေသည်။
အဋ္ဌမတန်းကျောင်းသားတိုင်း ဓမ္မ စကူးလ်သင်ခန်းစာစာအုပ်တွင်သင်ခန်းစာ (၃၁)မှ(၃၇)အထိ အဘိဓမ္မာအခြေပြုသင် ခန်းစာကို လေ့လာတွေ့ရှိရသည်။ အဘိ ဓမ္မာတရားတော်ကို သင်္ကေတနည်းဖြင့် သင်ကြားထားခဲ့လျှင် ဓမ္မစကူးလ်ကျောင်း သားများ သင်ခန်းစာအပေါ်ထိထိမိမိသိရှိ သဘောပေါက်လွယ်မည် ဖြစ်လေသည်။
ဓမ္မစကူးလ်များဖွင့်လှစ်၍ဗုဒ္ဓဘာသာ ဝင်လူငယ်မောင်မယ်များကို အနာဂတ်တွင် ဝါရိတ္တသီလ၊ စာရိတ္တသီလမှာထူးချွန်သော လူငယ်များဖြစ်အောင် ပျိုးထောင်လျက် ရှိသည်။
ဗုဒ္ဓ၏ ခက်ခဲနက်ခဲသော အဘိဓမ္မာ တရားတော်ကို သင်္ကေတနည်းဖြင့် မှတ်ရ လွယ်ကူရန်တီထွင်ခဲ့သူများထဲတွင်တစ်ဦး အပါအဝင် ဖြစ်သည်။ ဆုထူးပန်ဆရာ ဟန်ဦးဆောင်သော ဆုထူးပန်အဘိဓမ္မာ ပြန့်ပွားရေးအသင်းကြီးမှ ဓမ္မစကူးလ်ဦး ဆောင်ဆရာတော် ၆ဝကျော်ကို ဆရာဖြစ် သင်တန်းပေးပြီး စတင်ဆောင်ရွက်နေပါ သည်။ ဦးဆောင်ဆရာတော် ၆ဝ ကျော် မှတစ်ဆင့်ဧရာဝတီတိုင်းဒေသကြီးအတွင်း ရှိ ဓမ္မစကူးလ်ကျောင်းဆရာ ဆရာမ၉၅ဝ ကျော်သို့ ပြန်လည်ဆင့်ပွားသင်ကြားလျက် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဗုဒ္ဓဘာ သာဝင် လူငယ်၊ လူရွယ်များ အဘိဓမ္မာ အခြေခံကို သိမြင်ကြရပေတော့သည်။
ဧရာဝတီတိုင်းဓမ္မစကူးလ်ဖောင်ဒေး ရှင်းအတွင်းရေးမှူး ဦးကောသလ္လ(သုခ ရိပ်ဆရာတော်)က ထိုပွဲတွင် အခမ်းအနား မှူးတာဝန်ယူလျက် အခမ်းအနားအစီ အစဉ်များကို ကြေညာနေပါသည်။ ဓမ္မ စကူးလ်ဖောင်ဒေးရှင်းဗဟိုနာယကလေးအိမ် စုအရှင် ဦးဝိစိတ္တသာရ၊ ဧရာဝတီတိုင်း ဓမ္မစကူးလ်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ညောင် တုန်း တူးချောင်းဆရာတော်တို့က သြဝါဒ ပေးသည်။ ဆုထူးပန် အဘိဓမ္မာပြန့်ပွား ရေးအသင်းဥက္ကဋ္ဌ ဆုထူးပန်ဆရာဟန်တို့ ကလည်း အဘိဓမ္မာသင်တန်း(ဆုထူးပန်) ပြန့်ပွားရေးအသင်းကြီး၏ သမိုင်းကို အမှာစကား ပြောကြားခဲ့ပါသည်။
ဆုထူးပန်ဆရာဟန်က ဆုထူးပန် အဘိဓမ္မာသင်တန်းကို ဖွံ့ဖြိုးတိုးတက်စေ ရန်နှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး ရေးတက္ကသိုလ် သင်ရိုးညွှန်းတမ်းတွင် ပါရှိလာအောင် ဆောင်ရွက်ပေးခဲ့သော ဦးသိန်းညွန့်(သမ္မတရုံးပြည်ထောင်စုဝန် ကြီး အမှတ် (၁)၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ-ငြိမ်း)ကျေးဇူးကြောင့်ဖြစ်ကြောင်း ပြောသွားခဲ့သည်။
ဖွင့်ပွဲအခမ်းအနားမပြီးမီမှာပင် အဘိ ဓမ္မာတရားပြန့်ပွားလာပါကမြန်မာလူဘောင် တစ်ရပ်လုံး ငြိမ်းချမ်းလိမ့်မည်ဟု သုံးသပ်။
အချုပ်ဆိုရပါမူ လူသားဟူသော ဝေါဟာရကို မာဂဓဘာသာ ပါဠိဘာသာ ဖြင့် မနုဿဟုခေါ်သည်။ ယင်းမနုဿ ၏အဓိပ္ပာယ်မှာ မြင့်မြတ်သောစိတ်ထား ရှိသူ၊ မြင့်မြတ်သူဟုဆိုပေရာ လူ့အဆင့်မီ ရေးအတွက် လိုက်နာကျင့်သုံးရမည့် ကျင့် ဝတ်များကို မြတ်ဗုဒ္ဓက-
၁။ သီလသိက္ခာ
လိုက်နာစရာ (စာရိတ္တသီလ)၊ ရှောင် ကြဉ်စရာ ဝါရိတ္တသီလကိုယ်ကျင့်တရား။
၂။ သမာဓိသိက္ခာ
စိတ်ဓာတ်တည်ငြိမ်ရေးအကျင့်တရား။
၃။ ပညာသိက္ခာ
အမှန်အတိုင်းသိမြင်ရေး အကျင့်တရား
ဟု ဟောကြားခဲ့သည်။
ဓမ္မစကူးလ်များတွင် ထိုသုံးဆင့်ကို သင်ပေးရာ၌ မေတ္တာပွားခြင်း၊ ဂုဏ်တော် ပွားခြင်း စသော သမာဓိသိက္ခာကိုသင်ပေး လျက်ရှိသည်။ ယခုဧရာဝတီတိုင်း ဓမ္မစ ကူးလ်ဖောင်ဒေးရှင်းက သမာဓိသိက္ခာ တွင် အမြင့်မားဆုံးဖြစ်သည့် အဘိဓမ္မာ သင်တန်းကို သင်ပေးခြင်းဖြင့် အဘိဓမ္မာမှ ဝိပဿနာÓဏ်ရလျှင် ဗုဒ္ဓဘာသာတို့၏ အန္တိမရည်မှန်းချက်ဖြစ်သော အငြိမ်းဆုံး နိဗ္ဗာန်သို့ရရှိနိုင်သည်။ နိဗ္ဗာန်မရောက်သည့် တိုင် သမာဓိသိက္ခာမည်သော အဘိဓမ္မာ အလင်းဓာတ် မြန်မာလူ့ဘောင်သို့ လွှမ်းမိုး ခဲ့ပါကမြန်မာလူ့ဘောင်တစ်ရပ်လုံးထာဝရ ငြိမ်းချမ်းမည်ဖြစ်ကြောင်း တင်ပြလိုက်ရ ပါသတည်း။