images
UN
UN
မအူပင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ရေနွေးကြမ်းစကားဝိုင်းများပြုလုပ်
ဖြိုးမောင်ဇော်(မအူပင်) Thursday, 13 June 2019
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှကြီးမှူးလျက် ရေနွေးကြမ်း စကားဝိုင်းများကို ယမန်နေ့နှင့်ယနေ့တို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယမန်နေ့နံနက် ၁ဝနာရီက စစ်ချောင်း ကျေးရွာအုပ်စု ကွက်သစ်ရပ်ရှိဦးထွန်းရီနေအိမ် ၌လည်းကောင်း၊ မွန်းတည့် ၁၂ နာရီတွင် ကျွဲဂါတ်ကျေးရွာအုပ်စုရှိ ဒေါ်ခင်လှနေအိမ်၌ လည်းကောင်း၊ ယနေ့ နံနက် ၁ဝ နာရီခွဲက အင်းမကျေးရွာအုပ်စု တူးချောင်းကျေးရွာရှိ ဦးနိုင်ဝင်းနေအိမ်၌လည်းကောင်း၊ မွန်းတည့် ၁၂နာရီက ထန်းပင်ကွေ့အရှေ့ကျေးရွာအုပ်စုရှိ ဦးဌေးနေအိမ်၌လည်းကောင်း ရေနွေးကြမ်း စကားဝိုင်းများပြုလုပ်လျက် နိုင်ငံတော်၏ လက်ရှိအခြေအနေများနှင့်မိမိပါတီမှ ဆောင် ရွက်နေမှုအခြေအနေများကို ဆွေးနွေးခဲ့ ကြသည်။
အဆိုပါစကားဝိုင်းများသို့ မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစောသောင်းဒန်၊ အတွင်းရေးမှူး ဦးသန်းစိုး၊ မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်ကျေးပါတီ ဥက္ကဋ္ဌများ နှင့်ပါတီဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင် များ တက်ရောက်ခဲ့ကြသည်။