images
UN
UN
မြန်မာတစ်နိုင်ငံလုံးရှိ သတင်းထောက်များ မီဒီယာသမားများကို မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၏ အသိအမှတ်ပြုလက်မှတ်များ စိစစ်ထုတ်ပေးရန်စီစဉ်လျက်ရှိ ဂျာနယ်လစ် Census ကောက်ယူပြီး Free Lance များအတွက်လည်းစီစဉ်ပေးမည်ဟုဆို
နေဂျူလိုင်ဝင်း Thursday, 13 June 2019
မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီကတစ်နိုင်ငံလုံးရှိသတင်း ထောက်များ၊သတင်းမီဒီယာသမား များကို Media အဖြစ်ထပ်ဆင့် အသိအမှတ်ပြုလက်မှတ် စိစစ် ထုတ်ပေးရန်စီစဉ်နေပြီး ပထမဦး ဆုံး ကနဦးတွင်ဂျာနယ်လစ် Census ကိုကောက်ယူမည်ဖြစ်ကြောင်း လစဉ်ပြုလုပ်နေကျ သတင်းစာ ရှင်းလင်းပွဲမှသိရသည်။
ယခင်ခေတ်ထက် ယခုခေတ် သည် သတင်းထောက်များ၊ မီဒီ ယာသမားများ ပိုမိုများပြားလာ၍ စိစစ်လိုက်ပါကအားလုံးအတွက် အကျိုးရှိလာမည်ဟု ယုံကြည် ကြောင်း မြန်မာနိုင်ငံသတင်းမီဒီ ယာကောင်စီဥက္ကဋ္ဌ ဟံသာဝတီ ဦးအုန်းကြိုင်က ပြောခဲ့သည်။
ဦးအုန်းကြိုင်က ''တစ်နိုင်ငံ လုံးက သတင်းဌာန၊ သတင်းစာ တိုက်၊ ဂျာနယ်တိုက်၊ သတင်းစာ အဖွဲ့အစည်းကလာမယ်။ သတင်း စာဆရာတွေက ငါရေးတဲ့သတင်း က ငါတာဝန်ယူမှု၊ တာဝန်ခံမှုရှိရ မယ်။ သတင်းအမှန်ရေးမှု၊အတင်း နဲ့အဖျင်း သတင်းမဖြစ်ဖို့ သတင်း တုမဖြစ်ဖို့လည်း အရေးကြီးပါ တယ်။ ငါ့သတင်းကို ငါတာဝန် ယူရမှာပဲ။ သတင်းထောက်တွေကို ခန့်ထားတဲ့ အယ်ဒီတာချုပ်တွေ လည်း တာဝန်ယူမှုလိုအပ်တာပဲ။ အဲဒါခိုင်မာမှတစ်ဖက်ဌာနက အသိ အမှတ်ပြုမှာ ဒါကိုခိုင်မာကြောင်း သက်သေပြရမှာ ဒီခေတ်မှာ ယခင် ခေတ်ထက် သတင်းထောက်တွေ ပိုပေါပါတယ်။ ဒါကို စိစစ်လိုက် ရင် အားလုံးအတွက် အကျိုးရှိပါ မယ်''ဟု ပြောခဲ့သည်။ သတင်း ထောက်များကလည်း အတွေး အခေါ်ရှိဖို့၊ ကိုယ်ရေးမယ့်သတင်း ကို ဝေဖန်ပိုင်းခြားစဉ်းစားပြီးမှ ရေးဖို့၊ အတုံးလိုက်၊ အတစ်လိုက် မထည့်ဖို့၊ သတင်းတွေက ပြည်သူ တွေရဲ့ဦးနှောက်ထဲကို အဆိပ်ခတ် သလိုဖြစ်နေတဲ့ သတင်း၊ အဖျင်း၊ သတင်းတုတွေမဖြစ်ဖို့ အရေးကြီး ပါတယ်''ဟုဝါရင့်သတင်းစာဆရာ တစ်ဦးကပြောခဲ့ခြင်းကိုသိရသည်။
