images
UN
UN
အသေခံဗုံးခွဲမှုနှင့်ဆက်စပ်နေသည်ဟု ယူဆရသူများကို သီရိလင်္ကာထံ ဆော်ဒီ လွှဲပြောင်းပေး
Friday, 14 June 2019

ဧပြီ ၂၁ရက်တွင် သီရိလင်္ကာနိုင်ငံအတွင်း၌ ဖြစ်ပွားခဲ့သောအသေခံ ဗုံးခွဲတိုက်ခိုက်မှုနှင့်ဆက်စပ်နေသည်ဟု ယူဆထားသူ ငါးဦးအား ဆော်ဒီ နိုင်ငံက သီရိလင်္ကာနိုင်ငံထံ ပေးပို့ခဲ့ကြောင်း ဘီဘီစီသတင်းဌာနက ဖော်ပြသည်။
ဆော်ဒီနိုင်ငံက လွှဲပြောင်းပေးခဲ့သူများသည် သီရိလင်္ကာနိုင်ငံသား များဖြစ်ကြကာ ဆော်ဒီနိုင်ငံအတွင်း၌ အလုပ်လုပ်ကိုင်နေသည်ဟု အကြောင်းပြကာ နေထိုင်နေသူများလည်းဖြစ်သည်။ သီရိလင်္ကာရဲတပ်ဖွဲ့ သည် အသေခံဗုံးခွဲတိုက်ခိုက်မှုနှင့်ဆက်စပ်နေသူများကို စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာတွင် ဆော်ဒီနိုင်ငံမှ ပြန်လည်လွှဲပြောင်းပေးခဲ့သူများလည်း ပါဝင်ပတ်သက်မှုရှိနိုင်သည်ဟု တွေ့ရှိခဲ့ခြင်းဖြစ်သည်။ သံသယဖြစ်ဖွယ် အခြေအနေများ တွေ့ရှိခဲ့ပြီးနောက်တွင် ဆော်ဒီနိုင်ငံအတွင်းသို့ ရောက်ရှိ နေသူများကို လွှဲပြောင်းပေးရန် သီရိလင်္ကာအစိုးရက တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ သီရိလင်္ကာရဲတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ဆော်ဒီနိုင်ငံ က ပြန်လည်လွှဲပြောင်းပေးခဲ့သူ ငါးဦးသည် အကြမ်းဖက်အုပ်စုများတွင် ပါဝင်နေသူများဖြစ်သည်ဟု သံသယရှိထားကြောင်း ပြောသည်။ ဖြစ်ပွား ခဲ့သောအသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၂၅ဝ ကျော်အထိ ရှိခဲ့သည်။
NG(Ref; BBC)