images
UN
UN
ပုလောမြို့နယ် မလိကျွန်းရေပြင်၌ ပိုင်ရှင်မဲ့မူးယစ်ဆေးဝါး ကျပ်သိန်း ၉၆ဝဝ ခန့်သိမ်းဆည်းရမိ
ထူးဝေယံ Thursday, 13 June 2019
တနင်္သာရီတိုင်း ဒေသကြီး ပုလောမြို့နယ် မလိကျွန်းရေပြင်၌ အမှတ်(၄၈)မလိအခြေစိုက်ရေတပ် စခန်းမှ ကင်းလှည့်ရာ၌ ရေပြင် တွင် မျောပါနေသော (DAGU ANYIN) စာတန်းပါအဝါရောင် ပလတ်စတစ်အိတ်ဖြင့်ထုပ်ထားသည့် (ICE) ဟုထင်ရသော မူးယစ်ဆေး ဝါးအထုပ်များ မျောပါနေကြောင်း ပုလောမြို့နယ်မှူး ရဲမှူးအေးကျော် မြင့်ထံသို့ ဆက်သွယ်အကြောင်း ကြားခဲ့သည်။
ဖြစ်စဉ်မှာ အမှတ်(၄၈) မလိ အခြေစိုက်စခန်းမှ ရေယာဉ်-၅၅၈ သည် ပင်လယ်ပြင်အတွင်း ကင်း လှည့်ရာမှ ရေပေါ်တွင် မျောပါနေ သော (ICE) မူးယစ်ဆေးဝါး ဟု ထင်ရသော (DAGUANYIN) စာတန်းပါအဝါရောင်ပလတ်စတစ် အိတ်ဖြင့်ထည့်ထားသည့် အထုပ် တစ်ထုပ်လျှင်၊အလေးချိန်တစ်ကီလို ဂရမ်ခန့်ရှိ(၂၄)ထုပ် ခန့်မှန်းကာလ တန်ဖိုးကျပ်သိန်း ၉၆ဝဝ ခန့် တန် ဖိုးရှိပြီး ပင်လယ်ဆားငန်ရည်ဝင်၍ ပျက်စီးနေသည့် ကီလို ချိန်တွယ် မရသည့် အထုပ် (၁၁) ထုပ်၊ (DAGUANYIN)စာတန်းပါအဝါ ရောင်ပလတ်စတစ်အိတ် သုံးအိတ် တို့အား ပိုင်ရှင်မဲ့သိမ်းဆည်းရမိ ခဲ့ပြီး မလိကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၊ အသိသက်သေများ ရှေ့တွင် ပုလောမြို့မစခန်းမှဒုရဲအုပ် ကျော်ကျော်နိုင်က ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့သည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ပုလောမြို့မစခန်းမှ မူးယစ်ပုဒ်မ ဥပဒေဖြင့် အမှုဖွင့်အရေးယူဆောင် ရွက်လျက်ရှိကြောင်း သိရသည်။