ထိုသို့အသိအမှတ်ပြုလက်မှတ် ထုတ်ပေးရန် စီစဉ်လိုက်လျှင် 'သတင်းထောက်အတု'များ လျော့ ပါးသွားမည်ဖြစ်ပြီးသတင်းထောက် အစစ်များ ရှေ့တန်းရောက်လာ မည်ဖြစ်ပြီး ဌာနဆိုင်ရာများတွင် လည်း သတင်းယူရာ၌ လွယ်ကူ သွားမည်ဖြစ်သည်။ သက်ဆိုင်ရာ သတင်း/ဂျာနယ်၊ ဌာနများမှ ၄င်းတို့သတင်းထောက်များအတွက် ထုတ်ပေးသော အိုင်ဒီID ကတ် ပြားပေါ်တွင် ထပ်ဆင့်ထောက်ခံ ချက်ပေးခြင်းကို လုပ်ဆောင်ပေး မည်ဟု ကောင်စီဥက္ကဋ္ဌ ဦးအုန်း ကြိုင်က ပြောသည်။
''သတင်းစာတိုက်/ဂျာနယ် တိုက်က ခန့်ထားတဲ့မောင်ဖြူရဲ့ မှတ်ပုံတင်နံပါတ်၊ တိုက်နံပါတ် ဘယ်လောက်ဆိုတဲ့'အိုင်ဒီ'ကတ်ကို ကျွန်တော်တို့က ထပ်ဆင့်ထောက် ခံပေးမှာဖြစ်ပါတယ်''ဟု ဟံသာ ဝတီဦးအုန်းကြိုင်ကပြောခဲ့သည်။
ထိုကဲ့သို့ အသိအမှတ်ပြုလက် မှတ်ပါ ကတ်ပြားမထုတ်ခင် ဂျာနယ်လစ် Census ကောက်ယူ ခြင်းကို အရင်ဆောင်ရွက်မည်ဟု ကောင်စီအတွင်းရေးမှူးဦးကျော်စွာ မင်းကပြောသည်။ ဒီကတ်ပြား အကြောင်း မဏ္ဍိုင်လေးရပ်ဆွေး နွေးတဲ့အခါ ''ဂျာနယ်လစ် Census (သန်းခေါင်စာရင်း)လုပ်ပြီး လက်ရှိမြန်မာတစ်နိုင်ငံလုံး ဂျာနယ် လစ်ဘယ်နှဦးရှိနေလဲဆိုတာကို ကျွန်တော်တို့တိတိကျကျမပြောနိုင် သေးပါဘူး''ဟုဦးကျော်စွာမင်းက ဆက်လက်ပြောသည်။ ကောင်စီ ဝင် ဦးဇေယျာလှိုင်ကလည်း ''သတင်းစာဆရာတွေက သတင်း မီဒီယာဥပဒေကောင်စီကပြဋ္ဌာန်း ထားတဲ့ ကျင့်ဝတ်တွေကိုလိုက်နာ မှသာလျှင် သတင်းသမားလို့ Category (အမျိုးအစား/အတန်း အစား) ခွဲမယ်။ အဲဒီကျင့်ဝတ်ကို မလိုက်နာတဲ့အဖွဲ့အစည်းပါလို့ ကြေညာထားပြီးရင်တော့ အဲဒီအဖွဲ့ အစည်းထဲက ပုဂ္ဂိုလ်ကို အသိ အမှတ်မပြုပါဘူး''ဟု ဦးဇေယျာ လှိုင်က ပြောသည်။
မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီအသိအမှတ်ပြုလက်မှတ် စိစစ်ထုတ်ပေးရာတွင်Free Lance(အလွတ်တန်းသတင်းထောက်/ တစ်သီးပုဂ္ဂလ သတင်းသမား၊ မိမိ ကိုယ်ပိုင်သတင်းလုပ်ငန်းလုပ်ကိုင် သူ)များအတွက်ကိုလည်း (ID) ကတ်စီစဉ်ပေးသွားမည်ဟု သိရ သည်။ ယခုမကြာမီရက်အတွင်း သတင်းမီဒီယာကောင်စီက တစ် နိုင်ငံလုံးတွင်သတင်းစာ/ဂျာနယ်၊ သတင်းထောက်ဦးရေမည်မျှရှိနေ သည်ကို (သတင်းထောက်များ ဂျာနယ်လစ်များ)၏ သန်းခေါင်စာ ရင်းCensus ကို ကောက်ယူမည် ဖြစ်ကြောင်း သိရသည်။