images
UN
UN
အမေရိကန်နှင့်ရုရှားကြားရှိ ဆက်ဆံရေးပိုမိုဆိုးရွားလာ
Thursday, 13 June 2019
ရုရှားသမ္မတပူတင်က အမေရိကန်နှင့် ရုရှားကြားရှိ ဆက်ဆံရေးအခြေအနေမှာ ပိုမိုဆိုးရွားလာသည့် လားရာသို့ရောက်ရှိ လျက်ရှိကြောင်း ပြောသည်။
အမေရိကန်ဘက်မှ ရုရှားအပေါ်အရေး ယူပိတ်ဆို့မှုအသစ်များ ဆက်လက်ချမှတ် နေခြင်းသည် အမေရိကန်နှင့်ရုရှားကြား၌ ပြေလည်မှုရရှိရေး မျှော်လင့်ချက်အား အလှမ်းကွာဝေးစေလျက်ရှိသည်။ ပူတင် က ''အမေရိကန်နဲ့ရုရှားကြားက ဆက်ဆံ ရေးအခြေအနေဟာ ကျဆင်းမှုတွေ ပိုများ လာသလို ဆိုးပြီးရင်း ပိုပိုဆိုးလာသလို လည်း ဖြစ်နေပါတယ်။ ရုရှားအပေါ် မလို အပ်ဘဲနဲ့ အရေးယူပိတ်ဆို့မှုတွေ ချမှတ်ခဲ့ တာဟာ အကျိုးဆက်ကြီးမားခဲ့တယ်လို့ ဆိုရပါလိမ့်မယ်''ဟု ပြောသည်။ ပူတင် သည် ဂျပန်နိုင်ငံ၌ ကျင်းပမည့် စက်မှု ထိပ်သီးနိုင်ငံ ၂ဝ အစည်းအဝေးပွဲတွင် အမေရိကန်သမ္မတနှင့်သီးသန့်တွေ့ဆုံဆွေး နွေးမှုမပြုလုပ်ရန်လည်း ဆုံးဖြတ်ခဲ့သည်။
NG(Ref; RT)