images
UN
UN
နျူကလီးယားလက်နက်များအသုံးပြုရန် ဆန္ဒမရှိဟု အီရန်ခေါင်းဆောင်ပြောကြား
Thursday, 13 June 2019
အီရန်ခေါင်းဆောင်အယာတိုလာခါမေနီက ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေးနှင့် တွေ့ ဆုံဆွေးနွေးရာတွင် အီရန်အနေအဖြင့် နျူကလီးယားလက်နက်များ ထုတ်လုပ်ရန် ကြိုး ပမ်းခြင်းမရှိသည့်အပြင် နျူကလီးယားလက်နက်များ ပိုင်ဆိုင်ထားခဲ့လျှင်လည်း သုံးစွဲ ရန် ဆန္ဒမရှိဟု ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြသည်။ ရှင်ဇိုအာ ဘေးသည် အီရန်နိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိခဲ့ပြီးနောက်တွင် အီရန်နိုင်ငံ၏ ထိပ်တန်းခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့သည်။ ရှင်ဇိုအာဘေးသည် အီရန်နှင့်အမေရိကန်ကြားတွင် ဆက်ဆံရေးဆိုးရွားမှုများ ဖြစ်ပေါ်လျက်ရှိသည့်အပြင် ပင်လယ်ကွေ့ဒေသ၌ မတည်ငြိမ်မှုများပါ တိုးပွားလာခြင်းကြောင့် အကျိုးဆက်ကြီးမား သောဖြစ်စဉ်များ ဖြစ်မလာစေရန်အတွက် အီရန်နိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်ကာ စေ့စပ်ညှိနှိုင်းမှုပြုလုပ်ခြင်းဖြစ်ဖွယ်ရှိနေသည်။ ထို့အပြင် အမေရိကန်သမ္မတဒေါ်နယ် ထရန့်၏ သဘောထားနှင့်လိုလားချက်များကို အီရန်ခေါင်းဆောင်များထံ သတင်းစကား ပါးခဲ့သည်ဆိုသော သုံးသပ်မှုများလည်း ပေါ်ထွက်ခဲ့သည်။ NG(Ref; Reuters)