images
UN
UN
YBS အဲယားကွန်းယာဉ်မောင်း၏ ဆေးလိပ်ငွေ့ကြောင့်ခရီးသည်များအခက်တွေ့
မင်းထက်ကျော် Thursday, 13 June 2019
ရန်ကုန်မြို့တွင်း ပြေးဆွဲနေ သောခရီးသည်တင်YBSအဲယား ကွန်း ယာဉ်မောင်းအချို့၏ စည်း ကမ်းမဲ့ယာဉ်ပေါ်တွင် ဆေးလိပ် သောက်မှုကြောင့် ခရီးသည်များ ဒုက္ခရောက်ရကြောင်းယမန်နေ့ကfYBS၆၄ အဲယားကွန်းပေါ် ကိုယ် တွေ့ကြုံခဲ့ရပြီး ခရီးသည်များ၏ ညည်းညူပြောဆိုသံများကိုလည်း ကြားသိခဲ့ရသည်။
အဲးယားကွန်းယာဉ်များသည် မှန်များအလုံတပ်ဆင်ကာ အဲယား ကွန်း တပ်ဆင်ထားသည့်အတွက် ယာဉ်မောင်းသောက်နေသည့်ဆေး လိပ်ငွေ့များကြောင့် ယာဉ်ပေါ်ပါ ခရီးသည်များအတွက် အနှောင့် အယှက်ဖြစ်နေရသည်။
သျှင်ပါဂူမှတ်တိုင်တွင် အတူ ဆင်းသည့် ခရီးသည်တစ်ဦးက ယာဉ်မောင်းစီးကရက်သောက်နေ သည်ကိုတွေ့မြင်နေရကြောင်း၊ ဆေးလိပ်ငွေ့ကြောင့် အခက်အခဲ ဖြစ်သော်လည်း မပြောရဲကြောင်း၊ အဲယားကွန်ယာဉ်မောင်းများသတိ ပြုစေလိုကြောင်း၊ ခရီးသည် များအား ကိုယ်ချင်းစာနာစေလို ကြောင်း ပြောသည်။
မထသမှ့YBSစနစ်သို့ပြောင်း လဲစဉ်အစပိုင်း၌ခရီးသွားများသွား လာမှုခက်ခဲခဲ့သော်လည်းYRTA မှ တာဝန်ရှိသူများ၏ ကြိုးပမ်း ဆောင်ရွက်ပေးမှုများကြောင့် ခရီး သွားများ အဆင်ပြေခဲ့ပြီး ယာဉ် လိုင်းများ၊ ယာဉ်မောင်းများလည်း စနစ်ကျမူများရှိခဲ့သော်လည်းယခု ကဲ့သို့ အဲယားကွန်းယာဉ်မောင်း များ(အချို့)စည်းကမ်းမဲ့ယာဉ်ပေါ် ဆေးလိပ်သောက် မောင်းနှင်ခြင်း သည်ခရီးသည်များအဆင်မပြေမှု များ ကြုံတွေ့ရသည့်အပြင် မိမိ ယာဉ်လိုင်း၏ပုံရိပ်ကိုပါထိခိုက်နိုင် ကြောင်း ခရီးသည်များ၏ ပြော ကြားချက်များအရသိရသည်။