images
UN
UN
မတူညီသည့်မှန်ဘီလူးသုံးခု တပ်ဆင်ထားသော ကင်မရာပါဝင်မည့် မိုဘိုင်းလ်ဖုန်းအား မိတ်ဆက်မည်
Thursday, 13 June 2019
Google ကုမ္ပဏီသည် ၄င်း၏မိုဘိုင်းလ်ဖုန်းထုတ်ကုန်များထဲတွင် အရည်အသွေးအမြင့်ဆုံးမော်ဒယ်အဖြစ် သတ်မှတ်ခံထားရသော Pixel စီးရီး၏ နောက်ဆုံးမော်ဒယ်အား မိတ်ဆက်ရန် ပြင်ဆင်လျက်ရှိပြီး ပုံရိပ် အချို့အား တရားဝင်ပြသခဲ့ရာတွင် မတူညီသည့်မှန်ဘီလူးသုံးခု တပ် ဆင်ထားသော ကင်မရာပါရှိလာကြောင်း နယူးယောက်တိုင်းမ်သတင်း ဌာနက ဖော်ပြသည်။
မိတ်ဆက်မည့်မိုဘိုင်းလ်ဖုန်းမော်ဒယ်သစ်အား Pixel 4 ဟု အမည် ပေးထားကာ Google ကုမ္ပဏီ၏ တရားဝင်ဆိုရှယ်မီဒီယာစာမျက်နှာ များမှတစ်ဆင့် မိုဘိုင်းလ်ဖုန်း၏ ပုံရိပ်များကို ပြသခဲ့ခြင်းဖြစ်သည်။ Google သည် ယခုနှစ်အတွင်း ဈေးကွက်တင်ဖွယ်ရှိသော iPhone မော်ဒယ်သစ်၌ မတူညီသည့်မှန်ဘီလူးများ တပ်ဆင်ထားသော ကင်မရာ စနစ်ပါဝင်ရန် သေချာနေသောကြောင့် Pixel 4 တွင် မတူညီသည့်မှန်ဘီလူး သုံးခု တပ်ဆင်ထားသောကင်မရာအား ထည့်သွင်းခဲ့ခြင်းဖြစ်ဖွယ်ရှိသည်။ မတူညီသည့်မှန်ဘီလူး သုံးခု တပ်ဆင်ထားခြင်းကြောင့် Pixel 4 တွင် ပါဝင်လာမည့်ကင်မရာသည် ပုံရိပ်များအားဖမ်းယူရာတွင် သဘာဝနှင့် အနီးစပ်ဆုံးအခြေအနေမျိုးဖြစ်စေရန် စွမ်းဆောင်နိုင်မည်ဖြစ်သည်။
NG(Ref; NY Times)