images
UN
UN
ရီးရဲလ်မက်ဒရစ်၏ အပြောင်းအရွှေ့အသုံးစရိတ် ပေါင်သန်း ၃ဝဝကျော်အထိရှိလာ
Thursday, 13 June 2019
ရီးရဲလ်မက်ဒရစ်သည်လိုင်ယွန် နောက်ခံလူဖာလန်းမန်ဒီကို ခေါ် ယူခဲ့ပြီးနောက် ယခုအပြောင်းအရွှေ့ ကာလအတွက် အသုံးစရိတ်မှာ ပေါင် ၃၃၄ သန်းအထိရှိလာခဲ့ပြီ ဖြစ်သည်။ ဆန်းတို့စ်မှ ရိုဒရီဂိုအား ပေါင်သန်း ၄ဝ၊ ပေါ်တိုမှ မီလီတို အား ပေါင် ၄၃ သန်း၊ ဖရန့်ဖတ်မှ တိုက်စစ်မှူး လူကာဂျိုဗစ်အား ပေါင် ၆၂ သန်း၊ ချဲလ်ဆီးမှ ဟာဇက်အား ပေါင်သန်း ၁၅ဝ၊ လိုင်ယွန်မှ မန်ဒီအား ပေါင် ၄၉ သန်းသုံးစွဲကာ ယခုအပြောင်းအရွှေ့ ကာလတွင်ကစားသမားငါးဦးအထိ ရီးရဲလ်အသင်းခေါ်ယူထားသည်။
လူကာဂျိုဗစ်နှင့်ဟာဇက်တို့၏ မိတ်ဆက်ပွဲကို ယနေ့တွင် ပြုလုပ် ခဲ့ပြီးဖြစ်သည်။ ရီးရဲလ်မက်ဒရစ် နည်းပြ ဇီဒန်းသည် လာမည့်ရာသီ အတွက် ကြီးမားသည့်အပြောင်း အလဲပြုလုပ်ရန် ကစားသမားသစ် များ ခေါ်ယူအားဖြည့်နေခြင်းဖြစ် သည်။ ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌ ပီ ရက်ဇ်ကလည်း ကစားသမားသစ် များ ရောက်ရှိလာခြင်းအတွက် စိတ်လှုပ်ရှားမိသည်ဟု ပြောကြား ထားပြီး ထပ်မံရောက်ရှိလာနိုင် သည့်ကစားသမားများလည်း ရှိနေ သေးသည်ဟု ပြောကြားခဲ့သည်။
Ref ;Dailymail