images
UN
UN
ပဲခူးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးပါတီဆိုင်းဘုတ်တင်ပွဲများပြုလုပ်
တင်စိုး(ပဲခူး) Thursday, 13 June 2019
ပဲခူးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးဝင်းမြင့်အောင် ဦးဆောင် သော မြို့နယ်ပါတီကော်မတီဝင် များသည် ယနေ့ နံနက် ၉ နာရီခွဲက မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေး ရွာအချို့တွင် တာဝန်ရှိဒေသခံများ နှင့်အတူ ပြည်ခိုင်ဖြိုးပါတီဆိုင်း ဘုတ်တင်ပေးခြင်းများ ပြုလုပ်ခဲ့ပြီး ရပ်မိရပ်ဖများ၊ ရပ်ကွက်၊ ကျေးရွာ ပါတီဝင်များနှင့်တွေ့ဆုံပြီး ပါတီ၏ ရှေ့လုပ်ငန်းစဉ်များ၊ ၂ဝ၂ဝရွေး ကောက်ပွဲ ပါတီအောင်နိုင်ရေးကိစ္စ ရပ်များ၊ စစ်မှန်သောပါတီဝင် အင်အား တိုးမြှင့်ရရှိရေးအတွက် စည်းရုံးရေးဆိုင်ရာကိစ္စများအား တွေ့ဆုံဆွေးနွေးခြင်းများ ပြုလုပ် ခဲ့ကြသည်။
မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဝင်းမြင့် အောင်နှင့် မြို့နယ်ပါတီကော်မတီ ဝင်များသည် ပဲခူးမြို့နယ် ဘုရား ကြီးမြို့ အုပ်ချုပ်မှုနယ်မြေအတွင်းရှိ ပျဉ်ပုံကြီးကျေးရွာ၊ ဝမ်းဘဲအင်း ကျေးရွာနှင့် ဘုရားကလေးကျေးရွာ တို့တွင် ရပ်ကျေးပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်များအား သက်ဆိုင်ရာ ကျေးရွာပါတီဝင်များနှင့်အတူ စိုက် ထူခဲ့ကြောင်း သိရသည်။