images
UN
UN
နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံပေးပို့သည့်အိတ်ဖွင့်ပေးစာ ရှင်းလင်း
အောင်အောင် Thursday, 13 June 2019
ပြည်ထောင်စုနယ်မြေ ဇမ္ဗူ သီရိမြို့နယ် ပြည်ခိုင်ဖြိုးရုံးအစည်း အဝေးခန်းမ၌ ယမန်နေ့ ညနေ ၆ နာရီတွင် မေ ၂၃ ရက်က ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌထံ နိုင်ငံရေးပါတီများက ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ အတွက် တွေ့ဆုံဆွေးနွေးခွင့်ပြုရန် ၂၆ ပါတီမှ လက်မှတ်ရေးထိုးပြီး ပေးပို့ထားခြင်းနှင့် မေ ၃ဝရက်က နိုင်ငံတော်သမ္မတထံ အဘက်ဘက် မှ ယိုယွင်းကျဆင်းလာနေသော နိုင်ငံတော်၏ အခြေအနေအရပ် ရပ်ကို ဝိုင်းဝန်းအဖြေရှာတည့်မတ် နိုင်ရေးအကြံပြုချက်များ ၂၄ပါတီ က လက်မှတ်ရေးထိုးပေးပို့ထား သည့် အိတ်ဖွင့်ပေးစာပါအကြောင်း အရာများကို နေပြည်တော်ခရိုင် ပါတီဥက္ကဋ္ဌ ဦးအောင်နိုင်ဦးက ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် နေပြည်တော်ခရိုင် ပါတီကော်မတီဝင် ဦးတင်ဦးနှင့် မြို့နယ်ပါတီဥက္ကဋ္ဌဦးဝင်းဌေးတို့က လက်ရှိဖြစ်ပေါ်နေသောနိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေးနှင့် ပါတီ အောင်နိုင်ရေးအကြောင်းအရာများ ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲကို ရပ်/ကျေးပါတီကော်မတီဝင်များ၊ ပါတီဝန်းရံသူများနှင့်လူမှုရေးအသင်း အဖွဲ့များဖြင့် အင်အား ၅ဝ ခန့် တက်ရောက်ခဲ့ကြကြောင်းသိရသည်။