images
UN
UN
အမရပူရမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးပါတီအဖွဲ့များနှင့်တွေ့ဆုံ
သုတ(မန္တလေး) Thursday, 13 June 2019
အမရပူရမြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ယမန်နေ့နံနက် ၉ နာရီက မြို့နယ် ပါတီရုံး၌ မှန်တန်းရပ်ကွက်၊ ရွှေ ဂွမ်းထုပ်ရပ်ကွက်၊ လေးစုရပ်ကွက် တို့ရှိ ရပ်/ကျေးပါတီအဖွဲ့များအား တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် အမရပူရ မြို့နယ် ပြည်ခိုင်ဖြိုးပါတီအတွင်း ရေးမှူး ဒေါ်စောမြိုင်နှင့် မြို့နယ် ပါတီကော်မတီဝင်များ၊ မှန်တန်း ရပ်ကွက်၊ ရွှေဂွမ်းထုပ်ရပ်ကွက်၊ လေးစုရပ်ကွက်တို့ရှိ ရပ်/ကျေး ပါတီအဖွဲ့များ တက်ရောက်ခဲ့ကြ ပြီး ပါတီဝင်အင်အားများ ကျစ် လျစ်ခိုင်မာရေးအတွက် ဆောင် ရွက်ရေး၊ ပြည်သူလူထု၏ အခက် အခဲများကို တတ်စွမ်းသည့်ဘက်မှ ကူညီဆောင်ရွက်ပေးရေး၊ ပြည်ခိုင် ဖြိုးပါတီအပါအဝင် နိုင်ငံရေးပါတီ (၂၁)ပါတီမှ နိုင်ငံတော်သမ္မတထံ ပေးပို့သော အိတ်ဖွင့်ပေးစာကိစ္စ၊ ပြည်ခိုင်ဖြိုးပါတီအပါအဝင်နိုင်ငံရေး ပါတီ(၂၆)ပါတီမှ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံပေးပို့ သော အိတ်ဖွင့်ပေးစာကိစ္စတို့အား ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။