images
UN
UN
စလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဆေးကုသမှုခံယူနေသည့် ပါတီဝင်ကို အားပေးကူညီ
စစ်ကြည်(စလင်း) Thursday, 13 June 2019
မကွေးတိုင်းဒေသကြီး စလင်းမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှကော်မတီဝင်များသည် ယမန်နေ့ ညနေက စလင်း မြို့နယ်ကျောက်အိုးအုပ်စုကျောက်အိုးကျေးရွာမှ ရပ်ကျေး ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌဦးသောင်းမြင့်သည် စလင်းခုတင် ၅ဝ ပြည်သူ့ဆေးရုံ ကြီးတွင် ဆေးရုံတက်ရောက်ကုသမှုခံယူနေသည်ကို စလင်းပြည်ခိုင် ဖြိုးပါတီအတွင်းရေးမှူးဦးဇော်နိုင်၊ မြို့နယ်ကော်မတီဝင် ဦးဝင်းခိုင်၊ ဦးစိုးဝင်းနှင့် ရပ်ကျေးပါတီဥက္ကဋ္ဌ ဦးမောင်အေးတို့ လိုက်ပါကာ ဦးသောင်းမြင့်ကို အားပေးစကားပြောကြားခြင်း၊ စားသောက်ဖွယ် ပစ္စည်းများပေးအပ်ခြင်းစသည့်ပါတီဝင်အချင်းချင်း စည်းလုံးညီညာ ရိုင်းပင်းမှုများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။