images
UN
UN
ကလိန်အောင်မြို့နှမ်းကျဲကျေးရွာ၌ လူသတ်အလောင်းဖျောက်ဖျက်မှုဖြစ်ပွား
သန္တာမိုး Friday, 14 June 2019

တနင်္သာရီတိုင်းဒေသကြီးထား ဝယ်ခရိုင် ကလိန်အောင်မြို့ နှမ်းကျဲ ကျေးရွာ၌ ယမန်နေ့က လူသတ် အလောင်းဖျောက်ဖျက်မှုဖြစ်ပွားခဲ့ ကြောင်း သိရသည်။
ဖြစ်စဉ်မှာ သေဆုံးသူမင်းထွန်း (၂၇နှစ်)ကျပန်း ရငဲကျေးရွာနေသူ သည် စိုးဝင်း၊ ကျော်ဆန်းဝင်းတို့ နှင့် တောတွင်းတောလည်သွားစဉ် နှမ်းကျဲကျေးရွာဘူတာရုံတောင်နား လျှိုအောက်ရေချောင်းအတွင်းဆင်း စဉ် စိုးဝင်းကပါလာသော တူမီး သေနတ်ဖြင့်ပစ်သတ်ခဲ့ရာ ယာဘက် မျက်ခုံးဘေးနဖူးအား ထိမှန်၍ သေ ဆုံးခဲ့သည်။ ထို့ပြင် စိုးဝင်းက အလောင်းကို အစဖျောက်ဖျက်ရန် ပြောသဖြင့် ထိုရေချောင်းအနီးတွင် ကျင်းတူး၍ အတူမြှုပ်နှံခဲ့သည်။ထိုအချိန်၌ စိုးဝင်းက ကျော်ဆန်း ဝင်းအား မည်သူမှ မပြောရန်ပြော သဖြင့်မပြောဘဲနေခဲ့ရာ ယခုစိုးဝင်း မှာမူးယစ်ဆေးဝါးရောင်းဝယ်မှုဖြင့် ထောင်ထဲရောက်နေစဉ် သေဆုံး သူ၏မိခင်ဖြစ်သူ ဒေါ်လှအေးအား ဖြစ်စဉ်များကို ပြောပြခဲ့သည်။
ထို့ကြောင့် စိုးဝင်း(၅၃နှစ်) ဥယျာဉ်ခြံလုပ် ရငဲကျေးရွာနေသူ အား သေဆုံးသူ၏မိခင်ဒေါ်လှအေး ကတိုင်တန်းခဲ့သဖြင့် ကလိန်အောင် နယ်မြေရဲစခန်းမှ (ပ)၃ဝ/ ၂ဝ၁၉ ရာဇသတ်ကြီးပုဒ်မ-၃ဝ၂/၂ဝ၁ ဖြင့် အမှုဖွင့်လှစ်အရေးယူ ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။